(Unicode)"မင်းအခုအရမ်းထွားလာပြီပဲ"
သူ့ရဲ့တစ်ကိုယ်တော်သရုပ်ပြပွဲကို ကျင်းပပြီးသွားသည့်နောက် ကျန်းရုန် ရှောင်ပိုင့်ဆီမှ "သတ်မှတ်ချိန်"အကြောင်း စပ်စုမည်အပြု သူ့ရဲ့မျက်လုံးထောင့်စွန်းကနေ လက်သွယ်သွယ်တစ်ဖက်က ကြမ်းပြင်ပေါ်သို့ သူဖြစ်သလိုပစ်ချထားသည့် ခြေအိတ်တို့ကို ကောက်ယူလိုက်သည်အား ဝိုးတဝါးမြင်လိုက်ရသည်။
အခုလေးတင်မှ လုပေါ်ယွမ်ကတင်းကောနှင့် စကားပြောလို့ပြီးသွားတာဖြစ်ပြီး သူက အင်္ကျီလက်ကို တံတောင်ဆစ်နားထိ လိပ်တင်ထားသည်။ အနက်ရောင်မောက်စ်ကို ကိုင်နေကျဖြစ်သည့် သူ့လက်မှာ လတ်တလော၌ ပန်းရောင်အနားကွပ်နှင့် အဖြူရောင်ခြေအိတ်ရှည်တစ်စုံကို ကိုင်ထားလေသည်။
ကျန်းရုန်၏ ပထမဆုံးဝင်လာတဲ့အသိအရ သူ့ခြေထောက်ကို လက်ဖက်ရည်စားပွဲပေါ်က ပြန်ရုတ်လိုက်၏။
"....မင်းတို့နှစ်ယောက် အဲ့တာဘာလုပ်နေကြတာလဲ?" တင်းကောက လုပေါ်ယွမ်နောက်ကနေ လျှောက်ဝင်လာခြင်း ဖြစ်သည်။ "ခြေထောက်မွှေးတွေယှဥ်နေကြတာလား? ဒီလိုကိစ္စတောင် ဘယ်သူပိုသာလဲ ပြိုင်နေကြတယ်ပေါ့ ဒီထက်ပိုကောင်းတာမျိုး ပြိုင်ဖို့မရှိတော့လို့လား?"
ဖုန်းသံတစ်ခုက ထမြည်လာသည်။ လုပေါ်ယွမ်က ခြေအိတ်တွေအား ဆိုဖာလက်ရမ်းပေါ်တင်လိုက်ပြီး ဖုန်းကိုင်လိုက်ကာ အပြင်ကိုထွက်သွား၏။
တင်းကောက အမြန်ပဲ သူ့ကိုလှမ်းခေါ်လာသည်။ "ဘယ်သွားမလို့လဲ?"
လုပေါ်ယွမ် : "deliသွားယူမလို့"
အရှေ့တံခါးကပိတ်သွားတော့မှ ကျန်းရုန် ဆိုဖာ၏တစ်ဖက်ခြမ်းကို ရွှေ့သွားလိုက်ရင်း ခြေအိတ်ကို ဖြတ်ခနဲအလျင်အမြန်ပြန်ယူလိုက်၏။ ထို့နောက် သူခြေထောက်ကိုမြှောက်လိုက်ပြီး ခြေအိတ်ကိုပြန်ဝတ်လိုက်သည်။
"ဘာလုပ်နေတာလဲ?" တင်းကောမှာ အထိတ်ထိတ်အလန့်လန့်နှင့် သူ့ကိုတားလာ၏။ "ပြန်ဝတ်ချင်လို့လား?"
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~