အပိုင်း(၁၂၁)
TTCဆီကနေ ကဏ္ဍပေါင်းစုံကို သင်ယူသင့်တယ်!
ဒီတစ်ခေါက်က ကျန်းရုန်အတွက် ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဥ် ဖြစ်သည်။ ရှန်ဟိုင်းကနေ ဆိုးလ်မြို့အထိ လေယာဥ်စီးချိန်က ၂နာရီမျှသာဖြစ်ရာ လေယာဥ်ပေါ်မှဆင်းချိန် အနားတစ်ဝိုက်ရှိလူတွေက သူနားမလည်သည့် ဘာသာစကားပြောနေသံကို ကြားတော့မှ တကယ်ကို သူများနိုင်ငံဆီရောက်နေမှန်း ခံစားမိတော့သည်။
ဒီတစ်ခေါက်မှာတော့ ကျန်းရုန်က ကျောပိုးအိတ်တစ်လုံးနှင့် လက်ဆွဲခရီးဆောင်အိတ်တစ်လုံးကို သယ်လာဖြစ်သည်။ ကျောပိုးအိတ်ကိုယူလာရသည့် ရည်ရွယ်ချက်ကတော့ သူနဲ့လုပေါ်ယွမ်၏ကီးဘုတ်တွေကို ထည့်ရန်ပင်။ ခရီးဆောင်အိတ်ထဲ ရောထည့်မည်ဆိုပါက ပျက်ဆီးသွားမည်ကို ကြောက်ရပေသည်။
ကျောပိုးအိတ်ကိုလွယ်ရင်း ခရီးဆောင်အိတ်နှစ်ခုကို လက်ကတွန်းနေသည့် သူ့ပုံစံက ခရီးသွားတစ်ယောက်အတိုင်း။
ခဏကြာပြီးနောက် သူ့ဇက်ပိုးက အနှိပ်ခံလိုက်ရသည်။ လေယာဥ်ပေါ်တွင် အတော်ကြာ တစ်ရေးအိပ်ခဲ့သည့် လုပေါ်ယွမ်၏အသံက အနည်းငယ် နက်ရှိုင်းနေလျက်။ "ကိုယ်သယ်လိုက်မယ်"
ကျန်းရုန်က ငြင်းလိုက်သည်။ "မလိုပါဘူး။ လေးမှမလေးတာ"
လုပေါ်ယွမ်က သူ့စကားကို နားမထောင်ပေ။ သူက ကျောပိုးအိတ်ကြိုးနားတစ်ဝိုက်မှာ လက်ချောင်းတွေကို ကွေးလိုက်ပြီး လက်တစ်ဖက်တည်းနှင့် ကျောပိုးအိတ်ကို ကောက်မလိုက်သည်။ "ချွတ်လိုက်"
ဒီပုံစံမျိုး အကြာကြီးကိုင်ထားပါက လက်နာသွားမည်ကို ကျန်းရုန်မှာ လန့်သွားလျက် ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ကျောပိုးအိတ်ကို ချွတ်လိုက်ပြီး လုပေါ်ယွမ်ကိုသာ လှမ်းပေးလိုက်ရသည်။
လုပ်ထုံးလုပ်စဥ်တွေကို ကျော်ဖြတ်ပြီးသည့်နောက် သူတို့အား လာကြိုသည့် ကိုယ်စားလှယ်ကို တွေ့လိုက်ရပြီး ထိုလူက တက်တက်ကြွကြွဖြင့် သူတို့ကို ဘတ်စ်ကားဆီ ခေါ်လာပေးသည်။
BINABASA MO ANG
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~