အခုချိန်မှာတော့ငါကသူ့ရဲ့ Junglerလေ
ကြောင်ကလေးက အေးအေးဆေးဆေးနဲ့ကျေနပ်အားရစွာ Camileရဲ့နောက်ကိုလျှောက်လိုက်နေပြီး ဂိမ်းမျက်နှာပြင်ကပင် အရင်ကထက်ကြည့်ရတာနှစ်လိုဖွယ်ရာပိုကောင်းနေသည်။
အသုံးမဝင်တဲ့ADCကိုထားခဲ့ပြီးသည့်နောက် ကျန်းရုန် နောက်ဆုံးတော့ barrageနှင့်အပြန်အလှန်စကားပြောဆိုဖို့စိတ်ပြန်ပါလာပြီဖြစ်သည်။
[စောက်ကျိုးနည်းကို "အို့"လား ဒီလောင်ဇီကမင်းကိုတောင်းဆိုနေတယ်လို့သဘောထားပြီးတော့ fountainကိုပြန်ပြီးသူ့ကိုဆဲပစ်လိုက် ဟုတ်ပြီလား?]
[မင်းဘာတွေလုပ်နေတာလဲ?စာရိုက်တဲ့ဂိမ်းကစားနေတာလား?]
[ဒီဂိမ်းအတွက်မျှဝေခံစားပေးရမယ့်လယ်ဗယ်ကတော်တော်မြင့်တယ်ထင်တယ် ငါကတော့အဲ့ဒီအတွဲအတွက်အုတ်ဂူပါတူးနေပြီ]
[မင်းကီးဘုတ်မှာဘာလို့backspaceခလုတ်ရှိနေတာလဲ?trollစစ်စစ်တစ်ယောက်က ဘယ်တော့မှနောက်ပြန်မဆုတ်ဘူး နားလည်လား?]
[အမှတ်တွေကနောက်ဆိုပြန်ရတယ် စောက်ပိန်းတစ်ကောင်ကိုတော့ဒီတိုင်းလွှတ်မပေးသင့်ဘူးလို့ ပြောတာလည်းမင်းပဲမဟုတ်ဘူးလား?ဘာလဲ ကိုယ့်စကားကိုယ်မတည်တာလား??]
ကျန်းရုန် သူ့ရဲ့ in-game micကိုပိတ်လိုက်ပြီး livestream roomကိုဖွင့်ကာ Roadရှိမနေတာသေချာတော့မှ ပျင်းရိစွာနဲ့စကားပြောလာ၏။
"ကျစ်.....ဒီနှစ်ပိုင်းတွေထဲ ဂိမ်းလောကကြီးအရမ်းပေါ့ပျက်ပျက်ဖြစ်လာတာ မင်းတို့လိုကစားတဲ့သူတွေကြောင့်ပေါ့" ကျန်းရုန်ပြောလာ၏။ "ကိုယ့်အသင်းဖော်က အမှားသေးသေးလေးလုပ်မိတာကို ဘယ်လိုတောင်သူ့မိဘတွေကိုပါဆဲနိုင်ကြတာလဲ? အစ်ကိုတို့အစ်မတို့ အင်တာနက်ပေါ်မှာလည်းထိန်းထိန်းသိမ်းသိမ်းနေကြစမ်းပါ အိုခေ? မင်းတို့တွေအနေနဲ့ သဘောထားကြီးကြီးထားပြီး အခင်အမင်မပျက်ရအောင်နေသင့်တယ် ကိုယ့်အသင်းဖော်လေးကို ရင့်ကျက်လာဖို့အခွင့်အရေးတော့ပေးသင့်တယ်လေ"
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~