(Unicode)
"ကိုယ်တို့အရင်ကတွေ့ခဲ့ဖူးလား"
ကျန်းရုန် အပေါ်လမ်းတစ်လျှောက်လုံးကို ရှင်းနေသည်မှာ အတော်ကြာနေလေပြီ။ ခုန်းခုန်းရဲ့တာဝါသုံးခုလုံးကို ဖြိုပြီးသွားတာတောင် သူကအပေါ်လမ်းကနေ အခုထိထွက်မလာသေးသလို လုပေါ်ယွမ်ကလည်း တစ်ခါတစ်ခါ အပေါ်လမ်းဆီ ရောက်ချလာတတ်သေးသည်။ အခုအချိန်၌ အပေါ်လမ်းတွင် ကျန်သေးသည့်အရာဟူ၍ inhibitorသာရှိတော့သည်။
ခုန်းခုန်း သူ့inhibitorဘေးမှာရပ်လိုက်ပြီး မလှမ်းမကမ်းအကွာအဝေး၌ သူ့minionတွေကိုkillနေသည့် ကျန်းရုန်ကိုကြည့်နေလိုက်သည်။ သူလည်းနည်းနည်းစိတ်ရှုပ်သွား၏။
[[All] Kongkong : ငါTTCကိုတစ်ခုခုများအပြစ်လုပ်ထားမိလို့လား?]
[[All] ငါကစားတာသာကြည့်လိုက် : ပျော်ရွှင်စရာနှစ်သစ်ပါ]
ဒီတစ်ပွဲ၌ နှစ်သင်းလုံးရဲ့Junglerနှစ်ယောက်က သူတို့ရဲ့Midနဲ့bot laneနှစ်ယောက်ကို ဂရုမစိုက်ပေ။ ကျန်းရုန်တို့အသင်းမှာဆိုလျှင် အလယ်လမ်းက နည်းနည်းအကျိုးယုတ်နေသော်ငြား အောက်လမ်းရဲ့အခြေအနေကတော့ တစ်ဖြည်းဖြည်း တိုးတက်လာသည်။ Top Lanerနှင့်Junglerက ရန်သူတွေကိုဖြိုခွင်းနေတာကြောင့် သူတို့အသင်းရဲ့ နောက်ပိုင်းteam fightsတွေက အလွန်အမင်းကို စိတ်အေးလက်သာဖြစ်လာတော့သည်။
သူတို့ တစ်ဖက်အသင်းကို ချေမှုန်းပြီးပြီးချင်းမှာပဲ ကျန်းရုန် သူ့နားကြပ်ထဲမှတစ်ဆင့် ကြမ်းပြင်နဲ့ထိုင်ခုံ ပွတ်တိုက်သွားသံကို ကြားလိုက်ရပြီး သူ့ဘေးနားက Evelynnသည်လည်း လှုပ်ရှားမှုတို့ရပ်သွားလေသည်။
လုပေါ်ယွမ်က သူ့ရဲ့လွယ်အိတ်ကိုကိုက်နေသည့် ဝက်ပေါက်စအား ငြင်ငြင်သာသာလေး ဆွဲယူလိုက်သည်။ ထို့နောက် သူ့လက်ချောင်းကိုကွေးကာ ဝက်လေး၏ခေါင်းအား ခပ်ဖွဖွခေါက်လိုက်၏။ "မကိုက်နဲ့လေကွာ"
လွယ်အိတ်ကို အမြင့်တစ်နေရာမှာ တင်လိုက်ပြီးနောက် လုပေါ်ယွမ် သူ့ထိုင်ခုံ၌ပြန်ထိုင်ချိန်တွင် ရန်သူဘက်ကNexusကလည်း ပျက်ဆီးသွားပြီး "Victory"ဆိုသည့်စာတန်းက စခရင်ပေါ်တွင်ပေါ်လာသည်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~