အပိုင်း(၁၂၉)
'အမှိုက်'
Livestreamထဲရှိ ကြည့်ရှုသူတိုင်းက ပေါ်ထွက်လာသည့် Leblanc၏ရုပ်ပုံကို မြင်သည်နှင့် အကြီးအကျယ် အားတက်သွားကြသည်။
“Leblanc! နွေဦးရာသီအစကနေ အခုအချိန်အထိ ဒေတာတွေအရ Softရဲ့ Leblanc အနိုင်ရနှုန်းက--” ရှင်းလင်းတင်ဆက်သူက ခဏရပ်လိုက်ပြီးမှ ထိထိမိမိ ဟန်အပြည့်နှင့် ဆိုလာလေသည်။ “၁၀၀%အပြည့်ပါ”
ရှင်းလင်းတင်ဆက်သူBက ခေါင်းငြိမ့်လိုက်ပြီး “အမှန်ပဲ! အနိုင်ရနှုန်း ဒီလောက်မြင့်နေရတဲ့ အကြောင်းရင်းက ရာသီအလယ်လောက်လည်းရောက်ရော သူတို့ပြိုင်ဘက်တွေက Leblancကို တောင်လျှောက် Banထားတာကြောင့် ဆိုပေမယ့် ဒါကလည်း Softရဲ့Leblancက ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ခု အပါအဝင်ဆိုတာ သက်သေပြနေတာပါပဲ!”
ပွဲထဲရှိပရိသတ်တွေက အော်ဟစ်အားပေးနေကြချိန် Livestreamထဲရှိ Barrageထဲမှာတော့ ‘666’တွေ ဝိုင်းမန့်နေကြသလို ကိုရီးယားရှင်းလင်းတင်ဆက်သူတွေက သတိကြီးကြီးထားပြီး Leblancကို Banလိုက်သင့်ကြောင်း ဝေဖန်နေကြသည်။
တစ်ဖက်ရှိ TTC၏Voice Chatထဲမှာတော့--
လုပေါ်ယွမ်က Kindredကိုယူထားပြီး ယွမ်ချန်က Kennenကို ရထားသည့်နောက် တင်းကောက ပြောလာသည်။ “ရှေ့တန်းသမားလိုနေသေးတယ်။ နည်းနည်း ပိုတည်ငြိမ်သွားအောင် Tankထဲကရွေးရအောင်။ ရှောင်ပိုင် အဆင်ပြေလား?”
“ယူလိုက်” ရှောင်ပိုင်က အသံကိုသြလိုက်ပြီး ပြောလာ၏။ “ဘယ်ချန်ပီယံပေးပေး အမြဲတမ်း Carryပေးနိုင်တယ်”
တင်းမာနေသည့်လေထုက ရှောင်ပိုင်တစ်ယောက် ပါးစပ်အဟမှာ ကြေမွသွားလေပြီး အားလုံးက အော်ရယ်လာကြလေသည်။
ကျန်းရုန်က မျက်မှောင်ကျုံ့သွားလျက် “ကျွမ့်ရိပိုင် မင်းက copy catလား?”
ရှောင်ပိုင်က ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် “ဟုတ်ပါတယ်ဗျ~ မွ မွ”
ကျန်းရုန်က မျက်နှာသေနှင့်သာ။ “ဒါဆို Sonaနဲ့ မင်းCarryပေးတာကို ကြည့်ရအောင်”
Sonaဆိုသည်က Glass Cannon ညှို့ယူဆွဲဆောင်သူ Supportဖြစ်ကာ လက်ရှိMeta၌ ဘေးထွက်နေရသည့် ချန်ပီယံ ဖြစ်သည်။ သူမက မသန်မာပေမယ့် မိန်းကလေး ကစားသမားအများအပြားက သူမကို သဘောကျကြပြီး နောက်တစ်မျိုးအဖြစ် အရပ်သုံးစကားအခေါ်အဝေါ် 36Eဟု လူသိများပေသည်။
(T/N : 36E – Bra size အကိတ်ကြီး)
“မဖြစ်ဘူး” ရှောင်ပိုင်က အတည်ပေါက်ကြီး ပြောချလာသည်။ “ငါကတော့ ကိစ္စမရှိပါဘူး ဒါပေမယ့် သိတဲ့အတိုင်း အဓိကပြဿနာက ငါ့မိသားစုက Pineပဲ။ ရင်နှစ်မွှာကိုများ အတိုင်းသား မြင်လိုက်ရရင် သူက မေ့လဲရောလေ”
ကျန်းရုန် : “…………….”
ယွမ်ချန် : “ဟားဟားဟားဟား သေစမ်း”
Pine : “ဒီတစ်ပွဲ ကျွန်တော် Soloသွားမယ်”
လုပေါ်ယွမ်က Runeတွေကို ထိန်းညှိလိုက်ပြီး “တကယ်မေ့လဲတာလား?”
