စားသောက်ပွဲပြီးစီးသွားတော့ အသင်းသားတိုင်းက ကိုယ့်အစီအစဥ်နှင့်ကိုယ်မို့ တင်းကောက အသင်းအတွက် ကားစီစဥ်မနေတော့ချေ။ နောက်တစ်နေ့ နိုးလာကြတော့မှ လူတိုင်းက ကိုယ့်ဘာသာ ပြန်လာရမည် ဖြစ်သည်။
သူတို့က အာရုံတက်ချိန်လောက်မှ လက်စသတ်ထားသည်ဖြစ်ရာ ကျန်းရုန်မှာ အိပ်ရေးဝဝမအိပ်ရသေး။ ထိုခဏ၌ ခေါင်းကကိုက်ခဲနေသလို ခြေထောက်တွေကလည်း နာကျင်နေကာ သူတို့တွေ အခန်းပြန်အပ်သည့်အချိန် သူ့တစ်ကိုယ်လုံးကို လုပေါ်ယွမ်ပေါ် ပစ်မှီထားရသည်။
လုပေါ်ယွမ်က သူ့အခြေအနေအရ နောက်တစ်နေ့ ထပ်နေချင်သေးပေမယ့် ကျန်းရုန်က စဥ်းတောင်မစဥ်းစားဘဲ ခေါင်းခါငြင်းလိုက်ခြင်း။ သူက အဲ့လောက်ထိနုတဲ့သူမဟုတ်ဘူး ၊ တစ်ညကို ယွမ်သောင်းဂဏန်းရှိတဲ့ဟိုတယ်မှာ အချိန်ပိုနေဖို့ လိုအပ်မနေ။
Baseဆီပြန်ရောက်လာတော့ ကျန်းရုန် သူ့အိပ်ရာပေါ်တွင် တိုက်ပွဲကျသွားတော့သည်။ သူ့မှာ အထုတ်အပိုးပင် မဖြည်နိုင်ရှာ။
ညနေစောင်းသည်အထိ သူအိပ်မိသွားသည်။
Pineက အိမ်ပြန်သွားပြီး ယွမ်ချန်က သူ့ကောင်မလေးနှင့် ချိန်းတွေ့နေသည်။ ညနေ ၅နာရီ၌ TTC၏လေ့ကျင့်ရေးအခန်းထဲတွင် လူတစ်ယောက်တည်းသာ ရှိနေ၏။
တစ်နေကုန်လုံး နားပူအောင် အဆူခံရပြီးနောက် ရှောင်ပိုင်က ဘဝကြီးကို ခါးသပ်စွာဖြင့် သကြားမပါသည့် ကော်ဖီတစ်ခွက် သွားဖျော်လိုက်သည်။ သူတစ်ငုံသောက်ပြီးရုံရှိသေး လေ့ကျင့်ရေးအခန်းတံခါးဖွင့်သံကို ကြားလိုက်ရတော့ သူလှမ်းကြည့်လိုက်မိသည်။
ထို့နောက် သက်ရှိယမမင်းနှင့် အကြည့်ချင်းသွားဆုံတော့သည်။
ယမမင်းက လည်ထောင်လက်ရှည်အင်္ကျီကို ဝတ်ထားသည်။ တစ်နေကုန်လုံး အိပ်လိုက်ပြီးနောက် နည်းနည်းတော့ အားပြန်ပြည့်လာပြီဆိုပေမယ့် သူ့မျက်ဝန်းအောက်မှာ မျက်ကွင်းမည်းတွေက ရှိနေဆဲ။
ဆံပင်ကိုဖွနေရင်း လုပေါ်ယွမ်ဆီမှ ရီပလိုင်းရောက်လာကြောင်း ကျန်းရုန် တွေ့လိုက်ရသည်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~