(Unicode)
PUD၏ADCက ရယ်လျက် သူတို့အသင်း၏ Voice chatထဲတွင် ပြောလာသည်။
“နားကြပ်တပ်ထားတာတောင် ပရိသတ်တွေရဲ့အော်သံကို ကြားနေရတုန်းပဲ”
“အတည်ပြောတာ ငါတောင်ထအော်ချင်နေပြီ”
XIUက ဖက်လှဲတကင်း ဝင်ခနဲ့သည်။
“ဒီနေ့ငါ့မွေးနေ့လေကွာ တမင်သက်သက် Lee Sinကိုလွှတ်ပေးပြီး ငါ့ကိုအနိုင်ကျင့်ခိုင်းရလား”
Savior : “နည်းပြပြောတာ အသင်းဖွဲ့စည်းပုံကို လေ့ကျင့်တာတဲ့”
“သူကအဲ့လောက်ကြီးကျွမ်းနေတာမဟုတ်ဘူး”
PUD၏နည်းပြက ကိုရီးယားလူမျိုးဖြစ်ပြီး သူတို့၏နောက်တွင် ရပ်နေပေသည်။
“ငါတို့ကိုရီးယားမှာဆို လူတိုင်းဒီChampကို ကစားတတ်တယ်။ အချို့ဆို Roadနဲ့လယ်ဗယ်တူလောက်ပဲ။ ကမ္ဘာ့ဖလားပွဲစဥ်ရောက်ရင် ပြိုင်ပွဲတိုင်း Lee SinကိုBanဖို့က မဖြစ်နိုင်လောက်ဘူး။ အဲ့တော့ ငါတို့စမ်းကြည့်ပြီး ကျော်လွှားရမယ်။ ပြီးတော့ မလွှဲသာလို့ရှုံးသွားတောင် ကိစ္စမရှိဘူး”
ဒီပြိုင်ပွဲက သာမန်ရာသီပြိုင်ပွဲဆိုသည့် အချက်ကိုဖယ်ထားလျှင်ပင် သူတို့အနေနှင့် Playoffsဆီ ဝင်နိုင်ဖို့ကလည်း သေချာနေပြီးသားဖြစ်သည်။
ဒီပွဲကိုတကယ်ကြီးရှုံးသွားလျှင်ပင် ပြိုင်ပွဲက BO3ပုံစံဖြစ်သည့်အတွက် နောက်တစ်ပွဲတွင် အခွင့်အရေးကျန်သေးသည်။
ရှင်းလင်းတင်ဆက်သူနှစ်ယောက်မှာလည်း အံ့အားသင့်နေသည့် အခြေအနေမှ ရုန်းမထွက်နိုင်ကြသေးပေ။
သူတို့နှင့်မတူညီစွာ Barrageထဲမှာတော့-
[Free win TTCကိုဂုဏ်ပြုပါတယ်]
[TTCကိုဂုဏ်ပြုပါတယ်]
[TTCကိုဂုဏ်ပြုပါတယ်]
[TTCကိုဂုဏ်ပြုပါတယ်]
[Lee Sinကိုလွှတ်ပေးရုံပဲလေ အကျယ်ချဲ့စရာလိုလို့လား? မင်းတို့လုပ်နေပုံက Lee Sinနဲ့ဆိုရင် TTCသေချာပေါက်နိုင်မှာလိုပဲ]
[Fun fact : လွန်ခဲ့တဲ့တစ်နှစ်ကရော မနှစ်ကရာသီပွဲမှာရော Roadရဲ့Lee Sinက အနိုင်ရနှုန်း100%ရှိတယ်]
[တကယ်တော့ ဒီChampကို တောက်လျှောက်Banကြတာ။ ဒီတစ်ကြိမ်ပါအပါမှ Road Lee Sinနဲ့ကစားရတာ လေးငါးခြောက်ကြိမ်လောက်ပဲ…..]
