အပိုင်း(၁၂၈)
[ဖေဖေရှိတယ် ကောင်းကောင်းကစား]
ဒီတစ်ကြိမ်က MSIစတင်ကျင်းပကတည်းက TTCဘက်မှ HTအား 'တရားဝင်' တုံ့ပြန်လာခြင်း ဖြစ်သည်။
ဒီလို ကြမ်းတမ်းသည့် သာမန်ရီပလိုင်းတစ်ခုက နိုင်ငံခြားမှ ပရိသတ်တွေနှင့် ပရော်ဖက်ရှင်နယ် ကစားသမားတွေကို ထိတ်လန့်သွားစေ၏။ ပွင့်လင်းလွန်းပါသည်ဟု ပြောစမှတ်တွင်ထားသည့် ဥရောပနှင့် မြောက်အမေရိကအသင်းတို့ပင် ဒီလိုပုံစံမျိုးနှင့် တစ်ယောက်ယောက်ကို ပြက်ရယ်ပြုရဲသည်မဟုတ်။ သူတို့သာဆိုလျှင် အများဆုံးလုပ်မည်က ဓါတ်ပုံတစ်ခုကို ပြုပြင်ပြီး တင်ရင်တင် မဟုတ်ပါက မထိတထိ သရော်စာမျိုး ရေးတင်ရုံသာ။ ဘယ်သူကိုမှ နာမည်တပ်ပြီး ပြောကြမည်မဟုတ် ၊ @တစ်ဖက်အသင်းတရားဝင်အကောင့်ကို မန်းရှင်းဖို့ဆို ထားတော့။
ဖီလာအားဖြင့် တစ်ဖက်ရှိ ပြည်တွင်းမှပရိသတ်တွေကတော့ ရင်တစ်ချက်မခုန်။
နဂိုက ကီးဘုတ်ကိုကောက်မပြီး တိုက်ပွဲဆီချီတက်ရန် ဟန်ပြင်နေသည့် အဆဲသန်တို့အုပ်စုက ကီးဘုတ်လေးတွေကိုပိုက်လျက် သူတို့၏ ဂိမ်းကစားသည့်ထိုင်ခုံတွေပေါ်တွင် ပြန်ထိုင်ချလိုက်ကြသည်။ ပြီးနောက် ထိုင်ခုံနောက်မှီကိုပင် မှီလျက် ကွာစေ့စားရင်း ကျန်းရုန်၏ အသစ်စက်စက် Twitterအကောင့်အောက်တွင် ဗရုတ်ကျကြတော့သည်။
[ဟူး သောက်ကလေး ဒီလိုကိစ္စထဲ ဘာကိစ္စ ကိုယ်တိုင်ဝင်ပါရတာတုန်း? မင်းလုပ်ရမှာက ငြိမ်ငြိမ်လေးနေပြီး အကောင်းဆုံး လေ့ကျင့်နေရုံပဲ အခြားဘာမှဂရုစိုက်မနေနဲ့]
[စာမတတ်ပေမတတ် နွားခရမ်းသီးလေးကလည်း ဒီလိုအကောင့်တွေဖွင့်တတ်တာပဲလား?]
[အတည်ပြုထားတဲ့သင်္ကေတကို ကြည့်ဦး သူ့အတွက် TTCစီမံခန့်ခွဲမှုဌာနက ဖွင့်ပေးထားတဲ့ပုံပဲ။ တင်းကောက ရက်ရောချက်ဗျာ]
[ဒီခေါင်းပြာက တင်းကောလည်ပင်းကို ဓါးနဲ့ထောက်ပြီး ဖွင့်ပေးခိုင်းတာပဲနေမယ် တင်းကောဘဝလည်း လွယ်မနေပါဘူးကွာ]
[ကိုရီးယားရောက်နေတာ ဒီလောက်ကြာပြီ အန္တာရာယ်ကင်းကြောင်းလေးဘာလေးတောင် Weiboဆီဝင်ပြီး ဖေဖေတွေကို အသိမပေးနိုင်ဘူး ၊ သူများကိုဆဲဖို့ကျတော့ သူထိပ်ဆုံးကပဲ မွေးရကျိုးမနပ်တဲ့သား!!]
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~