(Unicode)"မင်းစကတ်ကိုထပ်လှန်ခွင့်မပြုဘူးနော်"
ကျန်းရုန်တစ်ယောက် ထိုမက်ဆေ့ချ်ကိုမြင်ချိန်မှာတော့ ခဏလောက် သူ့ဖုန်းကိုကြောင်ကြည့်နေမိသည်။
ဘယ်လိုချွဲရမလဲသူသိတယ်ပေါ့? သူ့ကိုယ်သူတောင် သတိမထားမိပါလား....
ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ပြီးသွားသည်ကိုလည်း ပြန်ပြင်ဆင်လို့မရသလို အခုချိန်၌ သူသိသည်၊မသိသည်ကလည်း အရေးမပါတော့ပေ။ အလျင်အမြန်ပဲ Group chatထဲကစကားဝိုင်းက နောက်ထပ်အကြောင်းအရာတစ်ခုဆီ ကူးပြောင်းသွားသည်။ Fighting Tigerနဲ့ယှဥ်ပြိုင်ရမည့်ပြိုင်ပွဲက မကြာခင်မှာ ရောက်လာတော့မည်ဖြစ်တဲ့အတွက် နားရက်မှာတောင် တင်းကောကအနားမနေပေ။ တင်းကောက Fighting Tigerအဖွဲ့သားတွေရဲ့ ပြိုင်ပွဲတွေအတွင်းမှာ လုပ်တတ်တဲ့အလေ့အကျင့်တွေနဲ့ pick/banအဆင့်မှာဆို ဘယ်အရာတွေကိုအာရုံစိုက်သင့်ကြောင်း သူတို့အားပြောပြတတ်သည်။
Group chatထဲ ပြန်လည်ငြိမ်သက်သွားသည့်အခါ ကျန်းရုန် သူ့ဖုန်းအားအိတ်ကပ်ထဲထည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ Rankကစားဖို့အတွက် စာကြည့်ခန်းထဲသွားဖို့ ရည်ရွယ်လိုက်သည်။
သို့သော် သူတံခါးဖွင့်လိုက်သည့်အချိန်၌ စာကြည့်ခန်းတံခါးကို ခပ်ကျယ်ကျယ်ဖွင့်ထားသည်အား သူတွေ့လိုက်ရသည်။ လုပေါ်ယွမ်က gaming chairပေါ်တွင် သက်တောင့်သက်သာ မှီလျက်ထိုင်နေကာ ပြိုင်ပွဲReplayတစ်ခုကို ကြည့်နေသည်။
အနောက်ကလှုပ်ရှားသံတို့ကိုကြားသည့်အခါ လုပေါ်ယွမ်ကလှည့်ကြည့်လာပြီး တိတ်တိတ်လေးအခန်းဆီပြန်တော့မည့်သူအား လှမ်းခေါ်လာသည်။ "ဂိမ်းကစားချင်လို့လား?"
"အွန်း" ကျန်းရုန်တန့်သွားပြီး "တအားကြီးကစားချင်တာတော့မဟုတ်ပါဘူး ဒီတိုင်းပျင်းလာလို့"
လုပေါ်ယွမ်က ဗီဒီယိုကြည့်နေရာမှထွက်လိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ ကွန်ပျူတာရှေ့မှ နေရာဖယ်ပေးလိုက်သည်။ "ရပါတယ် မင်းကစားတာကိုယ်ကြည့်နေမယ်"
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~