(Unicode)
ပြီးခဲ့သည့်ညက ကျန်းရုန် လုံးဝအိပ်မပျော်ဘဲ သူနိုးလာသည့်အချိန်မှာပင် ပထမဆုံးဝင်လာသည့်အသိက သူ့ချစ်သူနှင့်ဘယ်လိုများဆက်ဆံပြောဆိုရမလဲ ဟူ၍။
အခုချိန်မှာတော့ နောက်ထပ်ပြဿနာတစ်ခု ရှိနေသေးပုံပေါ်သည်။
သူနဲ့လုပေါ်ယွမ်ကတွဲနေတယ်လို့ရော သတ်မှတ်လို့ရပါ့မလား?
ဒီလိုကိစ္စမျိုးနှင့်ပတ်သတ်ပြီး ကျန်းရုန်မှာ အတွေ့အကြုံမရှိပေ။ သုံးကြိမ်မြောက်အသတ်ခံရပြီး၍ သူ့စခရင်မည်းသွားချိန်မှာတော့ ကျန်းရုန် ထိန်းမထားနိုင်တော့ဘဲ ဖုန်းကိုထုတ်ကာ အချစ်ရေးကိစ္စတွင် အတွေ့အကြုံရှိသည့် သူ့သူငယ်ချင်းဖြစ်သူကို ဆက်သွယ်တော့သည်။
[R-ong : အားလား? မေးစရာရှိလို့]
[ရှစ်လျို့ : …..မင်းဂိမ်းကစားနေရင် ဖုန်းမကြည့်တတ်ဘူးမဟုတ်လား? ဘာများဖြစ်လို့လဲ အရေးကြီးကိစ္စပဲနေမယ်]
ဂိမ်းကစားနေရင်း ကျန်းရုန် ဖုန်းမကြည့်တတ်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း ဒီတစ်ခေါက်မှာက သူကSupportကစားနေခြင်းဖြစ်ကာ Annie၏ရည်ရွယ်ချက်ကလည်း စတင်တိုက်ခိုက်ရသည်မို့ သူစကားခဏပြောလျှင်ပင် ကိစ္စမရှိပေ။
သူခပ်မြန်မြန်စာရိုက်လိုက်သည်။
[R-ong : မေးကြည့်ချင်လို့။ လူနှစ်ယောက်ကြားက ဘယ်လိုဆက်ဆံရေးမျိုးဆို တွဲနေတယ်လို့သတ်မှတ်လဲ?]
[ရှစ်လျို့ : ??????]
[ရှစ်လျို့ : မင်းတို့တွေ အကြမ်းစားလေ့ကျင့်ရေးတွေဆင်းနေရတုန်း မဟုတ်ဘူးလား? ရည်းစားထားဖို့အချိန်ရှိတယ်ပေါ့?? ဘယ်သူနဲ့လဲ?]
[R-ong : ငါတို့တွဲနေလားဆိုတာမသေချာလို့]
[ရှစ်လျို့ : ဘယ်လိုလုပ်မသေချာဖြစ်နေတာလဲ? ဘယ်အဆင့်ထိရောက်ကြပြီလဲ ပြောကြည့်။ ဖက်ပြီးပြီလား? လက်ရောကိုင်ပြီးပြီလား?]
[R-ong : ……]
[R-ong : မဖက်ရသေးဘူး]
ရှစ်လျို့မှာ ‘ဖက်တောင်မဖက်ရသေးဘဲ ဘယ်လိုလုပ်တွဲမှာလဲ’ဟု ရေးရန်ပြင်လိုက်ချိန်…
[R-ong : နှစ်စက္ကန့်စာလောက်တော့ လက်ကိုင်ဖူးတယ်။ ပြီးတော့]
[R-ong : တစ်ခါနမ်းဖူးတယ်]
ရှစ်လျို့မှာ ဖုန်းကိုကိုင်ထားရင်း တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
[ရှစ်လျို့ : မင်းကိုယ်မင်းဆန်ကုန်မြေလေးလို့မထင်ဘူးလား]
[R-ong : ?]
[ရှစ်လျို့ : ကောင်မလေးကို နမ်းတောင်နမ်းပြီးသွားပြီကို အခုချိန်ထိ တွဲနေတာမသေချာသေးဘူးလို့ လာပြောနေတာလား??]
ကျန်းရုန် : “………..”
ကျန်းရုန် ရှင်းမပြတော့ရန်သာ ဆုံးဖြတ်လိုက်ပါသည်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~