(Unicode)မဖြစ်နိုင်လိုက်တာ၊ ဒီလောကကြီးထဲ နတ်ဘုရားလုရဲ့ချန်ပီယံskinမရှိတဲ့လူ ရှိသေးတယ်ပေါ့??
သူတို့ထိုင်ခုံတွေဆီသို့ ဆက်သွယ်ထားပေးသည့် လှေကားထစ်တွေကိုဖြတ်၍ လုပေါ်ယွမ်ဆင်းသွားပြီး သူ့ထံသို့ မေးခွန်းထုတ်သည့်သဘောဖြင့် ပြန်လှည့်ကြည့်လာသည့်အခါမှ ကျန်းရုန်မှာ သတိပြန်ဝင်တော့သည်။
လုပေါ်ယွမ်က သူ့ရဲ့ညာဘက်လက်အား လုံးဝသတိမမူမိလောက်သည့်အနေအထားဖြင့် ကွေးချည်၊ဆန့်ချည် ပြုလုပ်နေသည်အား သူမြင်လိုက်ရသည်။ သူလည်းပဲ သူ့လက်တွေပင်ပန်းလာလျှင် ထိုသို့လုပ်လေ့ရှိသည်။
ကျန်းရုန် သူ့နားကြပ်ကို စားပွဲပေါ်ချလိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်ပြီး လက်ဆွဲနှုတ်ဆက်ရန် လုပေါ်ယွမ်နောက်မှလိုက်လာခဲ့လိုက်သည်။
လက်ဆွဲနှုတ်ဆက်ခြင်းဆိုသည်က ပြိုင်ပွဲအတွင်း အလွန်တိုတောင်းလှသည့်အပိုင်းပင် ဖြစ်သည်။ ရှုံးသွားသည့်သူတွေမှာ စကားပင်မပြောချင်သည့်အချိန်တွင် ထိုအပိုင်းအခြားအား အနိုင်ရသူတွေက ကြွားလုံးထုတ်ရန် အသုံးပြုတတ်ကြသည်။
Fighting Tiger၏ကစားသမားတွေကတော့ သာမန်လူတွေနှင့် သိသိသာသာကို ကွဲပြားလေသည်။
အစပိုင်းအသင်းသားတွေက သိပ်မဆိုးပေ။ အများဆုံးမှ သူတို့က 'နတ်ဘုရားလုကအံ့သြစရာကောင်းလိုက်တာ' ဟု ပြောကြသော်လည်း တာ့နျိုအလှည့်ရောက်သည့်အခါမှာတော့....
အားနျိုကပြုံးပြလာသည်။ "မင်းရဲ့Ignite Gravesကမိုက်ချက်ပဲ"
လုပေါ်ယွမ် : "ဒီလိုပါပဲ"
"နောက်ဆုံးမှ ငါတို့နည်းပြတစ်ယောက် ငါတို့Junglerရဲ့ Gravesကိုpickတတ်တဲ့အကျင့်ဆိုးကြီးကို စီမံလို့ရသွားတာ။ ဒီပွဲပြီးတာနဲ့ သူအဲ့တာကိုအရံအနေနဲ့ ရွေးပြန်ဦးမယ်" အားနျိုကသက်ပြင်းချလိုက်ပြီး "နောက်တစ်ခေါက် ငါတို့ထပ်ဆုံရင်တော့၊ early gameမှာကတည်းက သေချာပေါက် မင်းကိုချေမွပစ်မယ်"
လုပေါ်ယွမ်၏လေသံက ခံစားချက်မဲ့နေသည်။ "ခင်များတို့မလုပ်နိုင်ပါဘူး"
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~