(Unicode)"ကိုယ်ကမိဘလား ကလေးလား?"
နောက်တစ်နေ့ရောက်လို့ တင်းကောBaseဆီရောက်သည့်အချိန် လုပေါ်ယွမ်ကလည်း အပြေးလေ့ကျင့်ခန်းလုပ်ပြီး ပြန်ရောက်ခါစဖြစ်သည်။
"မင်းသွားပြေးတာလား? မင်းခန္ဓါကိုယ်ကရော သက်သာသေးလို့လားကွာ? ဒီလိုနေ့ခင်းပိုင်းကြီး...." အပေါ်ထပ်ကိုတက်တော့မည့် လုပေါ်ယွမ်ကို တင်းကောကတားလိုက်ပြီး "ပြီးတော့ မင်းကိုဒီအကြောင်းဘယ်နှစ်ကြိမ်တောင် ထပ်ပြောရဦးမလဲ? အမှိုက်သွားပစ်ရင်တောင် ဦးထုပ်တော့ဆောင်းသွားပါကွ ၊ အိမ်ပတ်ဝန်းကျင်မှာ ပရိသတ်တွေ လာပြီးစားတဲချနေတတ်တာ မသိဘူးလား....."
"ကျွန်တော်အဝေးကြီးမသွားပါဘူး" လုပေါ်ယွမ်မှာ ကူကယ်ရာမဲ့စွာ ရပ်လိုက်ရပြီး သာမန်ကာလျှံကာ ပုဝါတစ်ထည်ကို ကောက်ကိုင်လိုက်ပြီး သူ့မျက်နှာကိုသုတ်လိုက်၏။ "ပြီးတော့ ကျွန်တော်အဲ့အကြောင်းကိုပြောပြီးသားလေ အဲ့လောက်ထိမဆိုးသေးဘူးလို့"
"မင်းကိုယ်မင်း တစ်ချိန်လုံး သာမန်လူလို့တွေးနေတာတွေ ရပ်လိုက်တော့ ၊ နည်းနည်းလောက်နိုးထစမ်းပါ ၊ မင်းရဲ့တန်ကြေးက အချို့အနုပညာရှင်တွေထက်တောင် ပိုမြင့်တယ်နော်!" တင်းကောပြောပြီးသည့်နောက် လုပေါ်ယွမ်ရဲ့လက်ကိုကြည့်လိုက်ပြီး "လက်ကနာနေတုန်းလား? ငါသာမိုမီတာသွားယူလိုက်ဦးမယ်....."
လုပေါ်ယွမ်က Break roomဆီ ဦးတည်ကာလျှောက်သွားလိုက်သည်။ "ကျွန်တော်တိုင်းကြည့်ပြီးသား အဖျားကျသွားပြီ ၊ လက်ကလည်းအဆင်ပြေပါတယ်"
( T/N : Break roomဆိုတာ ကော်ဖီတို့၊မုန့်တို့ထားတဲ့နေရာကိုပြောတာပါ။ မီးဖိုချောင်သဘောမျိုးပေမယ့် အတိအကျတူတာမျိုးတော့မဟုတ်ဘူး)
တင်းကောက သူ့နောက်ကနေ လိုက်ဝင်လာသည်။ "ဆရာဝန်ပြောတာကြားတယ်မလား မင်းရဲ့လေ့ကျင့်ချိန်က တအားများနေသေးတယ်တဲ့။ ဒီလိုဆိုရင်ရောဘယ်လိုလဲ ၊ နောက်ပြိုင်ရမယ့်ပွဲက Throneနဲ့လေ ၊ ဒီရာသီမှာသူတို့ကသာမန်လောက်ပဲဆိုတော့ အဲ့ပွဲကျရင် Moonကိုလွှတ်လိုက်မယ်? မင်းနားလို့ရတာပေါ့"
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~