[ပရိသတ်တွေလည်း သူ့ကိုဝိုင်းမြှောက်နေတာတော်ပေတော့ တကယ်လို့ရှုံးသွားမှ ရှက်စရာကြီးဖြစ်နေမယ်]
[အခြားဘာမှမပြောတော့ဘူး TTCကိုဂုဏ်ပြုပါတယ်]
ဒီတစ်ပွဲအတွက် ယွမ်ချန်က ပထမဆုံး Pickရမည့်သူဖြစ်သည်။ Banသည့်စာရင်းကို တွေ့လိုက်ရချိန်မှာတော့ သူလည်းနားမလည်နိုင်ဖြစ်သွားသည်။
“PUDကဘာတွေလုပ်နေတာလဲ?”
ရှောင်ပိုင်က ဒေါသတကြီးနှင့် မီးလောင်ရာလေပင့်လိုက်သည်။
“ကျွန်တော်ပြောပြမယ် Lee Sinကိုလွှတ်ပေးတယ်ဆိုတာက ကျွန်တော့်ကောကို အထင်သေးတာနဲ့ အတူတူပဲ”
ရှားရှားပါးပါးအနေဖြင့် ကျန်းရုန် ဒီတစ်ကြိမ်တော့ ရှောင်ပိုင်၏စကားကို သဘောတူလိုက်သည်။
သူသည်လည်း နည်းပြတစ်ယောက်ဖြစ်သည်မို့ တင်းကောက အခြားလူ၏စိတ်ကူးကို သဘောပေါက်လိုက်ပြီး မရည်ရွယ်ဘဲ ရယ်မိသွားသည်။
“သူတို့က ပြိုင်ပွဲကို လေ့ကျင့်ရေးပွဲလို သဘောထားနေတာလား?”
Pine : “ဘယ်လိုပဲဖြစ်ဖြစ် Playoffsဆီဝင်ဖို့ကလည်း သေချာသွားပြီဆိုတော့ ကစားချင်သလိုကစားနေတာဖြစ်မယ်”
“ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်မလဲ?”
ယွမ်ချန်က ကြံရာမရဖြစ်နေတော့သည်။
“Lee Sinကိုယူမှာလား? ဒါပေမယ့် ခေါင်းဆောင်ကို ပစ်မှတ်ထားတဲ့ ဗျူဟာအသစ် သူတို့မှာရှိနေရင် ဘယ်လိုလုပ်မလဲ…..”
တင်းကောက လုပေါ်ယွမ်ကို ကြည့်လိုက်ပြီး
“သူ့ကိုမေးကြည့်”
လုပေါ်ယွမ် : “ယူလိုက်”
သူ့မျက်နှာအမူအရာက တည်ငြိမ်နေဆဲ။ သူ၏ကိုယ်စားပြုChampက လွတ်မြောက်လာသည့်အတွက် ပျော်ရွှင်နေပုံလည်း တစ်စက်မှမပေါ်ချေ။ သူက Runesတွေကိုပြင်ဆင်ရင်း ပြောလာသည်။
“ဒီတိုင်းအပျော်ပေါ့”
ယွမ်ချန်က ချက်ချင်း Lee Sinကို သော့ခတ်လိုက်သည်။
ထို့နောက်မှာတော့ အခြားသူတွေ ဘာရွေးသည်ဆိုတာ အရေးမကြီးတော့ချေ။ ရှင်းလင်းတင်ဆက်သူတွေဟာလည်း လုပေါ်ယွမ်၏Lee Sinအကြောင်းကိုသာ ထပ်တလဲလဲ အသားပေး ပြောနေကြလေသည်။
PUD၏အသင်းဖွဲ့စည်းပုံတစ်ခုလုံး မပေါ်ထွက်လာခင်အထိ။
