[Unicode]အဲ့ဒီလက်က ဆုတွေအများကြီးကိုင်ခဲ့ဖူးတဲ့ အဖိုးတန်လက်ကွ
ထွက်ပြေးမယ့်အစီအစဥ်ကလည်း မဖြစ်နိုင်တော့ ကျန်းရုန်ခမျာ ကုတင်ခေါင်းရင်းမှာ တင်ပျဥ်ခွေထိုင်ရင်း သူ့ဘေးနားကကုတ်အင်္ကျီကို စိတ်ညစ်ညစ်နဲ့ ထိုင်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
သူ "ငှားထားသည့်"ကုတ်အင်္ကျီက အခုဆိုလျှင် ဆိုးဆိုးဝါးဝါးကိုတွန့်ကြေနေသည်မို့ မနေ့ညက သူဘယ်လောက်တောင်လူးလှိမ့်နေခဲ့မယ်ဆိုတာ စဥ်းစားကြည့်ရန်ပင်မလိုပေ။ သူအင်္ကျီကိုကောက်ကိုင်ပြီး အနံ့ခံကြည့်လိုက်တော့ အရက်နံ့ပါစွဲနေလေ၏။
ထို့ကြောင့် သူကုတ်အင်္ကျီရဲ့ brand ကိုမှတ်ထားလိုက်ကာ အသစ်တစ်ထည်သာ ပြန်ဝယ်ပေးလိုက်ဖို့ စိတ်ကူးလိုက်တော့သည်။
သူဂျတ်ကတ်ကို လက်ထဲကချပြီးသည်နှင့် ရှစ်လျှို့ပို့လာတဲ့မက်ဆေ့ခ်ျတွေကို စဖတ်ကြည့်လိုက်၏။
မက်ဆေ့အနည်းငယ်ပင်ဖြစ်သော်ငြား သူ့မှာအသက်ရှုဖို့ပင် အချိန်ခဏယူလိုက်ရလေသည်။
[Shiliu : ဘယ်လိုဖြစ်လို့ မင်းရဲ့ wfတွေ ငါ့ဆီရောက်လာကြတာလဲ?]
[Shiliu : ဘာတွေဖြစ်နေတာလဲ? သူတို့ပြောတာ မင်းမူးနေတယ်ဆို....]
[ "Voice call missed" ]
[Shiliu : သွားပြီ ဖုန်းကစပီကာဖွင့်ထားတာကွ!]
[Shiliu : ဖုန်းကိုင်တာဘယ်သူလဲ ဘယ်ရောက်နေတာလဲကွာ အဆင်ရောပြေရဲ့လား?]
ဒါဇင်ကျော်တဲ့မက်ဆေ့ခ်ျတွေကို ဖတ်ပြီးသွားသည့်နောက်မှာတော့ ကျန်းရုန် သူ့ဆံပင်တွေကိုပါ လက်နဲ့ဆွဲဆုပ်လိုက်မိပြီး ခဏကြာတော့မှ စာပြန်လိုက်နိုင်သည်။
[R-ong : အဆင်ပြေပါတယ်]
၂စက္ကန့်လောက်ကြာတော့ သူမနေနိုင်ပဲ နောက်တစ်ကြောင်းထပ်ပို့လိုက်မိ၏။
[R-ong : မနေ့ကဖုန်းကိုင်တဲ့လူဘာပြောသွားသေးလဲ....]
[Shiliu : သူပြောတာကအရေးမကြီးဘူး တကယ့်ပြဿနာကမင်း]
ကျန်းရုန် ခေါင်းထဲကပါစူးခနဲဖြစ်သွားပြီး အလျင်အမြန်ပဲချရေးလိုက်သည် : ရပြီ မပြောနဲ့တော့.....
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~