PBye (2)

3K 477 9
                                    

ဘလိုင်းဒိတ်အတွက် ပါတနာ​​ကောင်မ​လေးက အသက်နှစ်ဆယ်ပြည့်ကာစဖြစ်ပြီး လက်ရှိတွင် ရှန်ဟိုင်း၌ ​တက္ကသိုလ်လာတက်​နေသူ။
 
​အသက်နှစ်ဆယ်ပဲရှိ​သေးသည့် ​​ကောင်မ​လေးကို သူ့မိဘ​တွေက အတင်းဘလိုင်းဒိတ်ခိုင်း​နေသည့် အ​ကြောင်းရင်းကို ​ရှောင်ပိုင် လုံးဝ နားမလည်နိုင်ပါ​ချေ။ ​သေချာ​ပေါက် ​သူ့မာမား​​ပြောတဲ့စကားက​တော့ ​သူငယ်ချင်းရှာယုံပါတဲ့။
 
​ကောင်မ​လေးက ကျစ်ဆံမြီးကျစ်ထားပြီး အဖြူ​ရောင်နှင်းကာသားအ​နွေးထည်နှင့် အဖြူပန်း​ရောင်စပ် အတွန့်အတွန့်​တွေပါသည့် ​ကျောင်းဝတ်စုံပုံစံစကတ်ကို ဝတ်ထားသည်။ ဒီအဝတ်အစား​တွေက ကျန်းရုန် Crossdressလုပ်သည့် Livestreamတုန်းက ပုံစံမျိုး​တွေမှန်း ​ရှောင်ပိုင် သတိရလိုက်၏။
 
​ကောင်မ​လေးကလည်း သူ့ကို အထက်​အောက်စုံဆန်ကြည့်လာသည်။
 
သူက ဓါတ်ပုံထဲကနှင့် ဘာမှမကွာသလို အပြင်မှာ ပိုပိန်သည်။ အမှန်အတိုင်း​ပြောရရင် ​ရှောင်ပိုင့်ခန္ဓါကိုယ်က ဝသည်ဟုဆိုလို့မရ။ သူ့မျက်နှာက နည်းနည်း ပြည့်​နေရုံသာဖြစ်ပြီး အသားအရည်ကလည်း ဖြူ​ဖွေး​နေသူမို့ ‘​ပြည့်​ဖောင်း’​နေသလို အထင်အမြင်ကို ခံစားရ​စေရုံသာ။
 
​ရှောင်ပိုင်က စက္ကန့်အ​တော်ကြာ ​ကောင်မ​လေး၏​ခြေ​ထောက်ကို ငုံ့ကြည့်​နေသည်။ ​ကောင်မ​လေးဘက်က ရှက်လာပြီး လက်​ချောင်း​တွေကိုပါ လိမ်​နေမိ​တော့မှ သူက ​ခေါင်းပြန်​မော့လာပြီး ​ပြောလာသည်။ “​ကောင်မ​လေး ဒီ​နေ့ ရှန်ဟိုင်းမှာ ၅ဒီဂရီပဲရှိတာ​နော်။ ​ခြေ​ထောက်​တွေ​ဖော်ထားတာ မ​အေးဘူးလား?”
 
​ကောင်မ​လေးမှာ ခဏ​လောက် ရပ်တန့်သွား၏။ “အသားကပ်​ဘောင်းဘီဝတ်ထားပါတယ်။ အသား​ရောင်မို့ ညဘက်မမြင်ရတာ”
 
​ရှောင်ပိုင်က သ​ဘော​ပေါက်သွားပြီး “အမိုက်စားပါလား”
 
​​ကောင်မ​လေး : “….”
 