ရှင်းလင်းတင်ဆက်သူA : “Jungleအတွက် Kha’Zix, Midအတွက်က Azir, Supportအတွက်က Alistar……အကျိုးအကြောင်းနဲ့တကွ ပြောရမယ်ဆို ဒီChampသုံးခုက Lee Sinကို ထိန်းချုပ်တဲ့နေရာမှာ အရမ်းအစွမ်းထက်တယ်ဗျ”
“အမှန်ပဲ။ Alistarရဲ့Knockupနဲ့ Azirရဲ့ultနှစ်ခုလုံးက Lee Sinရဲ့dashကို တားဆီးနိုင်တယ်ဗျ။ Kha’Zixကလည်း အတော်လေးဖျတ်လတ်တဲ့ကောင်ဆိုတော့ တိုက်ခိုက်မှုတွေကို ရှောင်တိမ်းနိုင်စွမ်းမြင့်တယ်”
ရှင်းလင်းတင်ဆက်သူBက ခဏရပ်လိုက်ပြီးမှ ဆက်ပြောလာခဲ့သည်။
“ဒါပေမယ့် သူတို့တွေ Lee Sinကို ထိန်းချုပ်နိုင်မလား မထိန်းချုပ်နိုင်ဘူးလားဆိုတာကို ဂိမ်းစတော့မှ သေချာသိရမှာပါ”
ထို့နောက် ဂိမ်းက တရားဝင်စတင်လေသည်။
လုပေါ်ယွမ်က သူ့ကိုယ်ပိုင်ကမ္ဘာ့ချန်ပီယံရှစ်Skinကို ဝတ်ထားလျက် Baseဆီမှ ထွက်ခွာလာသည်။
ထုတ်လွှင့်မှုဒါရိုက်တာသည်လည်း အမျှော်အမြင်ကြီးသဖြင့် Lee Sinကို ရှုထောင့်အမျိုးမျိုးမှ ထပ်ခါထပ်ခါ ပြောင်းလဲပြသနေသည်။
ချက်ချင်းဆိုသလို ရှင်းလင်းတင်ဆက်သူAက စကားဆိုလာသည်။
“နတ်ဘုရားလုရဲ့ ဒီChampကိုကိုင်တွယ်ပုံကအစ ထိပ်တန်းအဆင့်ပဲဗျာ။ သူ့ရဲ့အသေးစားလှုပ်ရှားမှုတွေကလည်း မယုံနိုင်လောက်အောင်ပါပဲ……သူ့ဆီကနေသင်ယူသင့်တယ်။ လူတိုင်းသူ့ဆီကနေသင်ယူသင့်ပါတယ်ဗျာ”
ရှင်းလင်းတင်ဆက်သူBက သဘောတကျ ခေါင်းငြိမ့်လိုက်သည်။
“သူ့ရဲ့လမ်းလျှောက်ပုံကအစ အခြားLee Sinတွေထက် ထူးခြားနေတာမျိုး”
ရှင်းလင်းတင်ဆက်သူဆိုသည့်အမျိုးကလည်း တွေ့သမျှကို ချီးကျူးတတ်သူများသာ။
ထုတ်လွှင့်မှုတွင် ကစားသမားတွေ၏POVအား ကြည့်ရှုနိုင်သည်။ ပြိုင်ပွဲတစ်ပွဲချင်းစီတွင် အသင်းတစ်သင်းစီမှ ကစားသမားတစ်ယောက်တည်း၏ POVကိုသာ ပရိသတ်တွေအတွက် ရွေးချယ်ပြသပေးမည်ဖြစ်သည်။
ဒီပွဲစဥ်၌ TTC၏POVက သဘာဝကျကျပင် Roadဆီသို့ ပေးထားသည်။
ဂိမ်းစတင်သည်နှင့် POVပြသနေသည့် Livestreamအောက်ရှိ Barrageထဲတွင်ရှိနေသောလူတစ်စုမှာ ကမန်းကတန်း ပေါက်ကွဲသွားကြသည်။
[ဆယ်နှစ်လောက်တောင်ရှိတော့မယ်! Roadရဲ့Lee Sinလေး TAT!!]
