[Unicode]174.1
TTCရဲ့နားနေခန်းထဲမှ လူတကာကိုလန့်ဖြန့်သွားစေလောက်သည့် ရှောင်ပိုင်နှင့်ယွမ်ချန်းရဲ့ရယ်သံကျယ်ကြီး ဟိန်းထွက်လာ၏။
ရှောင်ပိုင်မှာ ရယ်ရလွန်းလို့ ဆိုဖာပေါ်ကပင်ပြုတ်ကျလုမတတ်။ ထို့နောက် သူ့ကိုယ်သူဆိုဖာပေါ် ပြန်ပြင်ထိုင်လိုက်ရင်း တံခါးပေါက်နားမှာထိုင်နေသည့် Pineအားလက်ညှိုးထိုးလျက် ပြောလာသည်။ "P-baby တံခါးမြန်မြန်လော့ခ်ချလိုက်"
Pine : "ဘာလို့လဲ"
ရှောင်ပိုင် ရယ်ရလွန်းလို့ ကျလာတဲ့မျက်ရည်တွေကို သုတ်လိုက်ပြီး "အဲ့ဒီသောဖူဖူ ငါတို့နားနေခန်းဆီလာပြီး သွေးထွက်သံယိုကိစ္စတွေလာလုပ်မှာစိုးလို့"
တင်းကောတော့TVကိုကြည့်ရင်း နံရံကိုလက်ထောက်ကာ စဥ်းစားနေမိသည်။ သူဒီနှစ်ပိုင်းတွေထဲ အတော်လေးသက်တောင့်သက်သာရှိခဲ့ပုံပေါ်၏။
ဒါ့ကြောင့် ရလဒ်အနေနဲ့ ကောင်းကင်ဘုံက သူ့ကိုနှိပ်စက်ဖို့ ဒီလိုလူမျိုးကို သူ့ဆီပို့လိုက်ပုံပင်။
တင်းကော သူ့ဘေးမှာရှိနေတဲ့ အသင်းရဲ့လက်ထောက်မန်နေဂျာကို လှည့်မေးလိုက်သည်။ "ငါတို့Softနဲ့ချုပ်ခဲ့တဲ့စာချုပ်မှာ ငါတို့ဘက်ကအရင်ဖျက်သိမ်းခဲ့ရင် လျော်ကြေးဘယ်လောက်ပေးရမယ်ဆိုတာ မင်းမှတ်မိသေးလား"
လက်ထောက်မန်နေဂျာက ပြန်ဖြေလာ၏။ "မမှတ်မိတော့ဘူးဗျ၊ ဘာလို့လဲ"
တင်းကော : "သူနဲ့စာချုပ်ဖျက်သိမ်းလိုက်ကြတာပေါ့။ နောက်လာမယ့် ငါ့ဘဝသက်တမ်းတစ်ဝက်အတွက် ကိုယ့်ဟာကိုပျော်ရွှင်မှုတွေဝယ်တယ်လို့ပဲ သဘောထားပြီး လျော်ကြေးကိုငါပဲပေးလိုက်မယ်"
"......"
အခုချိန်မှာ သူဒီလိုပြောနေသော်ငြား၊ သူ့အသင်းသားဖန်တီးခဲ့တဲ့ အရှုပ်ထုပ်တွေကို သူပဲတာဝန်ယူရဦးမည်သာ။
စက္ကန့်အနည်းငယ်အကြာ၌ တင်းကောအံကြိတ်လိုက်ပြီး ဆိုလာ၏။ "ခဏလောက်နေရင် LPLမှာ ကစားသမားတွေကို ဘာတွေပြောခွင့်ပေးထားလဲ သွားကြည့်ဦးမယ်။ ကျန်းရုန်ပြောတဲ့အထဲ မသင့်တော်တဲ့စကားတွေပါပေမယ့် အနည်းဆုံးတော့ ညစ်ညမ်းတဲ့စကားတွေမပါဘူးလေ။ ပြီးတော့ Weiboကိစ္စက.....ဘယ်သွားမလို့လဲ"
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~