ကိုယ့်ကိုကိုယ် တစ်ကမ္ဘာလုံးမှာ ထိုးနှက်ခံရဖို့မလွယ်ဆုံးယောကျာ်းဟု သတ်မှတ်ထားသည့် ရှောင်ပိုင်တစ်ယောက် နှလုံးသားထဲအထိ ထိုးနှက်ခံလိုက်ရသည်။
[Bye : ...သူ့Livestreamကို ကြည့်နေတာလား?]
[XIU : ငါတို့ADCကြည့်နေတာ သူစပီကာဖွင့်ထားလို့]
[XIU : ဝမ်းနည်းမနေနဲ့။ Pineက ကောင်မလေးတွေနဲ့ဂိမ်းကစားရင် မင်းလည်းပြန်ကစားပြလိုက်ပေါ့ကွ]
ကျွမ်းရိပိုင် ခြောက်ကပ်ကပ် 'haha'ဟု စာပြန်လိုက်၏။
ပါတီဖိတ်ခေါ်စာတစ်ခု ပေါ်ထွက်လာသည်။
[XIU : လာ ငါ့ဆီဝင်လိုက် လူတစ်ယောက်လိုနေတာနဲ့ အတော်ပဲ]
[Bye : ပါတီထဲ ဘာလို့လူလေးယောက်ရှိနေတာလဲ?]
[XIU : တွဲကစားဖော် ကောင်မလေးသုံးယောက် ခေါ်ထားတာလေ။ ကားထွက်လို့ရအောင် မြန်မြန်တက်လိုက်စမ်းပါ!]
အနည်းငယ် တွေးတောပြီးနောက် ကျွမ်းရိပိုင်လည်း ပါတီထဲဝင်ဖြစ်သွားသည်။
XIUခေါ်ထားသည့်ကောင်မလေးတိုင်းက အသံချိုချိုလေးများနှင့်ပင်။ သူတို့အခေါ် 'ပိုင်ကော' နှင့် 'ကမ္ဘာ့နံပါတ်တစ်Support' ဆိုသည့် အသံများက အလွန်တရာ ချိုမြိန်လှသည်။
ကျွမ်းရိပိုင်ကတော့ Dariusကို ရွေးချလိုက်ပြီး အပေါ်လမ်းတွင် တစ်ကောင်ကြွက် သွားလုပ်တော့သည်။
ရှောင်ပိုင် ချုံပုတ်ထဲတွင် ယောင်လည်လည်လုပ်နေရင်း ရန်သူ့Top Laner လမ်းထဲရောက်လာမည့်အချိန်ကို စောင့်နေလိုက်၏။ ဂိမ်းထဲရှိ သူ့ကင်မရာဦးတည်ရာက ကြုံသလို လျှောက်ပြောင်းနေသည်။
စိတ်ထဲကနေ သူပြောနေသမျှ ပွစိပွစိအသံတွေကိုသာ ကျန်းယွီစုန့် ကြားနိုင်ပါက နားညီးလွန်းလို့ သေသွားလောက်ချေပြီ။
—ဒီADC ဘာကိစ္စ ငါဝယ်လာတဲ့အသားကင်တွေကို မစားတာလဲ?
—တွဲကစားဖော်ကောင်မလေးနဲ့ အတူကစားရတာက ငါ့အသားကင်တွေထက်တောင် ပိုအရေးပါတာလား?
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~