(Unicode)သူသာ ကို့ရို့ကားယားဖြစ်တယ်လို့ မခံစားရသရွေ့ လုပေါ်ယွမ်ကသာ ကို့ရို့ကားယားဖြစ်တယ်လို့ ခံစားရမယ့်သူပဲ
TTC၏ဒုတိယအသင်းက လက်ရှိLDL၏နွေဦးရာသီပွဲတွင် အခြေအနေသိပ်မကောင်းပေ။ ထို့ကြောင့် ဒုတိယအသင်း၏နည်းပြက ထိုအကြောင်းကို ဆွေးနွေးရန် တင်းကောအား အခေါက်ခေါက်အခါခါ လာရှာခဲ့သည်။ တင်းကောဘက်မှ ပထမအသင်းမှအသင်းသားတွေ၏ သဘောတူချက်ကိုရပြီးသည့်နောက် ဒုတိယအသင်းနှင့် လေ့ကျင့်ရေးပွဲကို စီစဥ်လိုက်ခြင်းပင်။
ဒုတိယအသင်းမှအသင်းသားတွေက လော်ဘီထဲသို့ဝင်လာပြီးနောက် သူတို့က တစ်ယောက်ချင်းစီကို 'ကော'တပ်ခေါ်ကာ နှုတ်ဆက်လာကြသည်။
[TTC-K ရှောင်ယာ : ရုန်ကော မင်္ဂလာညနေခင်းပါ]
ကျန်းရုန်တစ်ယောက် 'ကော'ဟုအခေါ်ခံလိုက်ရသည်ကို မြင်သည်နှင့် အားလုံးက ဝိုင်းရယ်လာကြသည်။
[TTC°Qian : အဲ့လိုမခေါ်နဲ့လေ။ ရှောင်ရုန်ကမင်းထက်တောင်ငယ်သေးတယ်]
[TTC-K ရှောင်ယာ : .....ဒါဆို ကျွန်တော်သူ့ကိုဘယ်လိုခေါ်ရမလဲ? 0.0]
[TTC°Bye : 'Esportsလောကရဲ့နတ်ဘုရား']
ကျန်းရုန် သူ့နားကြပ်ထဲမှ ရှောင်ပိုင်၏ နားကွဲလုမတတ်ရယ်သံကို လစ်လျုရှုလိုက်ပြီး မျက်နှာသေနှင့် စာရိုက်လိုက်သည်။
[ငါကစားတာသာကြည့်လိုက် : Softလို့ပဲခေါ်လို့ရတယ်]
[TTC-K ရှောင်ယာ : ကောင်းပြီ!]
ကစားပွဲထဲဝင်သွားသည့်နောက် ရှောင်ပိုင်က အကျင့်ဖြစ်နေသည့်အလျောက် Scoreboardကိုဖွင့်လိုက်ပြီး အရင်ကတည်းက သူပြောချင်နေခဲ့သည့် ပြဿနာအား ဖွင့်ဟလာသည်။
"ကျန်းရုန် မင်းIDကိုကြည့်လိုက်"
ကျန်းရုန်၏အတွေးတွေက သူ့အခန်းထဲတွင် ကျန်ခဲ့သည့်Ipadကိုသာ အာရုံစိုက်နေမိသည်။
"ငါ့IDကဘာဖြစ်နေလို့လဲ"
ရှောင်ပိုင် : "ငါတို့ဟာတွေနဲ့မလိုက်ဖက်ဘူး"
CITEȘTI
||Complete|| I Can Do It [MM Translation]
Dragosteတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~