​ရှောင်ပိုင်က ထို​ကောင်မ​လေးကို သူ့​ကျောင်းနှင့်လည်းနီး သူတို့အသင်းလည်း မကြာခဏ သွားစားဖြစ်သည့် ဘာဘီကျူးဆိုင်ကို ​ခေါ်သွားလိုက်သည်။
 
​​ကောင်မ​လေးမှာ မိတ်ကပ်ပြင်ဖို့ ၂နာရီ​လောက် အချိန်ယူခဲ့ရပြီး Lip glossကိုပင် ​ပေါ့​ပေါ့တန်တန် ဆိုးထားသည်မဟုတ်။ အခုချိန်မှာ​တော့ သူမ​ရှေ့မှ တုတ်ထိုးအသား​ချောင်း​တွေကိုသာ ထိုင်ကြည့်​နေမိ​တော့သည်။ “….”
 
​ရှောင်ပိုင်က တစ်​ချောင်းကို​ကောက်ကိုင်လိုက်ပြီးမှ သူ့​ရှေ့မှတစ်​ယောက်က လုံးလုံးမလှုပ်​သေး​ကြောင်း မြင်လိုက်ရသည်။ “မစား​တော့ဘူးလား?”
 
“ညီမ…ဗိုက်သိပ်မဆာလို့” ​ကောင်မ​လေးက ​ပြော၏။ “အစ်ကို့​လေ့ကျင့်​ရေးကို ​နှောင့်ယှက်မိ​သေးလား?”
 
“ဒီ​နေ့ ​လေ့ကျင့်​ရေးမရှိဘူး​”
 
​ရှောင်ပိုင်က ဝတ်​ကျေတမ်း​ကျေ ပြန်​ဖြေ​​ပေးသည်။ အ​တွေးထဲမှာ​တော့ ဂျပန်အစားအစာတွေအပြည့်နဲ့ စားပွဲကြီးကို ​မေ့မရဖြစ်​နေဆဲ…ပြီး​တော့ သူ့​ခေါင်းစွပ်ကို လှမ်းဆွဲတုန်းက Pineရဲ့အကြည့်ကို​ရောပဲ။
 
မဆီမဆိုင်ပါဘဲ ​​ရှောင်ပိုင်မှာ TTCကို​ရောက်​ရောက်ချင်း အထက်စီးဆန်လှပါချည်ရဲ့ဆိုသည့် သူတို့Mid Lanerထက် ပို​တောင် မာန​ခေါင်ခိုက်​သေးသည့် Pineအ​ကြောင်းကို အမှတ်ရသွားသည်။ ​ကောင်း​ကောင်းဆိုးဆိုး ကျန်းရုန်ကမှ အခြားသူ​တွေကို အ​ရေးတယူရှိ​သေးသည်။ အများစုက ဆဲဖို့ဖြဲဖို့ ဆို​ပေမယ့်လည်း​ပေါ့။
 
Pineက​တော့ လူတိုင်းကို သူ့ကမ္ဘာဆီက​နေ အဆက်အသွယ်ဖြတ်ထားသူပင်။
 
တစ်​ယောက်တည်းစား ၊ တစ်​ယောက်တည်းကစား ၊ တစ်​ယောက်တည်း အပြင်သွားသည်။ အတူတူ ​လေ့ကျင့်ရမည့်အချိန်ကလွဲ သူစကား​ပြောသည်မှာ ရှားလှသည်။
 
ကျွမ်းရိပိုင်လို ​မွေးကတည်းက တက်ကြွသည့်ကြက်ဖမှာ သူ့လိုလူစားမျိုးကို ဘယ်လိုမှ နားမလည်နိုင်ခဲ့။
 
ထို့​နောက်မှာ​တော့ သူနားလည်နိုင်​အောင် ကြိုးစားယူ​တော့သည်။
 
​အောက်လမ်းသွားနှစ်​ယောက်တွဲအ​နေဖြင့် အသင်းထဲတွင် အများဆုံး ပူး​ပေါင်း​ဆောင်ရွက်ရမည်က သူတို့နှစ်​ယောက်သာ။ သို့ဖြစ်ရာ နီးကပ်ရန်လို​​နေသည့် သူတို့နှစ်​ယောက်အတွက် သူကပဲ​ခြေလှမ်းစကာ Pine၏ကမ္ဘာထဲ အတင်းကာ​ရော ဝင်​ရောက်ပစ်ခဲ့သည်။
 
“​ကော​ကော? ညီမ​ပြောတာကြားလား?”
 
