(Unicode)
Esportအသိုင်းအဝိုင်း၌ အချို့အသင်းများကို အင်အားကြီးအသင်းဟူ၍ သတ်မှတ်နိုင်သည်။ အင်အားကြီးသည်ဆိုသည်က ကစားသမားတွေ၏စွမ်းရည်ကို ဆိုလိုသည်သာမက အသင်း၏နောက်ခံ ရင်းနှီးမြုပ်နှံသူကိုလည်း ဆိုလိုလေသည်။
အသင်းအများစုအား အိမ်ခြံမြေလုပ်ငန်း၊ လေကြောင်းလုပ်ငန်း၊ အားကစားထုတ်ကုန်လုပ်ငန်းနှင့် အစားအသောက်လုပ်ငန်းတွေအထိ စသဖြင့် လုပ်ငန်းအမျိုးမျိုးရှိ အကြီးစားအဖွဲ့အစည်းတွေမှ ထောက်ပံ့ပေးထားသည်။
ဥပမာဆိုရလျှင် PUDအသင်းအား နာမည်ကြီးပြည်တွင်းE-commerceကုမ္ပဏီတစ်ခုမှ ထောက်ပံ့ပေးထားသည်ကြောင့် သူတို့တွင် စီးပွားရေးအရင်းအမြစ်များ အလျှံအပယ်ရှိပြီး ကိုရီးယားကစားသမားများအား စိတ်တိုင်းကျ ခေါ်ယူနိုင်လေသည်။
(T/N : E-commerceဆိုသည်မှာ အွန်လိုင်းပေါ်မှ ပစ္စည်းများကိုရောင်းချခြင်းဖြစ်သည်။)
အချို့အသင်းတွေကိုတော့ ချမ်းသာပြီးအာဏာရှိသည့်လူတွေက ထောက်ပံ့ပေးထားကာ အချို့အနားယူသွားသည့်ကစားသမားများဆိုလျှင် အသင်းတွေဖွဲ့ကာ ပိုင်ရှင်အဖြစ် ဆောင်ရွက်နေကြသည်။ မလွဲမသွေပင် အများစုမှာ လူချမ်းသာကလေးများ လျှောက်ကစားနေခြင်းဖြစ်သည်။ သို့သော် လွန်ခဲ့သည့်နှစ်တွေအတွင်း Esportsလောကက အလျင်အမြန်ပင်တိုးတက်လာခဲ့ကာ သူတို့တွေသည်လည်း အပျော်ကစားနေခြင်းမှ အတည်ရင်းနှီးမြုပ်နှံလာကြလေသည်။
TTCသည်လည်း ဒုတိယအမျိုးအစားထဲတွင် ပါသည်။
သို့သော် ထိုအမျိုးအစားထဲတွင်ပါသော်ငြား TTCကတော့ တမူထူးသည်။
အခြားအသင်းများ၏လူချမ်းသာပိုင်ရှင်များက တစ်ဦးထက်တစ်ဦး ပိုကျော်ကြားကြလေသည်။ ထိုပိုင်ရှင်များက အရမ်းချမ်းသာသည့် စီးပွားရေးလုပ်ငန်းရှင်များ မဟုတ်လျှင် သူတို့၏ကလေးများဖြစ်ကာ လူတိုင်းကသူတို့အားသိကြသည်။
သို့သော် TTC၏ပိုင်ရှင်အကြောင်းအား ပြင်ပကမ္ဘာမှာ တစ်ခုတစ်လေမှပင် မသိရချေ။ သူ့ရဲ့ကောလဟာလနာမည်ကပင် မရေမရာမသေမချာ။ သူတို့သေချာသိသည်မှာ တစ်ချက်သာရှိသည် : ထိုလူက သူဌေးလက်သစ်တစ်ယောက် ဖြစ်လေသည်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~