(Unicode)'Roadနဲ့duo queueနိုင်တာ ငါပဲရှိတယ်၊ အသုံးမကျတဲ့ဘေးလူတွေ လစ်တော့'
ပိတ်ရက်ကနီးကပ်လာသည်နှင့်အမျှ လေ့ကျင့်ရေးပွဲတွေကလည်း ဆက်တိုက်ဆိုသလို ဖြစ်လာတော့သည်။ သို့သော်လည်း Baseထဲရှိလေထုအခြေအနေကတော့ သာမန်ထက်ကို သက်တောင့်သက်သာ ဖြစ်နေပေသည်။
ပိတ်ရက်မတိုင်မီတစ်ရက်အလို၌ WZWZနှင့်လေ့ကျင့်ရေးပွဲတစ်ပွဲ ကစားခဲ့ရပြီး သူတို့လေ့ကျင့်ရေးခန်းထဲက ထွက်လိုက်သည်နှင့် ဟော့ပေါ့အနံ့ကို ရလိုက်ကြသည်။
"လေ့ကျင့်ရေးပွဲတွေ ကစားတာများလို့များ ကြောင်ကုန်ပြီလားမသိ? ဘယ်လိုဖြစ်လို့ ပျော်ရွှင်မှုအငွေ့အသက်လေးတွေ ရနေပါလိမ့်?" ရှောင်ပိုင်က နှာခေါင်းတစ်ရှုံ့ရှုံ့နှင့် မေးလာသည်ပင်။
တင်းကောကသူ့နဖူးအား ခပ်ဖွဖွလေးတောက်လိုက်ပြီး "ငါအန်တီ့ကိုဟော့ပေါ့ချက်ခိုင်းထားတာ။ မင်းတို့အားလုံးလည်း ဒီရက်ထဲအတော်လေးပင်ပန်းခဲ့တာဆိုတော့ ဟော့ပေါ့စားပြီး အနားယူလိုက်ကြတော့။ မနက်ဖြန်လည်း မနက်အစောကြီး လေယာဥ်စီးရဦးမယ်ဆိုတော့ ဒီညတော့လေ့ကျင့်ရေးပွဲတွေမရှိတော့ဘူး"
အသားနှင့်အသီးအရွက်ပန်းကန်တွေက စားပွဲတစ်ခုလုံးမှာပြည့်နေပြီး ဟော့ပေါ့အနံ့ကလည်း Baseတစ်ခုလုံးပင် မွှေးနေသည်။
ဒုတိယအသင်းသားတွေကလည်း နောက်ရက်ကျရင် သွားကြတော့မှာ ဖြစ်သည့်အတွက် တင်းကောက သူတို့ကိုပါ အတူစားရန် Wechatကနေလှမ်းခေါ်ထားသည်။ တင်းကောက နောက်ထပ်စားပွဲခုံတစ်ခုံကို ဘေးမှာပြင်ဆင်ထားလိုက်ပြီး သူတို့အား ထိုနေရာ၌ ထိုင်ခိုင်းလိုက်သည်။
သူတို့က တစ်ယောက်နှင့်တစ်ယောက် အနီးအနားမှာနေသည် ဖြစ်သော်ငြား ကျန်းရုန်ကတော့ တစ်ခေါက်မှသူတို့နှင့် စကားမပြောဖူးသေးပေ။ အစကတည်းက သူကအစားစားရင်း စကားများတတ်သူမဟုတ်တာကြောင့် အခု အားလုံးက တက်တက်ကြွကြွ စကားပြောနေချိန်တွင် သူကပါးစပ်ပိတ်ပြီး စားနေလိုက်ရုံသာ။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~