ကစားကွင်း၏လေထုထဲ၌ အာတာပူစီရနံ့ချိုချိုလေးတွေနှင့် ပြည့်နှက်နေသည်။
ကလေးတွေက သူတို့မိခင်လက်တွေကိုဆွဲလျက် သကြားလုံးတွေကို လက်ထဲဆုပ်၍ ပျော်ရွှင်နေကြသလို သက်တူရွယ်တူ သူငယ်ချင်းအုပ်စုတွေက ဘေးချင်းကပ်လျှောက်လျက် ပျော်ပျော်ရွှင်ရွှင် ရယ်မောနေကြသည်။ စုံတွဲတွေဟာလည်း ကြည်ကြည်နူးနူး ပူးကပ်နေကြလျက် အချို့ဆိုလျှင် ဘေးနားတွင်ဘယ်သူမှမရှိသယောင် နမ်းသူကနမ်း ၊ နားရွက်လေးကို တို့သူကတို့နှင့်...
လောကကြီးတစ်ခုလုံးက အချိန်ကောင်းရနေပုံပေါ်၏။ ကျွမ်းရိပိုင်တစ်ယောက်တည်းကသာ အနွေးထည်ထူထူအိတ်ကပ်ထဲ လက်နှစ်ဖက်လုံးထည့်၍ ငူတူတူ ငိုင်တိုင်တိုင်ဖြင့် ခုံတည်းရှည်ပေါ် ထိုင်နေမိသည်။
ခပ်လှမ်းလှမ်းက ချားရဟတ်ကို သူငေးကြည့်နေရင်း Pineပြောလိုက်သည့်စကားတွေက သူ့အာရုံထဲ၌ ဝေ့ပတ်သွားလာနေ၏။
ဘာလို့ နောက်ထပ် ဟန်မဆောင်ချင်တော့တာလဲ? အစတုန်းက ဟန်ပြသက်သက်ဆိုရင်တောင် နောက်ပိုင်းကျ လုပ်ရိုးလုပ်စဥ်ဖြစ်လာတာပဲ မဟုတ်ဘူးလား? ပြီးတော့ သူတို့နှစ်ယောက် ပုခုံးဖက်ရိုက်ထားတဲ့ဓါတ်ပုံကို နောက်ခံဓါတ်ပုံအဖြစ်ထားတာကလည်း တကယ့်သူငယ်ချင်းအရင်းကြီးတွေ လုပ်တတ်တာမျိုးလေ။
အခုလက်ရှိ ကျွမ်းရိပိုင် စိတ်ထဲကနေ ဘယ်လိုပဲပြန်ပြောနေပါစေ—ကျန်းယွီစုန့်ရှေ့တွင် သူရပ်နေချိန်မှာတော့ တစ်ခွန်းမှ ပြန်မပြောနိုင်ပါချေ။
ကျန်းယွီစုန့် ဒေါသထွက်နေတာလား သူတွေးကြည့်မိ၏။ သူအကြာကြီးစဥ်းစားကြည့်ပေမယ့်...အရင်တုန်းက ကျွန်းယွီစုန့် သူ့အပေါ် ဒေါသထွက်တာမျိုး မရှိဖူးတဲ့ပုံပဲ။ တစ်ခါတစ်လေ ရှောင်ပိုင် အပူကပ်လွန်းလို့ သူစိတ်ရှုပ်လာပြီဆို မျက်မှောင်သာကျုံ့သွားတတ်ပြီး အမြန်ဆုံး ပုံမှန်ပြန်ဖြစ်သွားသည်ချည်းသာ။
ပြီးတော့...သူ့ကို ကျန်းယွီစုန့် ဒေါသထွက်စရာအကြောင်းကလည်း ရှိမှမရှိတာ ဟုတ်တယ်မလား?
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~