တော်တော်ကြီး ဥာဥ့်နက်နေချိန်မှ အသင်းသားတွေ၏ အပြင်ဘက်ရှိ အသံတွေကို လုပေါ်ယွမ် ကြားလိုက်ရသည်။
တကယ်တမ်း Baseက အတော်အသင့် အသံလုံပေမယ့် Pineကလွဲ သူတို့အသင်းလို အသံကျယ်ကျယ်တွေ မူးလာသည့်အခါမှာတော့ အသုံးမဝင်တော့ချေ။
လုပေါ်ယွမ် သူ့အောက်ကလူ တောင့်တင်းသွားသည်အား ခံစားမိလိုက်ပြီး သူ့တစ်ဝိုက်ရှိ ခြေတံတွေသည်လည်း အလိုလို တင်းကျပ်သွားသည်။
လုပေါ်ယွမ် ဆက်မလှုပ်ရှားတော့ဘဲ ခေါင်းငုံ့ပြီးသာ ကျန်းရုန်ကို နမ်းလိုက်သည်။
သူတို့တွေ တစ်ချိန်လုံးနီးပါး နမ်းဖြစ်ကြသည်။ အကြည့်ချင်းဆုံတိုင်း နမ်းဖြစ်သလို သူတို့တွေ ခံစားချက်ကောင်းနေပြီး တစ်ခါတစ်ရံ ကျန်းရုန်ဆီက အသံထွက်လာသည့်အခါ ကျန်းရုန်က သူ့မျက်နှာကို ဖုံးလိုက်ချင်တိုင်းလည်း လုပေါ်ယွမ်က ပြုံးလိုက်ပြီး သူ့ကိုနမ်းလာမည်သာ။
အပြင်ဘက်တွင် ပြန်လည် တိတ်ဆိတ်သွားသည်။ ကျန်းရုန်၏ ရှေ့ဆံပင်တွေမှာ ချွေးတွေရွှဲနေလျက် မောဟိုက်နေသည်။
ကျန်းရုန်ဆိုသည့်လူက သူများတွေလောက် မတောင့်မဖြောင့်ရင်သာ နေမယ် သူက အားအရမ်းသန်ပြီး လူသန်ကလေးဟုတော့ တစ်စိတ်တစ်ပိုင်း သတ်မှတ်လို့ရသည်မျိုး။ သူ့ဘေးချင်းကပ်အခန်းမှ အစ်မကိုဆိုရင် ပစ္စည်းတွေ သူကူသယ်ပေးနေကျ။ သူက အိတ်ကြီးတစ်ထုပ်ကို လက်တစ်ဖက်တည်းနှင့်ပင် ကောက်မနိုင်သည်။
သို့သော် အခုချိန်မှာတော့ သူ့ခြေထောက်ကို နေရာရွှေ့ရန်ပင် ခက်ခဲနေပေသည်။
ကျန်းရုန် ပင်ပန်းနေပြီကို လုပေါ်ယွမ်လည်း သိတာကြောင့် သူ့မျက်ဝန်းထောင့်လေးကို လက်မနှင့် ပွတ်သပ်လိုက်ပြီး “ရေချိုးခန်းထဲခေါ်သွားပေးမယ် ၊ ပြီးရင် အိပ်ပေတော့”
ကျန်းရုန်က ပြန်လှည့်ကြည့်လာသည်။ ထပ်ခါထပ်ခါ တံတွေးမြိုချပြီးမှ သူက ခေါင်းခါလိုက်ရင်း “…..ခေါင်းဆောင်ပြီးမှသွားမယ်”
ကိုယ်သဘောကျသူနှင့် ဒီလိုအရာမျိုးတွေ လုပ်ပြီဆိုပါက တစ်ယောက်တည်းကပဲ ခံစားလို့ကောင်းနေလျှင် အဓိပ္ပါယ်မရှိပါချေ။
ESTÁS LEYENDO
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~