Pine၏နှုတ်ခမ်းတွေက အေးစက်နေသည်။ သူ့ခံတွင်းထဲမှ ဆေးလိပ်နံ့ကိုရလိုက်ပြီးနောက် ရှောင်ပိုင့်စိတ်အာရုံတစ်ခုလုံး ဗလာကျဥ်းသွားတော့သည်။
သူ့တစ်ကိုယ်လုံးက တောင့်တင်းနေသည်ကို သတိပြုမိလေတော့ သူ့မေးရိုးကိုဆုပ်ကိုင်ထားသည့် Pine၏လက်က ပိုတင်းကျပ်သွား၏။
ဒီတံခါးကိုဖွင့်ဟပြီးသည်နှင့် သူ့ခံစားချက်တွေကို နောက်ထပ်ဖုံးဖိထားနိုင်စွမ်း မရှိတော့မှန်း Pine သဘောပေါက်သည်။
နောက်ထပ်တစ်ခါ ရှောင်ပိုင်ကိုထိတွေ့နိုင်ခွင့်ကပင် အလွန်ရှားပါးသွားလောက်သည်။
Pineအတွက် တွေ့ဖူးခါစ ကျွမ်းရိပိုင်က အလွန်တရာ စိတ်ရှုပ်စရာကောင်းခဲ့၏။
သူ့စကားပြောပုံက စိတ်ရှုပ်စရာကောင်းကာ တစ်ဖြည်းဖြည်း သူနှင့်နီးကပ်လာသည်က စိတ်ရှုပ်စရာကောင်းပြီး သူ့ကိုယ်သင်းနံ့သည်လည်း စိတ်ရှုပ်စရာကောင်းသလို သူ့အပြုံးတွေက စိတ်ရှုပ်စရာအကောင်းဆုံးပင်။ ဒီလောကထဲ ဒီလောက်စကားများတတ်သည့်လူမျိုး တည်ရှိနေသည်ကို Pineနားမလည်နိုင်ခဲ့။ နေ့ရက်တိုင်းမှာ ရှောင်ပိုင်က မကုန်ဆုံးနိုင်သည့် အားအင်အပြည့်နှင့်ဖြစ်ပြီး လေ့ကျင့်ရေးအခန်းထဲတွင် အသံအကျယ်ဆုံးက သူသာ။ Pineကိုချဥ်းကပ်ရသည်အား သူက အထူးတလည် သဘောကျသလို Pineဘက်က ဘယ်လိုပဲ အေးစက်စက်အကြည့်တွေကိုပေးပါစေ ခပ်ဝေးဝေးနေရန် ငြင်းပယ်တတ်စမြဲ။
ထိုသို့စိတ်ရှုပ်စရာဘဝမျိုးက နှစ်ဝက်လောက် ကြာသွားခဲ့၏။ တစ်ရက်၌ Pineက အဖျားကြီးပြီး ဆေးရုံတင်လိုက်ရသည်။
ဆေးရုံကုတင်ထက်တွင် သူနိုးလာချိန် ကျွမ်းရိပိုင်က ဆရာဝန်ကို အပူကပ်နေခဲ့သည်။ သူက ဆရာဝန်၏ဘေးတွင်ကပ်ရပ်လျက် အထပ်ထပ်အခါခါ ပြောနေသည်က 'ဘယ်တော့မှအဖျားကျမှာလဲ' ၊ 'အဖျားကြောင့် ဦးနှောက်တော့ထိမသွားလောက်ဘူးမလား' ၊ 'သူနဲ့ကျွန်တော်ကတွဲဖက်တွေ သူ့ဦးနှောက်ထိသွားရင် ကျွန်တော်ဘယ်လိုလုပ်ရတော့မလဲ' ဟူသော စကားတွေပင်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~