(Unicode)"ကျွန်တော်သူ့ကိုမတိုက်နိုင်လို့"
Champအကြိုရွေးချယ်စဥ်အတွင်း ကိုယ့်အသင်းသားတွေ ဘယ်Skinရွေးထားတယ်ဆိုသည်အား မြင်နိုင်လေသည်။ ကျန်းရုန်မှတ်မိသလောက်တော့ အစောပိုင်းက သူRuneတွေပြင်ဆင်ပြီးသည့်အချိန်ထိ ထန်ချင်းသုံးနေသည့်Skinက အတော်လေးရှားပါးစျေးကြီးတဲ့ "PAX Twisted Fate"ဖြစ်ကာ ဒီ၄၅ယွမ်တန်စုံတွဲSkinမဟုတ်ပါချေ။
ဒီလိုနှစ်ကူးအကြိုရက်ကြီး ဂိမ်းကစားတာတောင်မှ သိတဲ့သူတွေနဲ့ဝင်တိုးမယ်လို့ ဘယ်သူထင်မှာလဲ။ ကျန်းရုန် သူ့အသင်းဖော်ရဲ့Profileကို တစ်ချက်ဝင်ကြည့်ကြည့်လိုက်သည်။ ထန်ချင်းက Diamond 1မှာဖြစ်ကာ သူ(မ)ရဲ့အနိုင်ရနှုန်းကသိပ်မမြင့်သော်ငြား 53%တော့ရှိနေဆဲပင်။ မကြာခဏဆိုသလို သူ(မ)ကိုင်တတ်တဲ့Champတွေက Mid Lanerတွေချည်းဖြစ်တာမို့ ဒီလောက်Rankထိရအောင် သူ(မ)ကိုယ်တိုင်ကြိုးစားခဲ့ရသည်ဆိုသည့်အချက်က ထင်ရှားလေသည်။
ဒီတစ်ပွဲမှာတော့ ကျန်းရုန်က Top Laner Kalistaနှင့်ကစားနေခြင်း ဖြစ်သည်။ သူစိတ်မပါလက်မပါနှင့် itemsတွေဝယ်လိုက်ပြီး baseကနေစတင်ထွက်လာလိုက်သည်။ "ကျွန်တော်တို့level 1 team fightရမလား?"
လုပေါ်ယွမ်က တစ်စုံတစ်ခုကြောင့် မအားမလပ်ဖြစ်နေပုံပေါ်ကာ စက္ကန့်အနည်းငယ်ကြာမှ သူကပြန်ဖြေလာသည်။ "မလုပ်သေးနဲ့ဦး၊ သူတို့ဘက်မှာ Caitlynနဲ့Blitzcrankရှိတယ်။ မင်းရဲ့laneဆီပဲသွားလိုက်"
ကျန်းရုန်လည်း နားလည်ကြောင်းအသံပြုလိုက်ပြီး သူ့ရဲ့Champအား အပေါ်လမ်းဆီ ဦးတည်လိုက်သည်။
[ရှောင်ထန်လည်းCarryချင်တယ်လေ : နင်တို့အရမ်းကြိုးစားနေကြတာနော်။ ဒီလိုရက်မျိုးမှာတောင် duo queueပြီး လေ့ကျင့်နေကြသေးတာလား?]
သူ(မ)က "နင်တို့"ဟုပြောလာသော်ငြား လုပေါ်ယွမ်ကိုသာရည်ရွယ်ပြီး မေးနေခြင်းဖြစ်ကြောင်း အထင်အရှားပင်ဖြစ်သည်။ သူနှင့်လည်းမရင်းနှီးသည်ကြောင့် ကျန်းရုန်စာမပြန်ဖြစ်လိုက်။
သို့သော်လည်း အချိန်အတော်ကြာတဲ့အထိ သူ့ရဲ့နားကြပ်ထဲကနေ မည်သည့်စာရိုက်သံမှထွက်မလာပေ။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~