​ရှောင်ပိုင် အ​တွေးထဲ​မျော​နေရာမှ ပြန်ရုန်းထွက်လာ​​တော့ တစ်ဖက်က​ကောင်မ​လေးက သူ့ကို ​ခေါင်း​​စောင်းကာ ကြည့်​နေမှန်း သ​​ဘော​ပေါက်လိုက်သည်။ “အားနာလိုက်တာ ဘာ​ပြောလိုက်တာလဲ?”
 
​ကောင်မ​လေးက ​နောက်ထပ်တစ်​ခေါက် ပြန်​ပြော​ပေး၏။ “​လေ့ကျင့်​ရေးမရှိတဲ့အချိန် ပုံမှန်ဆို ဘာ​တွေလုပ်တတ်လဲ?”
 
​ရှောင်ပိုင် : “LoLကစားတယ်”
 
​ကောင်မ​လေး : “…အဲ့တာကလည်း ​လေ့ကျင့်တာပဲမဟုတ်ဘူးလား?”
 
“ကွဲတယ်​လေ။ ​လေ့ကျင့်​နေရတဲ့အချိန်ဆို Tierအမြင့်​တွေမှာပဲ ကစားရတယ် ဒါမှမဟုတ် ​လေ့ကျင့်​ရေးပွဲ​တွေ​ပေါ့ အခြားRoleကို ကစားလို့မရဘူး။ ဒါ​ပေမယ့် ​လေ့ကျင့်​နေတာမဟုတ်ဘူးဆိုရင် ကိုယ်ကြိုက်တာကစားလို့ရတယ်။ အစ်ကိုဆို Rankနိမ့်တဲ့သူ​တွေကို သွားနှိပ်စက်​နေကျ​လေ P…အစ်ကို့အသင်း​ဖော်နဲ့အတူ။ ဆိုလိုတာက Tierအနိမ့်​တွေမှာ သွားကစားလို့လည်းရတယ်။ Role​တွေ အ​ပျော်လဲကစားလည်း ဘယ်သူမှမဆူဘူး”
 
​ကောင်မ​လေးက နားမလည်ရှာ။ “ဒီလိုဆိုလည်း ဂိမ်းကစားတာက ဂိမ်းကစားတာပဲမလား? မပျင်းကြဘူးလား?”
 
​ရှောင်ပိုင်သည်လည်း သူ့အ​တွေးအ​ခေါ်ကို နားမလည်ရှာ။ “ဘာလို့ပျင်းရမှာလဲ?”
 
သူ​ပြောပြီးပြီးချင်းမှာပဲ အိတ်ကပ်ထဲရှိ သူ့ဖုန်းက ရုတ်တရက် အသံထမြည်လာသည်။
 
သူ့Livestreamတွင် Modလုပ်ခဲ့ဖူးသည့် အစ်မတစ်​ယောက်က စာလှမ်းပို့ခြင်း။ ထိုအစ်မက သူ့အတွက် ၂နှစ်​​ကျော် Modလုပ်​ပေးခဲ့ပြီး ဒီနှစ်၏ပထမနှစ်ဝက်မှာ ရာထူးတိုးသွားခြင်းဆို​ပေမယ့် သူတို့နှစ်​ယောက်က သူငယ်ချင်းအဖြစ် ခင်မင်​နေကြဆဲ။
 
[Modမမ : ပိုင်!!!!]
 
[Modမမ : အခုဘာလုပ်​နေလဲ?!]
 
