အပိုင်း(၁၂၆)

3.8K 558 30
                                    

TTC ပါဝင်ယှဥ်ပြိုင်​နေသည့် ပွဲစဥ်များကို ထုတ်လွှင့်​​နေသည့် Livestreamများတွင် ပြိုင်ပွဲပြီးသွားသည့်အခါ ကြည့်ရှုနှုန်းက ကျမသွားဘဲ မြင့်တက်လာတတ်သည်က ထုံးစံဖြစ်​နေချေပြီ။
 
သို့​ပေမယ့် ဒီတစ်​ခေါက်က​တော့ ကွဲပြား​နေသည်။ အရင်တုန်းက ပြိုင်ပွဲအပြီး အင်တာဗျူးကို လာကြည့်ကြခြင်း ဆို​ပေမယ့် အခုတစ်​ခေါက်က​တော့--
 
[ကို​မေကိုလူး HT]
 
[ပြန်ကစားခိုင်းရတဲ့ ရည်ရွယ်ချက်က​ရော? အဲဒီBugဆိုတာက​ရော တိတိကျကျက ဘာလဲ? ရှင်းမပြကြ​တော့ဘူးလား? အဲဒီအပိုင်းကို ထပ်ခါတလဲလဲ ပြန်ကြည့်ထားပြီးသား။ အခုချိန်ထိ Rishကို ​နောက်ပြန်ရစ်ခွင့်ပြုရ​လောက်တဲ့ ပြဿနာကို ရှာမ​တွေ့​သေးဘူး!]
 
[​လောင်ကျစ် ​သောက်ရမ်း​ဒေါသထွက်​နေပြီ!!! ငါ့သားဆိုတဲ့​ကောင်က​လေ ပ​ရော်ဖက်ရှင်နယ် ကစားသမား​တွေဆီက မ​ကောင်း​ပြောခံရ အသင်းငါးသင်းရဲ့ပရိသတ်​တွေဆီက​နေ ဝိုင်းအဆဲခံရ Kanကို လိမ်ကစား​နေတယ်လို့ ​ပြောတုန်းက သူ့Livestreamတစ်ခုလုံး ဖျက်ဆီးခံရ PUDကိုရှုံး​တော့ ​သောက်ရူးတစ်သိုက်က သူ့ကိုဝိုင်း​လှောင်ကြပြီး ​​အမှိုက်လို့ အ​ခေါ်ခံရရင်းနဲ့ Hot Search​ပေါ်​ရောက်သွားတုန်းက​တောင် ​သောက်မျက်ရည်တစ်စက်မကျဘူးကွ!!! ချီးပဲ ​ဒေါသထွက်ရလွန်းလို့ ​သေ​တော့မယ်!!!]
 
[ဟုတ်တယ်! လူပုတိုင်းပြည်ရဲ့ဘုရင်ကြီးလို့ အ​​ခေါ်ခံရတုန်းက​တောင် မငိုတဲ့သူ!!!!]
 
[TTCထဲကလူတိုင်း စိတ်ဓါတ်ကျသွားကြတဲ့ပုံပဲ T-T ​ရှောင်ပိုင်လည်း ငို​တော့မယ်ထင်တယ် သနားလိုက်တာ]
 
[ဂိမ်း​လေးတစ်ပွဲရှုံးတာနဲ့ ငိုကြ​တော့မယ်​ပေါ့???]
 
[အ​ပေါ်ထပ်က ​သောက်ရူးလား? ရှုံးသွားလို့ ငို​နေတယ်ထင်တယ်​ပေါ့? မဟုတ်ဘူး ​သောက်ရမ်း​အော်ဂလီဆန်လွန်းလို့ မျက်ရည်ကျ​နေတာဟ!]
 
[Roadလည်း မျက်နှာမ​​ကောင်းဘူး။ သူဒီလိုဖြစ်​နေတာကို ​နောက်ဆုံးမြင်ခဲ့ဖူးတာ မနှစ်က ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲရဲ့ Backstageမှာ]
 
[ငါလုံးဝသည်းမခံနိုင်​တော့ဘူး။ စိတ်​ပြေလက်​ပျောက်ဖြစ်​အောင် HT fan​တွေကို သွားကျုံးလိုက်ဦးမယ်]
 
[​သောက်ရူး HT မင်းတို့​တွေ ပြိုင်ပွဲ​တော့နိုင်သွား​ပေမယ့် သိက္ခါ​တော့တစ်စက်မှမကျန်​တော့ဘူး တန်ရဲ့လား?]
 
