(Unicode)
Metaတိုင်းကနတ်ဘုရား
ကျန်းရုန် သူ့နားကြပ်ကိုချွတ်ပြီး backstageသို့ဆင်းသွားချိန်၌ ဒီတစ်ခေါက်ပွဲ၏ အသေးစိတ်အချက်အလက်တွေမှာ အကြီးစားဖန်သားပြင်ပေါ်တွင် ပြသပြီးနေချေပြီ။
"အမ်?" ရှင်းလင်းတင်ဆက်သူAမှာ အံ့သြသွားသည်။ "Softရဲ့damage outputက ကျွန်တော်ထင်ထားသလောက်မနိမ့်ဘူးပဲ"
"အဲ့လိုမှမဟုတ်ရင် ဒီပွဲက ဘယ်လိုဖြစ်လို့ မိနစ်လေးဆယ်လောက်ကြာမှာလဲ? ဂိမ်းအလယ်ပိုင်းလောက်က team fightပွဲတွေမှာဆို တစ်ဖက်ကdamageပေးသမားကိုတောင် သူကရှင်းပစ်နိုင်တော့မလို့" ရှင်းလင်းတင်ဆက်သူBမှာ စိတ်မကောင်းဖြစ်နေသည်။ "ကံမကောင်းဘူးပဲပြောရမယ်ဗျာ။ Fighting Tigerမှာက Tahm Kenchရှိနေတယ်လေ။ မဟာမိတ်ကို ကာကွယ်ပေးနိုင်တဲ့ သူ့ရဲ့စွမ်းရည်က တော်တော်လေးStrongတော့ Softလည်း မကိုင်တွယ်နိုင်တော့ဘူး။ ပြီးတော့ နောက်ပိုင်းမှာ Softကစိတ်လောနေတယ်ဆိုတာလည်း အားလုံးအမြင်ပဲမလား"
နားနေခန်းဆီပြန်ရောက်သည့်အချိန် ကျန်းရုန် ပထမဆုံးပြောလိုက်သည်မှာ "ကျွန်တော့်အမှားပါ"ဟူသည့် စကားပင်ဖြစ်သည်။
"မင်းနဲ့ဘာမှမဆိုင်ဘူး။ ငါကိုယ်တိုင်ကသဘောတူပြီး Fizzကိုရွေးခိုင်းလိုက်တာ" တင်းကောက ကတိုက်ကရိုက် သူ့ကိုနှစ်သိမ့်ပေးပြီးမှ ဆက်ပြော၏။ "Fighting Tigerနဲ့ပြိုင်ရမယ်ဆိုရင် ဗျူဟာကိုဗျူဟာနဲ့တိုက်တာ အကောင်းဆုံးပဲ"
ကျန်းရုန်က ခေါင်းလည်းမငြိမ့်သလို စကားလည်းပြောမလာခဲ့ပေ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ပြီးခဲ့သည့်ပြိုင်ပွဲအတွင်း အကြီးမားဆုံးပြဿနာကို ထောက်ပြလာပါက သေချာပေါက်သူသာဖြစ်လိမ့်မည်။
အစကတည်းက သူကကူညီထောက်ပံ့ပေးရတာမျိုးတွင် မကျွမ်းကျင်ပေ။ အထောက်အပံ့ပေးသည့်ကိစ္စရပ်၌ ထူးချွန်သည့်သူတွေနှင့် ကြုံရသည့်အခါမှာတော့ သူ့ရဲ့အားနည်းချက်တွေက ပိုပြီးသိသာလာတော့သည်။
သို့သော်လည်း အခုက ကိုယ့်ကိုကိုယ်အပြစ်တင်နေရမည့်အချိန် မဟုတ်သလို ရှက်နေရမည့်အချိန်လည်း မဟုတ်ပါချေ။ ပြိုင်ပွဲစင်ပေါ်သို့ ပြန်သွားရဦးမည်ဖြစ်ပြီး ဆက်လက်ပြိုင်ပွဲဝင်ရဦးမည်ပင်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~