(Unicode)အရူးလေးက ချန်ပီယံSkinကို မဲနှိုက်နေတာလား? မဟုတ်ဘူး သူကRoadရဲ့နှလုံးသားကို ကံစမ်းနေတာ!
လုပေါ်ယွမ်မှာလည်း သီချင်းကြောင့် ရှော့ခ်ရသွားလေသည်။
သူ့မှာ နားကြပ်ကိုကိုင်ထားရင်း ခဏလောက်တန့်သွားကာ ပြီးနောက် Barrageကွန်မန့်တွေအပြည့်နှင့် ကွန်ပျူတာရှေ့ ဝင်ထိုင်လိုက်သည်။
"သူဘယ်ရောက်သွားတာလဲ" လုပေါ်ယွမ်၏အသံမှာ အင်တာဗျူးမှာထက်ပင် ပို၍ခက်ကွဲနေ၏။
[အားးးး လောင်ကုန်းရေ TAT!!!]
[မနက်၄နာရီကြီး StarTVကိုထဖွင့်မိအောင်လုပ်ပေးလို့ ကောင်းကင်နဲ့မြေကြီးရော ရှိသမျှနတ်ဘုရားတွေအားလုံးရော ကျေးဇူးအထူးတင်ပါတယ်!]
[ဆံပင်တွေရှုပ်နေတာကလွဲရင် ဒီလိုအချိန်တောင် နတ်ဘုရားလုက အရမ်းချောနေတော့ ငါလည်းအိပ်ရာထဲကထွက်ပြီး မှန်သွားကြည့်လိုက်တာ၊ အခုတော့ဒုက္ခရောက်နေပြီ ရုပ်ဆိုးလိုက်ပုံများ ပြန်တောင်အိပ်မရတော့ဘူး]
[မသိဘူး၊ လက်သွားဆေးမယ်တော့ပြောသွားတာပဲ။ သန့်စင်ခန်းထဲ သရဲဂုတ်ချိုးသွားပြီထင်တယ်]
[နတ်ဘုရားလုရေ နေကောင်းသွားပြီလား? Softပြောတာ ရှင့်မှာအဖျားရှိနေတယ်တဲ့....မျက်နှာကြည့်ရသလောက်တော့ နည်းနည်းသက်သာလာပြီမလား?]
[လောင်ကုန်း မျက်လုံးတွေအစ်နေတဲ့ပုံက ပိုတောင်ချောသေးတယ် 555]
( T/N : 555က 'ဝူဝူဝူ'ဆိုပြီး ငိုသံကိုပြောတာပါ)
လုပေါ်ယွမ် မျက်လုံးကိုမှေးလိုက်ပြီး Barrageကို ခဏလောက် ဖတ်ကြည့်လိုက်သည်။
အိပ်ချင်စိတ်ပျောက်အောင် ထင်သည်၊ ကျန်းရုန်က မော်နီတာကို Brightnessအမြင့်ကြီး တင်ထားလေသည်။
လုပေါ်ယွမ်က လက်ကိုမြှောက်ကာ သင့်တော်သည့် Brightnessအနေအထားကို ချိန်ပေးလိုက်ပြီး ကျပန်းကွန်မန့်တစ်ခုကို ပြန်ဖြေပေးလိုက်သည်။ "အဖျားကကျသွားပြီ၊ စိတ်မပူပါနဲ့"
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~