အပိုင်း(၁၂၇)
<<ကိုကို မင်းကိုCarryပေးနေတာကို သေချာကြည့်ထား>>
အုပ်စုအဆင့်ပွဲစဥ်၏ နောက်ဆုံးပြိုင်ပွဲရက်သို့ရောက်မှ တရားဝင်ကြေငြာစာကို ထုတ်ပြန်လာသည်။
သူတို့ဘက်က အကျိုးအကြောင်းအဖြစ် Backstageတွင် တင်းကောဆီ ပြောခဲ့သည့် အကြောင်းရာကို သုံးထားဆဲ။ Rish၏မြေပုံက အမြင်ဖုံးနေပြီး ထိုအချက်က ပြိုင်ပွဲတွင် နောက်စက္ကန့်ပိုင်းအတွင်း ဖြစ်လာမည့်အရာအပေါ် သက်ရောက်မှုရှိတယ်ဟု တာဝန်ခံက ယုံကြည်ထားသလို အသင်းနှစ်သင်းဆီမှ သဘောတူညီချက်ကို ရပြီးနောက် ဂိမ်းအား အချိန် 21မိနစ် 18စက္ကန့်ဆီ ပြန်ထားရန် အဖွဲ့အစည်းဘက်က Chronobreakကို သုံးလိုက်ရခြင်းပါတဲ့လေ။
ထိုထုတ်ပြန်ချက်မှတစ်ပါး အခြားရှင်းပြလာခြင်းမျိုးမရှိ။
ဒီကြေငြာချက်က သိသိသာသာကို အပေါ်ယံ ဖြစ်သလို ဖြေရှင်းလာခြင်းဖြစ်ရာ လူထုကြီး၏ဒေါသတွေကို မဖြေလျော့နိုင်ရုံသာမက အခြေအနေကိုပင် ပိုမိုဆိုးရွားသွားစေသည်။ အစကတော့ Rishက ခေါင်းမာမာနှင့်ပင် သူတင်ထားသည့်gifကို မဖျက်ခဲ့ပေမယ့် ဒီကိစ္စကြောင့် သူ့အပေါ်ကို ဒေါသတွေအစုလိုက်အပြုံလိုက် ပုံကျလာရာ Rishက သူ့အကောင့်တုကိုပင် ဖျက်ပစ်လိုက်ရသည်။
သို့သော် အသုံးမဝင်တော့ပေ။
ပြီးခဲ့သည့်နှစ်မှ ကြိုတင်ခန့်မှန်းမရသည့် အခြေအနေတွေအရ TTC၏ပင်မအသင်းသားနှစ်ယောက်က ပြိုင်ပွဲမှ ဖယ်ပေးခဲ့ရသည်။ တစ်ဖက်ကနိမ့်ကျနေချိန် မင်းတို့ဘက်က အနိုင်ကျင့်ဖို့ ဆုံးဖြတ်ခဲ့ကြပြီးတော့ ပြီးခဲ့တဲ့နှစ်ဝက်ထဲ မင်းတို့ရဲ့ အင်တာဗျူးတွေ ၊ မှတ်တမ်းဗီဒီယိုတွေ ၊ ဆိုရှယ်မီဒီယာတွေမှာ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး LPLအကြောင်းကို မထိတထိ ပြောဆိုနေကျ။ အခုလို ပြိုင်ပွဲလေးတစ်ပွဲ နိုင်ဖို့အရေး မင်းတို့အသင်းက ဒီလိုညစ်ပတ်တဲ့လှည့်ကွက်မျိုးကို သုံးလိုက်မှတော့ အရင်ကြွေးရော အခုကြွေးရော ပေါင်းရှင်းကြတာပေါ့။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~