(Unicode)
မဟုတ်သေးပါဘူး မင်းကအရမ်းအသုံးမကျတာပဲ
နောက်တစ်နေ့၏နေ့လယ်ခင်း သူနိုးလာသည့်အချိန်တွင် သူ့ဖုန်းဆီပို့ထားသည့် မက်ဆေ့ချ်အနည်းငယ်ကို ကျန်းရုန်မြင်လိုက်ရသည်။
[ရှစ်လျို့ : နိုးပြီလား အစ်ကိုကြီး]
[ရှစ်လျို့ : ငါကြားတာတော့ အဖွဲ့အစည်းဘက်မှာ ပြုပြင်မှုအကြီးစားတွေ ထပ်လုပ်ဖို့ပြင်နေတယ်တဲ့၊ အခုရက်ပိုင်းlivestreamတွေမှာ ထိန်းထိန်းသိမ်းသိမ်းနေဦး တအားလျှောက်ဝေဖန်မနေနဲ့]
ကျန်းရုန်က သူ့မျက်လုံးကိုပွတ်လိုက်ပြီး "ငါသိပြီ"ဟု စာပြန်လိုက်သော်လည်း အရမ်းတော့စိတ်ထဲထည့်မထားလိုက်ပေ။
Livestreamအဖွဲ့အစည်းဘက်က ဟိုဟိုဒီဒီပြုပြင်မှုတွေ ပြုလုပ်တတ်သော်လည်း နောက်ဆုံးမှာတော့ အကုန်မထူးမခြားနားသာ။ သူက ကာမရာဂစိတ်တွေဖြစ်အောင် လှုံ့ဆော်နေခြင်းမျိုး မဟုတ်သလို၊ ဂိမ်းအားအနှောင့်အယှက်ပေးနေခြင်းမျိုးလည်း မဟုတ်သည့်အတွက် သူ့အပေါ်ကိုမသက်ရောက်နိုင်ပေ။
Livestreamလွှင့်ရန် အချိန်မရောက်သေးသည့်အတွက် Weiboထဲကိုခဏလောက်ဝင်ကြည့်ရန် ကျန်းရုန်ဆုံးဖြတ်လိုက်၏။ သူappထဲကို ဝင်လိုက်သည်နှင့် အထက်အောက်ပိုစ့်တွေအားလုံးကို တူညီတဲ့နာမည်တစ်ခုတည်းကသာ လွှမ်းမိုးထားသည်အား မြင်လိုက်ရသည်။
သူက Weiboမှာ Esportsနှင့်ပတ်သတ်သည့်Blogsတွေကိုသာ followထားသည့်အတွက် သူ့homepageတွင် Esportsနှင့်သက်ဆိုင်သည့် အကြောင်းအရာတွေသာ ပေါ်နေသည်က သဘာဝကျသည်။ လတ်တလောမှာတော့ အောက်ကိုပြန်ကျဖို့လမ်းမမြင်ပဲ Hot Searchအထိ တစ်ရိပ်ရိပ်မြင့်တက်နေသည့် သတင်းတွေလည်းရှိနေပြန်သည်။
#Roadအနားယူမည့်ကောလဟာလထွက်ပေါ်လာ#
#Road၏ငါးနှစ်တာpro careerဆီသို့ တစ်ကျော့ပြန်ကြည့်ရှုခြင်း#
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~