….
 
ကျန်းရုန်ကိုယ်တိုင်လည်း မျက်ရည်ကျ​လောက်သည်အထိ ​ဒေါသထွက်သွားလိမ့်မယ်ဟု မထင်ထားပါ​ချေ။
 
သူသာ ပူ​ဖောင်းဆိုပါက ​ဖောင်းခနဲ ​ပေါက်​သွား​လောက်ပြီဖြစ်ကာ ရာဘာစ​တွေမှာ ​လေထဲသို့ တွန်းကန် လွင့်ပျံသွား​လောက်​ချေပြီ။
 
ဒီလိုအ​ခြေအ​နေမျိုးကို ကျန်းရုန် ပထမဆုံးအကြိမ် ကြုံဖူးခြင်းပါပင်။ အ​စောပိုင်းက​ ယွမ်ချန်က Chronobreak အ​ကြောင်းကို Voice Chatထဲတွင် အနည်းအကျဥ်း ရှင်းပြ​ပေးထားသည်။ ဒီနှစ်​တွေထဲ ထိုလုပ်​ဆောင်ချက်က အ​တော်​လေး အသုံးများလာသည်ဟု ဆိုရမည်။ ​နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းက ​မြောက်အ​မေရိကအသင်းနှင့် ဥ​ရောပအသင်း၏ ပြိုင်ပွဲကြားတွင်ဖြစ်ကာ ​မြောက်အ​မေရိကအသင်းမှ Supportက သူ့Ultကိုသုံးမရ​သော​ကြောင့်ပင်။ ထိုကဲ့သို့ Bugအကြီးစား​တွေက Chronobreakကို လိုအပ်​​ပေသည်။
 
သို့​ပေမယ့် ဂိမ်းကို စတင်ရပ်ထားကတည်းက အဆုံးတိုင်အထိ ပွဲစီစဥ်သည့်ဘက်က TTCအသင်းသားငါး​ယောက်လုံးကို Chronobreakနှင့် စပ်လျဥ်း၍ ဘာဆိုဘာမှ ရှင်းပြလာခဲ့ခြင်းမရှိ​ပေ။  သူတို့​ပြောခဲ့သမျှက ရိုးရိုးရှင်းရှင်းသာ : “Bugရှိ​နေလို့ပါ” ဟူ၍။
 
​ပေါ်လာတဲ့Bugက ဘာအမျိုးအစားလဲ? Bugက ဘာ​ကြောင့် ​ပေါ်လာရတာလဲ?
 
Rishက စ​ကေးမသုံးနိုင်တာလား? ဖြစ်နိုင်စရာမရှိ။ အ​ကြောင်းရင်းက​တော့ ကျန်းရုန်က နှစ်စက္ကန့်အတွင်း Rishကို လက်စသတ်လိုက်ခြင်း​ကြောင့်ပင်။ သူက ကြိုတင်တွက်ဆထားပြီးသား။ ထိုအခိုက်အတန့်အတွင်း တစ်ဖက်မှာ Rish၏Flashက Cooldownကျ​နေ​ပေမယ့် သူ့ကိုယ်ပိုင်Flashက​တော့ သူ့လက်ထဲတွင် ရှိ​နေ​သေးသည်။ အခြားစကားနှင့် ​ပြောရမည်ဆိုပါက ထိုအချိန်အတွင်း Rishဘက်က ဘယ်လိုစ​ကေးမျိုးကိုသုံးသုံး ထို​သောက်ရူးက ​သေကို​​သေမှာပင်။
 
ကျန်းရုန်က အရှုံးကို လက်သင့်မခံနိုင်ခြင်း မဟုတ်​ပေ။ ဒီလို အလှည့်အ​ပြောင်းမျိုးကို လက်သင့်မခံနိုင်ရုံသာ။
 
သူတို့​တွေက Rishဆိုသည့်​သောက်ရူး မိုးကြီး​လေကြီး အာမ​ချောင်ရဲ​တော့သည်အထိ သမလိုက်ကြပြီး HTဆီမှ Double Killရ​တော့မည့်အချိန်….
 
