အင်တာဗျူး၌ လူတိုင်းက စကားပြောခွင့်ရှိသည်။ သို့ပေသိ အားလုံးက ပင်ပန်းနေပြီဖြစ်ရာ ကျန်အသင်းသားတွေက ကျန်းရုန်ကိုနမူနာယူပြီး လိုရင်းတိုရှင်းသာ ပြောလာကြသည်။
Pineက မိုက်ကိုလက်ခံလိုက်ပြီး တိုတိုတုတ်တုတ် ပြောလာသည်။ "ငါတို့နိုင်သွားပြီ"
ရှောင်ပိုင်က Pine၏လက်ကိုထပ်ကိုင်လိုက်ကာ မိုက်ခ်အား သူ့ပါးစပ်နားဆွဲလိုက်ပြီး "အားလုံးပဲမင်္ဂလာပါ အခုစကားပြောနေတာက ကမ္ဘာ့နံပါတ်တစ် Sett Supportပါ...."
Pineက ပြောလာသည်။ "မိုက်ခ်ယူမယ်ဆိုလည်း သေချာကိုင်လေ။ လက်ကိုလာကိုင်မနေနဲ့"
ရှောင်ပိုင် : "ကပ်စေးနဲ"
ယွမ်ချန်က အောက်လမ်းသွားစုံတွဲဆီက မိုက်ခ်ကိုလုလိုက်ပြီး မျက်ရည်တွေသုတ်ရင်းဖြင့် ပြောလာသည်။ "ကျွန်တော်လည်း သူတို့လို ခပ်မိုက်မိုက်နဲ့ လိုရင်းတိုရှင်းပဲ ပြောချင်ပေမယ့်....ကျွန်တော့်မှာ ပြောစရာတွေ အများကြီးရှိနေတယ်။ မနှစ်က နှစ်ကုန်ခါနီးတုန်းက ကျွန်တော် မက်ဆေ့တွေရခဲ့တာ မနည်းဘူး။ သေချာပေါက် အများစုက ကျွန်တော့်ကို နှစ်သိမ့်ပေးနေတာ အားပေးနေတာတွေ ဆိုပေမယ့် လက်တစ်ဆုပ်စာ လူတွေကလည်း ပြောကြတယ် ဒီMetaနဲ့ ကျွန်တော်က မသင့်တော်တော့ဘူး အနားယူသင့်နေပြီဆိုပြီး....
"ဒီနေရာမှာ ကျွန်တော်ပြောပြချင်တာက ကျွန်တော် လုံးဝ အနားမယူသေးဘူး။ ကျွန်တော်က Supportပုံစံ ကစားသမားလည်း မဟုတ်ဘူး ကျွန်တော်က ဘက်စုံထူးချွန်သူပဲ။ နောက်ထပ်Metaတွေမှာလည်း ကျွန်တော်က ဝင်ဆံ့နေဦးမှာ ၊ ကျွန်တော့်ခန္ဓါကိုယ်က ဒဏ်မခံနိုင်တော့မှသာ.....ပြီးတော့ ကျွန်တော့်အသင်းသားတွေ ၊ အသင်းရဲ့ဝန်ထမ်းတွေ ၊ ကျွန်တော့်သူဌေး ၊ မိဘနှစ်ပါး ၊ ပရိသတ်တွေ....ကျွန်တော့်မိန်းမရော အားလုံးကို ကျေးဇူးတင်ပါတယ်။ မင်းတို့အားလုံးကိုချစ်တယ်။ မိန်းမ မင်းကိုလည်းချစ်တယ်"
ကင်မရာက ယွမ်ချန်၏ချစ်သူ ယိုးယိုးအား အနီးကပ် ရိုက်ကူးပြလာသည်။
CZYTASZ
||Complete|| I Can Do It [MM Translation]
Romansတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~