Pine : “…..မဟုတ်ပါဘူး”
“သူမေ့လဲလား မလဲဘူးလားတော့ မသိဘူး လောင်ကျစ်ကတော့ စင်ပေါ်မှာ မေ့လဲတော့မယ်ကွ” တင်းကောတစ်ယောက် သည်းမခံနိုင်တော့ပေ။ “လုပ် မြန်မြန်ရွေး!!!”
အသင်းနှစ်သင်းလုံး၏ ချန်ပီယံတွေက အတည်ပြုသွားချေပြီ။ TTC၏ ဖွဲ့စည်းပုံက Kennen Kindred Leblanc Kalista Nautilus ။
HT၏ ဖွဲ့စည်းထားပုံကတော့ Jax Jarvan IV Malzahar Jhin Leona ။
ရှင်းလင်းတင်ဆက်သူA : “HTက အလယ်လမ်းချန်ပီယံကို သူတို့ဘက်ကမရွေးခင် TTCကို အရင်ရွေးစေချင်တာ အသိသာကြီးပါ။ Malzaharရဲ့ Passive skillက အဓိကShieldကို အသုံးပြုနိုင်စေပြီး ဒီချန်ပီယံက Suppressရော Silenceရော ရှိပါတယ်ဗျ။ တကယ်တော့ Malzaharမှာ Leblancကို ချုပ်ချယ်နိုင်တာတွေ အများကြီးရှိတယ်။ ကြည့်ရတာ Softတော့ လမ်းထဲမှာ သတ်ဖို့ မလွယ်မယ့်ပုံပဲ”
ရှင်းလင်းတင်ဆက်သူBက ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။ ခဏအကြာမှ တစ်ခုခုမှားနေကြောင်း သဘောပေါက်တော့၏။ “…..သတ်ဖို့မလွယ်ဘူး?”
ဒီရက်ပိုင်းအတွင်း ကျန်းရုန်၏ဂိမ်းတွေအပေါ် အလွန်အမင်း စူးစမ်းမိထားသည့် ရှင်းလင်းတင်ဆက်သူAမှာ ချောင်းအသာဟမ့်လိုက်ရသည်။ “လျှာခလုတ်တိုက်သွားတာပါ။ အားနာပါတယ်ဗျ။ Laneဖို့မလွယ်လောက်ဘူး ပြောတာပါ”
“စကားမစပ်…..ဒီနေ့ မနက်၃နာရီ ၂၇မိနစ်မှာ Softက Livestreamထဲမှာ သူပေးထားတဲ့ကတိကို တည်လိုက်ပါပြီ။ Challenger tierမှာ LP 1587ပွိုင့်နဲ့ အောင်အောင်မြင်မြင်ပဲ ကိုရီးယားဆာဗာရဲ့ထိပ်ဆုံးကို တက်သွားနိုင်ပြီး လက်ရှိအတွက် နံပါတ်တစ် ကစားသမား ဖြစ်လာပါတယ်” ရှင်းလင်းတင်ဆက်သူCက အပြုံးတစ်ခုဖြင့် သူ့သတင်းကောင်းကို အဆုံးသတ်လိုက်၏။ ပြီးနောက် သူက ဆက်ပြောလာသည်။ “ဒီနေ့ Softရဲ့ ဒုတိယအကြိမ်မြောက် ထိပ်ဆုံးတက်တာကို စောင့်စားကြရအောင်ပါ! LoLရဲ့ MSIနောက်ဆုံးဗိုလ်လုပွဲစဥ်ရဲ့ ပထမဆုံးပြိုင်ပွဲက မကြာခင်မှာ စတင်တော့မှာ ဖြစ်ပါတယ်!”
ရှင်းလင်းတင်ဆက်သူ ပြောပြီးပြီးချင်းမှာပဲ နည်းပြနှစ်ယောက်က လက်ဆွဲနှုတ်ဆက်ကာ စင်ပေါ်မှ ဆင်းသွားကြသည်။ ရှုပ်ယှက်ခတ်နေသည့် မီးရောင်တွေကြားတွင် ကင်မရာက ကစားသမား တစ်ယောက်ချင်းစီကို အနီးကပ် ရိုက်ကူးပြလာသည်။ စခရင်ကြီးပေါ်၌ ဂိမ်းစာမျက်နှာက ထွက်ပေါ်လာပြီး ချန်ပီယံဆယ်ခုက အလိုလို Summoner’s Riftတွင် ပေါ်ထွက်လာကာ အခြေစိုက်စခန်းတွင် ပေါ်ထွက်လာမှုကြောင့် ဖြစ်ပွားလာသည့် ဂိမ်းထဲမှအသံတို့က အဖော်ပြုလျက်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~