ခံစားရခက်လွန်းသလို ​နေရထိုင်ရ အဆင်​ပြေမ​နေ။
 
သို့​ပေမယ့် HTနှင့် ပရိသတ်​တွေထဲမှ HTပရိသတ်ဆိုသည့် ​သောက်ရူးအုပ်လိုက်ကြီး​ရှေ့တွင် သူငိုဖို့က​လည်း ဖြစ်နိုင်စရာမရှိသလို စင်​ပေါ်တွင် မျက်ရည်ကျဖို့က လုံးဝမဖြစ်နိုင်​ပေ။
 
ထို့​ကြောင့် မျက်လုံး​တွေနာသည်အထိ ဝဲတက်လာသည့် မျက်ရည်စ အရိပ်အ​ယောင်​တွေကို သူ အတင်း ဖိနှိပ်ထားလိုက်သည်။
 
ကျန်းရုန်၏လက်ရှိစိတ်အ​ခြေအ​နေကို လု​ပေါ်ယွမ်လည်း သ​ဘော​ပေါက်သည်။
 
စိတ်အတက်အကျ​တွေကို ခံစားတတ်သည်က ပုံမှန်သာ။ ကျန်းရုန်က က​​လေးဘဝကို ဘယ်​လောက်ကြာကြာ အကြမ်းပတမ်း ဖြတ်သန်းခဲ့ရပါ​စေ အခုချိန်မှာ​တော့ သူက ပြိုင်ပွဲစပြိုင်ခါစ ဆယ်ရှစ်နှစ်အရွယ် ပ​ရော်ဖက်ရှင်နယ် ကစားသမားအသစ် တစ်​ယောက်သာ ဖြစ်သည်။
 
ပြိုင်ပွဲနယ်ပယ်က Stream​တွေနှင့် လုံးလုံး မတူညီရာ ဒီပြိုင်ပွဲက မမျှတဘူးဟု အားလုံးက ယုံကြည်ထားကြလျှင်ပင် စင်​ပေါ်မှာ ​လျှောက်ပြီး ပတ်ဆဲ​နေလို့​တော့ မရပါ​ချေ။ ဂိမ်းပြီးသွားလျှင်ပင် ဘာဆိုဘာကိုမှ တိုင်တန်းနိုင်စွမ်းမရှိ။
 
လု​ပေါ်ယွမ်က သူ့လက်ကို ကျန်းရုန်၏ဆံပင်​တွေ​ထက် ​နေရာယူလိုက်ပြီး သူတို့​​တွေ လက်ဆွဲနှုတ်ဆက်ရ​တော့မည်ဟု သတိ​ပေး​တော့မည့်အချိန် ရုတ်တရက် ကျန်းရုန်က ထရပ်လိုက်သည်။
 
ကင်မရာထက်ဝယ် ​စော​စောကတင် မျက်ဝန်း​ထောင့်​တွေ နီရဲ​နေခဲ့သည့် ​ကောင်​လေးက မျက်ဝန်းကို​​မှေးထားဆဲ ဖြစ်​သော်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွား​လေပြီ။
 
လု​ပေါ်ယွမ်က မျက်ခုံးပင့်သွားလျက် လက်ကိုပြန်ရုတ်​ရန်ပြင်လိုက်စဥ် ကျန်းရုန်က သူ့လက်ကို လှမ်းကိုင်လာသည်။
 
သူတို့၏လက်​ချောင်း​တွေက စက္ကန့်အနည်းငယ်စာ​လောက် ယှက်နွယ်သွားကြ​တော့သည်။
 
ကျန်းရုန်က လက်တွဲထားရာမှ လွှတ်​ပေးလိုက်ပြီး လု​ပေါ်ယွမ်၏ လက်​ကောက်ဝတ်ကိုသာ ပြန်ကိုင်လာရင်း သူက ​ပြောလာသည်။ “ကျွန်​တော် အဆင်​ပြေတယ်။ သွားပြီး လက်ဆွဲနှုတ်ဆက်ရ​အောင်”
 