[ဒရမ်မာအရမ်းမခင်းကြစမ်းပါနဲ့ဟာ ဟိုနေ့ကတင် Softနဲ့သူDuoတုန်းက Lee Sinကိုင်သေးတယ်လေ]
[Softရဲ့ပရိသတ်တွေ ငါ့ယောကျာ်းဆီ တစ်ချိန်လုံး လိုက်မကပ်တွယ်နေလို့ မရဘူးလား?!]
[ဟိုလိုလုပ် ဒီလိုလုပ်ဖို့ မင်းပြောရမယ့်ကိစ္စမဟုတ်ဘူး။ မင်းကိုယ်မင်းဘာကောင်ထင်နေလို့လဲ? မင်းရဲ့ယောကျာ်းက ငါ့သားအခန်းဆီလာပြီး ညသန်းခေါင်ယံ နှစ်နာရီလောက်ကြီး ကင်းလှည့်သေးတယ်နော် မင်းသိပြီးပြီလား??]
[ငါကတော့ သူ့လိုမဟုတ်ဘူးနော်။ ငါ့ယောကျာ်းနဲ့Softကို shipနေတာတောင်ကြာပြီ]
[နေပါဦး တစ်ခုခုလွဲနေတာ ဘယ်သူမှသတိမထားမိဘူးလား? နတ်ဘုရားလုရဲ့POVကိုကြည့်ကြည့်ကြ….]
[Hahahahahaha နတ်ဘုရားလုက ဘာလို့Mid Laneကိုပဲ ဆက်တိုက်ကြည့်နေတာလဲ??]
[ငါရောက်ခါစကဆို ဒါကို Softရဲ့POVလို့ထင်နေတာ]
ကစားသမားအများစုက Junglerမှာ ကိုင်တွယ်ရအခက်ခဲဆုံးRoleဟု လက်ခံထားကြသည်။ ဒီRoleကို သေချာကိုင်တွယ်နိုင်ရန်အတွက် လက်ရည်ကောင်းကောင်း လိုရုံသာမက အရာရာကိုလည်း သတိပြုတတ်ရသေးသည်။
Junglerတစ်ယောက်က ရန်သူတွေဘက်က ဘယ်တောကောင်ကိုရှင်းလင်းနေလဲ၊ နောက်တစ်ဖြတ်မှာ ဘယ်Laneကgankခံရမလဲ စသဖြင့် ကြိုတင်ခန့်မှန်းနေရသည်။ သို့မှသာ သူတို့အနေနှင့် ထိုLaneကိုသွားကာ ကြိုစောင့်နေနိုင်ပြီး ပြန်လည်တိုက်ခိုက်နိုင်မှာ ဖြစ်သည်။ Junglerတွေက သူတို့အသင်းဖော်တွေ၏Laneတွေကိုလည်း ဆက်တိုက် သတိပြုနေရပြီး သို့မှသာ ကူညီသင့်ကူညီနိုင်ပြီး တစ်ခဏအတွင်း gankနိုင်မည်ပင်။
လုပေါ်ယွမ်၏ကင်မရာက Mid Laneဆီ ပြောင်းသွားပြန်သည်။ ထိုအချိန်၌ ကျန်းရုန်က Saviorနှင့်တိုက်ခိုက်နေကာ Savior၏သွေးဘားတန်းအား အောင်အောင်မြင်မြင်ပင် လျှော့ချလိုက်နိုင်သည်။ အကျိုးအမြတ်ရသွားပြီးနောက် TTCအသင်း၏တံဆိပ်ကို ထောင်ပြခဲ့ရန်လည်း ကျန်းရုန်က မမေ့ပါချေ။
[စက္ကန့်နှစ်ဆယ်မတိုင်ခင်က Softကနေပါတယ်။ စက္ကန့်နှစ်ဆယ်အကြာမှာတော့ Softကသူ့အသင်းတံဆိပ်ကိုထောင်ပြလိုက်ပါတယ်ခင်ဗျ]
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~