အပိုင်း(၁၁၂)

4.4K 560 43
                                    

ကြားထဲရှိနားချိန်က အရမ်းကြီး မကြာသည့်အတွက် ပရော်ဖက်ရှင်နယ် ကစားသမား ဆယ်ယောက်မှာ ပြိုင်ပွဲစင်ပေါ်ကို ပြန်ရောက်လာချေပြီ။ ခဏလောက် စောင့်ဆိုင်းပြီးနောက် ဂိမ်းက ဒုတိယမြောက် Pick/Banအဆင့်သို့ ရောက်သွားသည်။

PUDဘက်က သူတို့အမှားကို သေသေချာချာ နားလည်သွားပြီး လုပေါ်ယွမ်နှင့် Carry Junglerချင်းယှဥ်ရန် ကြိုးစားမလာတော့ပေ။ ထိုအစား တိုက်ပွဲစသည့်နေရာနှင့် တိုက်ပွဲကို ပိုင်းခြားရာ၌ အထူးတလည် ကောင်းမွန်သည့် Tank Jungleကို ဆွဲထုတ်လာသည်။

“ထို့ထို့က သူ့Lilliaကို ဘာလို့မရွေးတာလဲ?” သူတို့နောက်တွင် ရပ်နေသည့် တင်းကောက ပြောလာ၏။ “သူ့ကစားပွဲမှတ်တမ်းကို စစ်ကြည့်တာတော့ အခုတလော Lilliaကစားထားတာ မနည်းဘူး”

ယွမ်ချန် : “အဲ့ကောင်က Carry Junglerဘက် ပိုသွားတာကိုး။ ပြီးခဲ့တဲ့ပွဲတုန်းက သူမကိုင်တွယ်နိုင်တော့ ခေါင်းဆောင်ဆီက အတီးခံရပါများပြီး လန့်သွားတာနေမယ်”

“အမှန်ပဲ။ အခုနောက်ပိုင်း ကစားသမားအသစ်တွေက စိတ်ဓါတ်ပိုင်းကျရင် တအားပျော့ကြတာ။ အရင်က ထို့ထို့ ကစားတာ ဘယ်လောက်တော်တော် ဖိုင်နယ်မှာ ကစားဖူးတာ သူ့အတွက် ပထမဆုံးဆိုတော့” တင်းကောက ပြောပြီးသည့်နောက် သူတို့အသင်း၏ Mid Lanerကို မျက်ဝန်းထောင့်ကနေ မြင်လိုက်မိပြီး “သေချာပေါက် လူသစ်တိုင်းက အဲ့လိုချည်းပဲတော့ ဘယ်ဟုတ်မလဲ။ တစ်ယောက်ယောက်ကတော့ ဖိုင်နယ်မှာ ကစားနေရတာတောင် အိပ်ချင်နေတုန်း…..ကျန်းရုန် အဆင်ပြေသွားပြီလား? ဘယ်လိုလဲ နည်းနည်း ပိုတက်ကြွလာလား?”

ကျန်းရုန်၏လေသံက ထုံးစံအတိုင်း။

“အဆင်ပြေသွားပြီ”

အနီးတွင်ထိုင်နေသည့် ရှောင်ပိုင် : “……”

မင်းကတော့ အဆင်ပြေသွားပြီ

လောင်ကျစ်ကတော့ သောက်ရမ်း အဆင်ပြေမနေဘူးဟ

အများသုံးအိမ်သာသုံးရင် ဘယ်သူကများ ဝင်ပေါက်တံခါးကို လော့ခ်ချကြလို့လဲ? ဘယ်သူမှမလုပ်ဘူး ဟုတ်တယ်ဟုတ်? ပုံမှန်လူတွေသာဆို ဘယ်သူမှမလုပ်ဘူး ဟုတ်တယ်မလား?? အထူးသဖြင့် အထဲမှာက လူနှစ်ယောက်တည်း ရှိနေတာ---သူ့ကောနဲ့ကျန်းရုန်မှာ တိုးတိုးတိတ်တိတ် ဆွေးနွေးရမယ့် လျှို့ဝှက်ဗျူဟာတွေများ ရှိနေလို့လား? အဲဒီလိုဆိုရင်တောင် အသင်းကို ရှောင်စရာမလိုဘူးလေ။

||Complete|| I Can Do It [MM Translation]Donde viven las historias. Descúbrelo ahora