[Modမမ : ​​ဟေ့]
 
သူမပုံစံ​ကြောင့် ကျွမ်းရိပိုင်မှာ သူ့Livestreamကြီး ၉၉၉နှစ်​လောက် Banခံလိုက်ရပြီလားဟု သံသယဝင်မိသွားသည်။
 
[P​ပေါင်ရဲ့Support​လေး : ဒီမှာ]
 
[P​ပေါင်ရဲ့Support​လေး : အပြင်မှာ ဘာဘီကျူးထွက်စား​နေတာ ဘာဖြစ်လို့လဲ? ကျွန်​တော့Livestreamကြီး ပြဿနာတက်​နေလို့လား?!]
 
[Modမမ : မဟုတ်ဘူး]
 
​ရှောင်ပိုင်ခမျာ ခုမှသက်ပြင်းချနိုင်သည်။
 
[Modမမ : အဲ့တာထက် အဆတစ်​သောင်း​လောက် ပိုအ​ရေးကြီးတယ် ဟုတ်ပြီလား?! ကျန်းယွီစုန့် ​ဖောက်ပြန်​နေတယ်လို့!!! ဒါ​တောင် နင်က ဘာဘီကျူးထွက်စား​နေနိုင်​သေးတယ်!!!!]
 
အခု​လေးတင် ထွက်သွားသည့်​လေ​တွေကို သူပြန်ရှုသွင်းမိ၏။
 
[P​ပေါင်ရဲ့Support​လေး : ဘာ​ပြောတာလဲ?]
 
[Modမမ : P​ပေါင်က ဂိမ်းကစားရင်း Stream​နေတယ်]
 
[P​ပေါင်ရဲ့Support​လေး : ​သြော် သူStream​နေတာလား? ကျွန်​တော့်​တောင်မ​ပြောဘူး]
 
[Modမမ : အင်း]
 
[Modမမ : ဘယ်​ပြောမလဲ သူက တွဲကစား​ဖော်​ကောင်မ​လေးတစ်​ယောက်နဲ့ အတူကစား​နေတာ​လေ]
 
​ရှောင်ပိုင်က ခဏ​လောက် ​​ကြောင်အမ်းသွား​ပေမယ့် ချက်ချင်း နှာမှုတ်လိုက်သည်။
 
Pineလိုလူရဲ့ သူများနဲ့တွဲကစားနိုင်​ချေက ချင်းဟွာနဲ့ပီကင်းတက္ကသိုလ်ဝင်ခွင့်ထက်​တောင် ပိုနည်း​သေးတယ်ဆိုတဲ့ အချက်​ကြောင့်သာမဟုတ်ရင် သူယုံမိ​တော့မလို့။
 
တွဲကစားတာကိုထားဦး။ ဂိမ်းထဲမှာ သူငယ်ချင်းAddတာက​တောင် မရှိသ​​လောက်ရှားတယ်။ ရှင်းလင်းတင်ဆက်သူA သူနဲ့သူငယ်ချင်းဖြစ်ချင်တုန်းကဆို တစ်ပတ်​လောက် စာ​တွေဆက်တိုက်ပို့လိုက်ရတယ်။ တွဲကစား​ဖော်ကို စိတ်ပါလက်ပါ သွားရှာတာကြီးက ပို​တောင်မဖြစ်နိုင်​သေး…….
 
“​ဘော့စ်က ဘယ်လိုADCမျိုးနဲ့ ကစားရတာကြိုက်လဲ?
 
“​ဘော့စ် တို့အသံတအားကျယ်​နေလား?
 
“​ဘော့စ် Yuumiကိုင်လို့ရလား?”
 
နာမည်ကြီးတွဲကစား​ဖော်က စတင်လှုပ်ရှားလာ​တော့မှ သူက “အင်း”ဟုသာ ပြန်​ဖြေလာသည်။ သို့​ပေမယ့် ထိုအသံတစ်ခုတည်းနှင့်ပင် သူ့သရုပ်မှန်ကို ခန့်မှန်းရန် မခက်ခဲပါ​ချေ။ ​သေချာ​ပေါက် Pineအစစ်အမှန်ကြီး။
 
“ဟုတ် ​ဘော့စ် ဒါဆို​ရွေးပြီ​နော်!”
 
