ကိုယ့်ဆီလာ
ထိုကဲ့သို့သောကွန်မန့်တွေက barrageထဲတွင် အလျင်အမြန်ပဲနစ်မြှုပ်သွား၏။သတင်းပေးဖို့လာသည့် လူတွေဘယ်လောက်များများ၊Road၏ပရိတ်သတ်တွေရဲ့ စိတ်အားတက်ကြွမှုတွေနှင့်တော့ မယှဥ်နိုင်ချေ။
အခြားStreamerတစ်ယောက်ရဲ့အကြောင်းကို Barrageထဲတွင်ပြောနေကြသည်ကိုမြင်တော့ ပရိတ်သတ်တွေကဒေါသတကြီးနဲ့ သူများရဲ့အောင်မြင်မှုကိုကပ်ပါးရပ်ပါးမှီခိုဖို့လုပ်နေသည်ဟု ရှုတ်ချဖို့ပြင်လိုက်ချိန်မှာပဲ-
"ဘာside accountလဲ?" လုပေါယွမ်က ခွက်အလွတ်ကိုကိုင်ထားရင်း ပြန်ထိုင်ချလိုက်သည်။
[မင်းကိုcyberstalkingလုပ်နေတဲ့side accountပါ]
[မင်းတို့အားလုံး ငါ့သားလေးကိုမျက်နှာသာပေးကြပါဦးကွာ!ဒီမှာလူတွေဒီလောက်များနေတာကို! ဒါနဲ့ သူ့ရဲ့side account homepageက http/....]
လုပေါယွမ်က ထိုwebpageကိုနှိပ်ဖို့ပြင်လိုက်စဥ်မှာပဲ "Linkပို့ခြင်း"ကြောင့် တစ်ဖက်လူက modရဲ့banခံလိုက်ရတာနှင့် အဆုံးသတ်သွားသည်။
Modတွေရဲ့လှုပ်ရှားမှုက အတော်လေးမြန်သည်။လုပေါယွမ် barrageထဲမှာထပ်ရှာကြည့်သော်လည်း Linkကိုရှာမတွေ့တော့ချေ။ထို့ကြောင့် သူ့ဘေးနားမှာထိုင်နေသည့်ဝန်ထမ်းကို လှည့်မေးလိုက်၏။ "တကယ်လို့အခြားတစ်ယောက်ရဲ့ livestream roomထဲကို သွားကြည့်ရင်ရော ကျွန်တော့်videoကရပ်သွားမှာလား?"
Softရဲ့ Livestreamဆီ လုပေါယွမ်ဝင်လိုက်ချိန်မှာတော့ တစ်ဖက်လူက side accountရဲ့visitor accessကိုဘယ်လိုပိတ်ရမလဲ စုံစမ်းရှာဖွေနေသည်။
လူငယ်လေးက လက်တိုT-shirtကိုဝတ်ထား၏။သူက သူ့ရဲ့တံတောင်ဆစ်ကို စားပွဲပေါ်တင်ထားပြီး accountကိုprivateလုပ်လို့ရသည့်optionကို ရှာမတွေ့သည်ကြောင့် စိတ်ပျက်နေသောအမူအရာနှင့် ဆံပင်တွေကိုဖွနေသည်။
"ဒီplatformကဘာဖြစ်နေတာလဲ....ငါအဲ့ဒီside accountထဲကို ပိုက်ဆံတွေဒီလောက်ထည့်ထားတာ ဒါကနတ်ဘုရားအဆင့်customerမဟုတ်ဖူးလား? ဘယ်လိုတောင် နတ်ဘုရားရဲ့dataတွေကို ဒီလိုလူတိုင်းကြည့်လို့ရအောင်ပြထားတာလဲ?"
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~