(Unicode)
အသင်းထဲကအစားချေးများတဲ့တစ်ယောက်
ကျန်းရုန်လိုလူက သူ့မျက်နှာမှာ စာရွက်လိုဖြူနေချိန်တောင် အရှုံးကိုလက်မခံချင်သေးမှန်း တို့ဖူး မထင်ထားမိချေ။
“မင်းမေလူး….အဲ့တာငါကံမကောင်းလို့။ ဂိမ်းသာချောချောမွေ့မွေ့ဖြစ်ရင် ငါတို့တွေ Cloud Drakeရတယ်။ ဒါပေမယ့် အဲ့လိုသာမဟုတ်ကြည့် Oceanနဲ့ Infernal Drakeပါ ပါသွားရောပဲ!”
LoLတွင် တတိယမြောက်Drakeက အသက်ပြန်ဝင်လာပြီးနောက် သူ့Elementကလည်း အသင့်ဖြစ်သွားပြီး Drakeလေးခုကိုရှင်းလင်းပြီးချိန်တွင် Dragon Soul Buffကို ရရှိပေသည်။ အများစုလက်ခံထားသည်က Cloud Dragon Soulက အသုံးမဝင်ဆုံးဖြစ်ကာ Oceanနှင့် Infernal Dragon Soulကတော့ အထူးကောင်းမွန်သည်ဟုပင်။
ကျန်းရုန်အတွက် အရှုံးကို Dragon Soulsတွေအပေါ် အပြစ်ပုံချသည့်သူမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ကျန်းရုန်က နှာမှုတ်လိုက်ပြီး-
“ဘာတတ်နိုင်မှာလဲ။ အရူးမှာ အရူးရဲ့ကံရှိပေမယ့် စောက်ပေါတွေမှာမှမရှိတာ”
“……”
တို့ဖူးက သူ့လက်တွေကို အင်္ကျီအိတ်ထဲ ထိုးထည့်လိုက်သည်။ ဒါပေမယ့် စိတ်ဆိုးသွားခြင်းမရှိ။ သူက မျက်လုံးကိုမှေးလိုက်ရင်း ကြံရာမရစွာနှင့် မေးလာသည်။
“မင်းသိလား။ မင်းပုံစံလေးက လိမ်လိမ်မာမာပုံပေါက်ပေမယ့် ဘာလို့ပါးစပ်ဟလိုက်တာနဲ့ လူတွေကိုစဆဲတော့တာလဲ?”
ကျန်းရုန်က နံရံကိုမှီလိုက်သည်။
“မင်းပုံစံကလည်း လူလို့ထင်ရပေမယ့် ဘာလို့ မင်းလူစကားပြောတာမျိုး ငါမကြားဖူးတာလဲ?”
တို့ဖူး : “.”
တို့ဖူး၏အိတ်ကပ်ထဲမှဖုန်းက အသံမြည်လာသည်။ သူတို့အသင်း၏နည်းပြက နားနေခန်းဆီ ပြန်လာရန် ဆော်သြနေခြင်းဖြစ်သည်။
“မင်းတို့အသင်းရဲ့ အဲဒီTop Lanerက ဝလိုက်တာမှဝက်လိုပဲ။ မင်းတစ်ယောက်တည်းပဲ ဝါးခြမ်းပြားလို ပိန်ကပ်နေတာ”
တို့ဖူးက သူ့ဖုန်းအား ပြန်သိမ်းလိုက်ပြီး
“အတည်ပြောတာ မင်းဘာဖြစ်နေတာလဲ? 120ကိုဖုန်းဆက်ပြီး မင်းကိုလာသယ်ခိုင်းလိုက်ရမလား?”
“မင်းကိုသာသယ်ခိုင်း”
ကျန်းရုန်က အေးစက်စက် ပြန်ပြောလိုက်သည်။
“ပုံမှန်ရာသီပွဲမှာတောင် ရှုံးတာကိုးကြိမ်ဆက်တိုက်ဖြစ်နေပြီကို အခြားသူတွေအကြောင်း ပြောရဲသေးတာလား။ မြန်မြန်သာလစ်လိုက်တော့”
တို့ဖူးက ဒေါသတကြီးနှင့် အော်ရယ်လိုက်ပြီး ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်။
“မင်းကမယုံနိုင်စရာပဲ”
တို့ဖူး ထွက်သွားပြီးနောက် ကျန်းရုန်က ဘေစင်ဆီသွားကာ မျက်နှာသစ်လိုက်၏။ အစာအိမ်ကို အကြိမ်အနည်းငယ်လောက် ပွတ်သပ်လိုက်ပြီး သန့်စင်ခန်းဆီမှ ပြန်ထွက်လာခဲ့သည်။
သူက နားနေခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး
“စင်ပေါ်ဘယ်အချိန်သွားမှာ…..”
စကားလုံးတွေက ပြောနေရင်းမှာပဲ ရပ်တန့်သွားသည်။
ကျန်းရုန်က လက်တစ်ဖက်ဖြင့် နံရံကိုထောက်လိုက်ကာ ဗလာကျင်းနေသည့်အခန်းကို စိုက်ကြည့်လိုက်သည်။
“ကျန်တဲ့သူတွေဘယ်ရောက်သွားတာလဲ?”