​ရှောင်ပိုင် သူ့ဖုန်းထဲမှStarTV appကို ငုံ့ကြည့်​နေမိသည်။ သူ့မျက်နှာက​တော့ အရိုက်ခံရလို့ ​​ရောင်ကိုင်း​နေ​ချေပြီ။
 
Pineက Stream​နေတာလည်းမှန်သလို မိန်းက​လေးတွဲကစား​ဖော်တစ်​ယောက်နဲ့ အတူကစား​နေတာကလည်း အစစ်အမှန်။
 
ထို​ကောင်မ​လေးက ဂိမ်းထဲမှာ Rank​တော်​တော်မြင့်​တော့ Pine၏ Grandmasterအ​ကောင့်နှင့် တွဲကစားနိုင်​နေသည်။ သူမ၏အသံက အထာနပ်​နေသည့်ပုံစံမျိုးဖြစ်ပြီး သူမ​ပြောသမျှက ကလူသလိုမြှူသလို။
 
ဘလိုင်းဒိတ်မှ ​ကောင်မ​​လေးသည်လည်း သူမအသံကိုကြားသွားပြီး မျက်နှာပျက်သွားသည်။
 
ဒီလိုအ​နေအထားမျိုးမှာ Livestreamကြည့်​နေဖို့ မသင့်​တော်ဘူးဆိုတာ ​ရှောင်ပိုင်လည်း သ​ဘော​ပေါက်သည့်အတွက် လက်​ချောင်းကို​ရွှေ့ကာ အသံကိုတိုးလိုက်သည်။
 
Pineက ကင်မရာမဖွင့်ထားဘဲ ပုံမှန်ထက် ငြိမ်သက်​နေသည်။ အချိန်အများစုမှာ ဒိုင်ခံစကား​ပြော​နေတာက တွဲကစား​ဖော်မိန်းက​လေးသာ။
 
သူမက ကျွမ်းကျင်လှသည်။ ဒီလို​ဘော့စ်မျိုးနှင့်ပင် အ​ခြေအ​နေကို ​နေရမခက်​စေရန် သူမဘာသာ ထိန်း​ကျောင်းသွား၏။ အကြာကြီး​နေမှ တစ်ခါ​လောက် Pineက တစ်ခုခု​ပြောတတ်​ပေမယ့် သူ​ပြောသမျှက ‘​ရှေ့တက်’ မဟုတ်ရင် ‘​ပြန်ဆုတ်’ နှစ်ခုထဲမှတစ်ခုသာ။
 
​ရှောင်ပိုင်က သူ့အ​ကောင့်တုနှင့် ဝင်ကြည့်​နေခြင်း။ Barrageထဲတွင် ပြည့်ကျပ်​နေသည့် ကွန်မန့်​တွေက ဒီလိုပုံစံ​တွေပင်—
 
[အားလုံးကို အနှစ်တစ်ရာမှာ တစ်ခါ​တောင် ကြုံ​တွေ့ဖို့မလွယ်တဲ့ မြင်ကွင်းက​နေ ကြိုဆိုလိုက်ပါတယ်]
 
[သစ္စာ​ဖောက် ဘာလို့ကင်မရာမဖွင့်တာလဲ?]
 
[ပိုင်​ဘယ်မှာလဲ ပိုင်​ရော ပိုင်​ရောလို့? အ​နောက်က​နေလည်း သူ့အသံကို မကြားရဘူး​နော်]
 
[စိတ်​လျှော့ကြပါဦး အို​ခေ? ဒါက Pineရဲ့Stream။ ဟို​ကောင်မ​လေးလည်း မျက်နှာ​သာ​ပေးကြပါဦး။ စတာ​နောက်တာလည်း ​တော်ရုံ​ပေါ့]

||Complete|| I Can Do It [MM Translation]Donde viven las historias. Descúbrelo ahora