ထိုမြင်ကွင်းက ဒါရိုက်တာ၏ ရည်ရွယ်ချက်ရှိရှိ အနီးကပ်ရိုက်ကူးမှုထဲတွင် ပါသွား​လေသည်။
 
HTအား တက်ညီလက်ညီ အသားကုန် ဆဲဆို​နေကြသည့် ပရိသတ်​တွေမှာ ရပ်တန့်သွားကြ​လျက်--
 
[ဒီဒါရိုက်တာရဲ့ရိုက်ချက်​တွေက ​သောက်ရမ်း………..လှတယ်!]
 
[ဂိမ်းရပ်သွားတာနဲ့ Chronobreak နှစ်ခုလုံးက ​သောက်အတုကြီးဆိုရင်​​တောင် Roadနဲ့Softက​တော့ အစစ်အမှန်ပဲ]
 
[​သောက်ရမ်း​ဒေါသထွက်လွန်းလို့ ညတွင်းချင်း ကိုရီးယားဆီသွားဖို့ ​လေယာဥ်လက်မှတ် ဖြတ်လိုက်ပြီ။ ​သောက်ချီးတဲ့မှ ​လောင်ကျစ်မရှိ​တော့ ​ခွေးလိုလိုဝက်လိုလို တိရစ္ဆာန်​တွေ​တောင် ငါ့သားကို အနိုင်ကျင့်ရဲ​နေပြီ ​သေစမ်း!]
 
[တိုက်ဆိုင်လိုက်တာ ငါလည်း အခု​လေးတင် ​လေယာဥ်လက်မှတ်ဝယ်ပြီးတယ်]
 
[အစက​တော့ Masterလည်း ကစားသမား​ကောင်း​တွေထဲက တစ်​ယောက်ပဲဆို​တော့ သိက္ခါနည်းနည်းရှိမယ် ထင်ထားတာ။ အခု​တော့ ဘာဆိုဘာမှမဟုတ်ဘူး]
 
သူတို့​တွေ လက်ဆွဲနှုတ်ဆက်ပြီး၍ စင်​ပေါ်မှ ပြန်ဆင်းလာကြပြီး​​နောက် နား​နေခန်းဆီ မဝင်​ရ​သေးခင်မှာပင် စကားများ​နေသံကို ကြားလိုက်ရသည်။
 
တင်း​ကောတစ်​​ယောက် ပြိုင်ပွဲစီစဥ်သည့် ​ခေါင်း​ဆောင်ပိုင်း​တွေနှင့် တိုက်ပွဲချနေတာ နာရီဝက်​လောက် ကြာ​နေ​ချေပြီ။
 
“ရပြီ--ရပြီ! တကယ်လို့ ​လောင်ကျစ်က ခင်များတို့ရဲ့ ​​သောက်ပုံမလာတဲ့ Bugဆိုတာကြီးကို လက်ခံ​ပေးရင်​တောင်! ငါတို့အသင်းသား​တွေရှိ​နေတဲ့ ချုံပုတ်ထဲမှာ ဘာWardမှရှိမ​နေဘူး! သူတို့​တွေ အဲဒီမှာရှိ​နေမှန်း Rishက ဘယ်လိုမှ ခန့်မှန်းနိုင်မှာလည်း မဟုတ်ဘူး! ဘယ်လို​နေ​နေ ​သေမှာပဲ! ဒီလိုBugမျိုးကလည်း စု​ပေါင်းတိုက်ပွဲရဲ့ရလဒ်ကို ​သက်​ရောက်​စေနိုင်တယ်​ပေါ့​လေ?! Chronobreakကို ထုတ်သုံးရ​တဲ့အထိ ဘာမှလိုအပ်မ​နေဘူး! ​သောက်သုံးမကျ​လိုက်တဲ့ တာဝန်ခံ!”

||Complete|| I Can Do It [MM Translation]Where stories live. Discover now