(Unicode)
".....Roadကရက်ရောတာပဲ"
လက်ကောက်ဝတ်အား လှည့်လိုက်ကာ လုပေါ်ယွမ် ထိုLivestreamထဲမှ ထွက်ရန်ပြင်လိုက်ချိန် သူ့ဖုန်းက အသံမြည်လာခဲ့သည်။
တင်းကောက ချက်ချင်းမေးလာသည်။
"Softရဲ့Livestreamကို မင်းကဘာသွားလုပ်တာလဲ?!"လုပေါ်ယွမ်က မျက်မှောင်ကျုံ့သွားပြီး Streaming interface၏ အပေါ်ဘက်ထောင့်စွန်းကို လှမ်းကြည့်လိုက်သည်။
မြင်လိုက်ရသည်ကတော့ အသုံးပြုသူ၏ loginဧရိယာတစ်ဝိုက်တွင် ထင်းထင်းလင်းလင်းကြီး တောက်ပနေသည့် TTC°Road ဟူသောစာလုံးများပင်။
လုပေါ်ယွမ်က ခဏလောက်တိတ်ဆိတ်သွားသော်လည်း ရိုးရိုးရှင်းရှင်းသာ ရှင်းပြလာသည်။
"အကောင့်ပြောင်းဖို့မေ့သွားလို့"
"ပုံမှန်ဆို အဓိကအကောင့်ဆီမဝင်ဖို့ ငါပြောထားတယ်လေ။ ဒီရက်ထဲလည်း မင်းမှာ Livestreamလွှင့်စရာဖြင့်မရှိပဲ....နေပါဦး အခုချိန်မှာ အဲ့တာကအရေးကြီးလို့လား!!"
တင်းကောကဆက်ပြောသည်။
"အခု မားကတ်တင်းအကောင့်တွေက Weiboမှာပိုစ့်တွေတင်ပြီး ပတ်မွှေနေပြီ!"
လုပေါ်ယွမ်ကပြောသည်။
"ဘာမွှေစရာရှိလို့လဲ? ကျွန်တော်က Livestream သွားကြည့်ရုံပဲလေ""ဒါပဲပေါ့? အရင်တုန်းက ဘယ်သူ့ရဲ့Livestreamကိုများ မင်းကကြည့်ဖူးလို့လဲ? မင်းအသင်းသားတွေရဲ့ livestream roomတွေကိုတောင် မဝင်ဖူးပဲနဲ့"
တင်းကောက ခဏရပ်သွားပြီး ရှိစုမဲ့စုအားအင်တွေကို စုစည်းလိုက်ပြီးမှ ဆက်ပြောလာသည်။
"ပြီးတော့....Softကလည်း မနေ့ညကဆီမီးဖိုင်နယ်ပွဲကို ရှင်းလင်းတင်ဆက်ဖို့ Livestreamလွှင့်ခဲ့တယ်ကွာ"
မနေ့ညက သူ့အသင်းသားတွေ၏ အိပ်ပျော်လျက်လမ်းလျှောက်နေသလို ဂိမ်းကစားပုံတွေအား ပြန်သတိရလိုက်ပြီးနောက် တင်းကော၏ဆိုလိုရင်းကို လုပေါ်ယွမ် သဘောပေါက်သွားတော့သည်။ Softဘက်က ရှင်းလင်းတင်ဆက်သည်ဆိုကတည်းက စကားကောင်းတွေ ပြောမည့်ပုံတော့မပေါ်ချေ။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~