အပိုင်း(၁၃၁)

4.3K 600 51
                                    


"အဲဒီတုန်းက ကီးဘုတ်​ကောက်မပြီး Rishရဲ့​ခေါင်းကို ပစ်​ပေါက်​တော့မလို့ ဒီ​လောက်​လေးပဲ လို​တော့တယ်"

TTC၏နား​နေခန်းထဲတွင် ​ရှောင်ပိုင်က ခါး​ထောက်လျက် HT၏အခန်းဘက်ဆီ လက်ဟန်​ခြေဟန်ပြလိုက်ပြီး "အဲ့​ကောင် ဒဏ်ရာရသွားပြီး ပြိုင်ပွဲ​နှောင့်​နှေးသွားမှာ စိုးလို့သာ မဟုတ်ရင် ကျွန်​တော်...."

Pineက သူ့ကိုလှမ်းဆွဲလိုက်ပြီး ဆိုဖာ​ပေါ် ထိုင်ခိုင်းလိုက်သည်။ "အာမ​ချောင်နဲ့"

"သိလား ဂိမ်းရပ်တဲ့အသိ​ပေးစာ ​ပေါ်လာတုန်းကဆို..." ယွမ်ချန်က ဆိုဖာတစ်ဖက်ခြမ်းကို ငဲ့ကြည့်လိုက်ပြီး "ရန်ပွဲတားဖို့ပါ ငါပြင်ပြီးသွားပြီ"

တီဗွီ​ပေါ်ရှိ ရလဒ်စိစစ်ချက်​တွေကို ကြည့်​နေသည့် ကျန်းရုန်က သူ့အသင်း​ဖော်၏အကြည့်ကို အာရုံခံလိုက်မိ​တော့ ဝင်​ပြောလာသည်။ "အဲ့တာ​တွေအတွက် အချိန်မရှိဘူး"

ဂိမ်းရပ်ထားသည့် အချိန်ခဏအတွင်း ကျန်းရုန်၏စိတ်ကို စိုးမိုးထားသည့် အ​တွေးတစ်ခုက--Chronobreakသာ ထပ်ဖြစ်လာရင် ဒီBaronစု​ပေါင်းတိုက်ပွဲကို သူဘယ်လိုအစပျိုးရပါ့မလဲ ဟူ၍။

ဖြစ်ကိုဖြစ်ရမယ် အခြား​မေးခွန်းမရှိ။ သူတို့​တွေဘက်က မယုံနိုင်​လောက်​အောင် တည်ငြိမ်လွန်းသည့် HTက Baronဆီသွားမည့်အချိန်ကို မိနစ်​၄၀​ကျော်လုံးလုံး သည်းခံ​စောင့်စားခဲ့ရသည်။

အသင်းတွင် အသက်အကြီးဆုံးဖြစ်သည့် ယွမ်ချန်က mid-late gameကတည်းက သူတို့ကို စတင်နှစ်သိမ့်​နေပြီ။ သူတို့ရှုံးသွား​တောင် အမှတ်က1:1မို့ သူတို့မှာ နိုင်နိုင်​ချေ​တွေ အများကြီးကျန်​နေ​သေး​ကြောင်း စသဖြင့်။

သို့​သော် ကျန်းရုန်က​တော့ တစ်ပွဲ​လေးမှ မရှုံးချင်။ သူက HT၏​ခေါင်းကိုသာ တက်နင်းချင်ပြီး တိုက်ခိုက်ခွင့်တစ်မျှင်​လောက်ပင် မျှမ​ပေးချင်။

"HTက ဒီ​နေ့ ငါထင်ထားတာထက်​တောင် ပိုဆိုး​​နေတယ်။ Masterကလွဲရင် အခြားဘယ်သူမှ ​ကောင်း​ကောင်းမကစား​နေဘူး အထူးသဖြင့် Rishပဲ။ ပထမပွဲစစချင်းက​တော့ သူ့မှာ ပြိုင်ပွဲဝင်​​နေတဲ့ညာဥ်​လေး ရှိ​သေးတယ် ၊ ဒုတိယပွဲလည်း​ရောက်​ရော ထင်ရာစိုင်း​နေတဲ့စစ်တုရင် ဖြစ်သွား​တော့တာပဲ။ ​သေမှာ​ကြောက်​နေ​တော့ Damageလည်း မပစ်ရဲ​တော့ဘူး။ Ultကလွဲရင် သူလုပ်တာဘာမှမရှိဘူး" တင်း​ကောက ​ပြောလာသည်။ "ဒီ​​အောင်မြင်မှုကို ဆက်ထိန်းထားပြီး သုံးပွဲတည်းနဲ့ သူတို့ကို အိမ်ပြန်ပို့ရ​အောင်"

||Complete|| I Can Do It [MM Translation]Where stories live. Discover now