ထိုအချိန်၌ နားနေခန်းထဲတွင် လူအနည်းငယ်သာ ရှိနေသည်ပင်။
Moonက သူ့ကိုကြည့်လျက် ရှင်းပြလာသည်။
“စင်ပေါ်သွားလိုက်ကြပြီ”
တစ်မဟုတ်ချင်း ကျန်းရုန်၏မျက်ခုံးတို့ တွန့်ချိုးသွားသည်။
“ငါလိုက်သွားမယ်….”
“မသွားနဲ့”
Moonက သူ့ကို အလျင်အမြန်ပင် ပြောပြလိုက်သည်။
“ဟယ့်ကျစ်က မင်းအစားသွားပြီ။ ဒီတစ်ပွဲကို Subကစားမှာ။ မင်းကတော့ သေချာလေးနားလိုက်ဦး”
ကျန်းရုန်က တံခါးဝတွင် ရပ်နေဆဲဖြစ်ကာ နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်ပြီး
“မင်းဘာပြောလိုက်တာ?”
“မင်းနေမကောင်းဘူးဆို….”
Moonက ခဏရပ်သွားပြီးမှ ဆက်ပြောပြလာသည်။
“ဒီလိုလေ။ ခုဏက တို့ဖူးက ငါတို့အခန်းတံခါးကို လာခေါက်ပြီး မင်းအန်နေတဲ့အကြောင်း ခေါင်းဆောင်ကိုလာပြောသွားတယ်။ သူပြောသွားသေးတယ်…..မင်းကိုကြည့်ရတာ သေတော့မလိုပဲတဲ့”
ထိုအချိန်တုန်းက လုပေါ်ယွမ်က ချက်ချင်း သန့်စင်ခန်းဆီ လိုက်ဖို့ပြင်ပေမယ့် စင်ပေါ်တက်ရန် လာပြောသည့်ဝန်ထမ်းနှင့် တည့်တည့်တိုးလေသည်။
PUD၏အသင်းသားတွေကလည်း သွားနှင့်ပြီမို့ သူတို့တွေလည်း ချက်ချင်း သွားရမည်ဖြစ်သည်။ လုပေါ်ယွမ်က သန့်စင်ခန်းဘက်ကို တစ်ချက်လှမ်းကြည့်လိုက်ကာ မျက်နှာအမူအရာက လုံးဝဥဿုံကင်းမဲ့စွာဖြင့် ဝန်ထမ်းတစ်ယောက်ကို ပြောလိုက်သည်။
“ကျွန်တော်တို့တွေ ဒီပွဲအတွက် လူစားထိုးဖို့လိုတယ်”
ကျန်းရုန်က သွေးရောင်မရှိသည့် နှုတ်ခမ်းတို့ဖြင့် Moonရှင်းပြသမျှကို နားထောင်နေသည်။ ထို့နောက် သူကမေးလိုက်သည်။
“Squidရဲ့နားနေခန်းဘယ်မှာရှိလဲ သိကြလား?”
ရှိသမျှဝန်ထမ်းအားလုံး တစ်ပြိုင်နက်တည်း ခေါင်းခါပြကြလေသည်။
သိတယ်လို့ဘယ်လိုလူကပြောရဲပါ့မလဲ။
“ကျန်းရုန်?”
အသင်း၏လက်ထောက်မန်နေဂျာက အလျင်စလို လမ်းလျှောက်ဝင်လာသည်။
“ငါနင့်ကို သန့်စင်ခန်းထဲမှာ သွားရှာနေတာ။ ဘယ်လိုနေသေးလဲ? အန်ချင်နေသေးလား? ဗိုက်ရောအောင့်နေလား? တကယ်လို့ ပြင်းထန်တယ်ဆိုရင် ဆေးရုံသွားရအောင်….”
“ဘာမှမဖြစ်ဘူး”
ကျန်းရုန်က ရေသောက်လိုက်ပြီး
“သကြားဓါတ်နည်းလို့ အန်ချင်သလိုလို ဖြစ်နေရုံတင်”
လက်ထောက်မန်နေဂျာက နားမလည်နိုင်ဖြစ်သွားသည်။
“သကြားဓါတ်နည်းရင် အန်ချင်တာလား?”
“ထင်ရတာပဲ”
ကျန်းရုန် : “ပိုင်တုမှာပြောထားတာ။ ဘယ်လိုပဲဖြစ်ဖြစ် မသေဘူးမလို့ စိတ်မပူပါနဲ့”
“……”
ဒီလို ကိုယ့်ခန္ဓါကိုယ်အား ပေါ့ပေါ့တန်တန် သဘောထားသည့်လူမျိုးကို လက်ထောက်မန်နေဂျာမှာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပေသည်။ သူ(မ)က အိတ်ထဲမှ ကွတ်ကီးထုပ်အနည်းငယ်ကို ထုတ်လိုက်ပြီး-
“ဒါဆိုရင် ဒါနည်းနည်းစားထားလိုက်။ ပြီးရင် ကားဆီလိုက်ပို့ပေးမယ် နင်နားလို့ရအောင်”
နားနေခန်းထဲရှိဆိုဖာက သေးပြီး လူနှစ်ကိုယ်စာပင်မဆန့်။ အပြင်ဘက်တွင်လည်း လူတွေက သွားလိုက်လာလိုက်ဖြင့် ရှုပ်ယှက်ခတ်နေကာ အင်မတန်ကို ဆူညံနေသည်။ ဝန်ထမ်းတွေကလည်း အခန်းထဲသို့ ဝင်လိုက်ထွက်လိုက် လုပ်နေကြသေးသည်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~