(Unicode)
တင်းကောဆီမှ မက်ဆေ့တွေဟာ တောင်ပြိုသလို တစ်ဟုန်ထိုး ရောက်လာနေလျက်။ နောက်ဆုံးမှာတော့ တင်းကောတစ်ယောက် သူ့ခံစားချက်တွေကို မက်ဆေ့ချ်ကနေတစ်ဆင့် မပို့နိုင်တော့ဘဲ လုပေါ်ယွမ်ဆီ တိုက်ရိုက်သာ ဖုန်းခေါ်လာတော့သည်။
လုပေါ်ယွမ်က တောကောင်တစ်ချို့ကိုရှင်းလိုက်ပြီး BaseဆီRecallကာ ဖုန်းကိုင်လိုက်သည်။
“အင်း
“Merchတွေကြော်ငြာပေးနေတာ။ ပရိသတ်တွေလည်း တော်တော်လေး တုံ့ပြန်ချက်ကောင်းတယ်
“ကားချင်းတိုက်မိတာနဲ့ စကားလေးနည်းနည်းပြောရုံပါ….ဒီနေ့လည်ပြန်လာမှာလား? ပြောတော့ တစ်ညနေမယ်ဆို? သဘောပဲ ၊ လမ်းခရီးမှာဂရုစိုက်ဦး”
သူ့အသံက တည်ငြိမ်အေးဆေးနေသည်မှာ တစ်ဖက်လူက ‘ဒီနေ့ ပေကျင်းမှာ ကောင်းကင်ကြီးက ကြည်လင်နေတာပဲ ၊ မင်းကိုတောင်သတိရတယ်’ ဟု ပြောနေသည့်အတိုင်း။ တကယ်ကတော့ တင်းကော၏စကားတစ်ကြောင်းတိုင်းမှာ ‘ငလူး’က အနည်းဆုံး သုံးခွန်းပါလေသည်။
[hahahahaha တင်းကောရဲ့အသံကျယ်လိုက်တာများ စပီကာမဖွင့်ဘဲနဲ့တောင် ကြားနေရတယ်]
[ဘုရားတရားမလို့ တင်းကောကြည့်နေတာ Softရဲ့Livestreamမဟုတ်လို့ပေါ့ ၊ မဟုတ်ရင်တော့ သူရေးထားတဲ့စာတွေမြင်ပြီး ဒေါသထွက်လွန်းလို့ ရှန့်ဟိုင်ကို လေယာဥ်ပျံကြီးစီးပြီး ချက်ချင်းထပြန်လာလောက်တယ်]
[နတ်ဘုရားလုက ဒီလိုပြောပေးမယ်လို့ ထင်တောင်မထင်ထားဘူး….အရင်တုန်းက တစ်ခါမှမဆဲဖူးတဲ့သူလေ]
[ဟိုတစ်ခေါက်က အင်တာဗျူးသူကရော…..?]
[အဲ့ဒီတုန်းက အလွန်ဆုံးမှ မကျေနပ်တာထုတ်ပြောတဲ့အဆင့်ပဲလေ ဆဲတယ်လို့ဘယ်ခေါ်မလဲ။ ဒါပေမယ့်….အဲဒီတစ်ခေါက် အင်တာဗျူးတဲ့ကောင်က Softကိုဦးတည်ပြီးလျှောက်မွှေလို့ သူထုတ်ပြောတာနော် ၊ အခုလည်း RishကSoftကိုလှောင်နေလို့။ ဒါကြီးက….]
[မဟုတ်သေးပါဘူး ၊ ဟိုစောက်ရူးက LPLကိုတစ်ချိန်လုံးလှောင်နေလို့ မဟုတ်ဘူးလား?]
[မပြောကြပါနဲ့တော့ ၊ အားလုံးငါ့သားရှောင်ရှာပိရဲ့အပြစ်တွေပါ ၊ နတ်ဘုရားလုကို ဒီလောက်မွှန်သွားအောင် ညှို့ယူထားတဲ့ စော်လေး!]
(T/N : တကယ်ကို မိန်းကလေးအသုံးအနှုန်းသုံးထားတာပါ)
[ခုဏတုန်းက ငါ့ရှေ့တည့်တည့်မှာ တစ်ယောက်က HTကမိုက်လိုက်တာလို့ လာပြောနေတာနဲ့ အဲ့တစ်ယောက် ဆေးရုံပါတက်သွားရအောင် အသေတီးပေးလိုက်တယ် ၊ ငါမှန်တယ်မလား ညီအစ်ကိုတို့?]
[HTအသင်းက LPLကိုကြိတ်အထင်သေးနေတာ အမှန်ပဲ ၊ အသင်းရဲ့ဝန်ထမ်းတွေကလည်း မထူးမခြားနား။ Masterဆို အင်တာဗျူးတွေရှေ့မှာတောင် ဒဲ့လှောင်တတ်သေးတာ။ ဒီလိုအသင်းမျိုးကို အခုထိကြိုက်နေသေးတဲ့လူတွေကတော့ ခေါင်းချောင်နေတာပဲနေမယ်]
LPLဆီ လုပေါ်ယွမ် ပထမဆုံးဝင်လာသည့်အချိန်ကတည်းက အခြားကစားသမားကို ပေါ်တင်ကြီး လှောင်ပြောင်ခဲ့ခြင်းမျိုး မရှိပေ။ သူ့အရွယ်ကောင်းမှာတုန်းက ဒီလိုကိစ္စမျိုးကိုလုပ်ဖို့ မတန်သလိုခံစားခဲ့ရပြီး အခုချိန်မှာတော့ သူ့အတွက်က မလိုအပ်ချေ။ (*ဘယ်သူကမှသူ့ကိုမလှောင်ရဲတော့လို့ သူကလည်းလှောင်စရာမလိုဘူး)
သို့ဖြစ်ရာ Saviorပြန်ပေးသည့်ဘာသာပြန်ကို XIUကြားလိုက်စဥ် သူ့မှာ မေးခွန်းနှစ်ခုကို ဆက်တိုက်မေးမိသွားသည်။ “သူတကယ်အဲ့လိုပြောတာလား?” ၊ “အမှိုက်ဆိုတာဘာလဲမသိဘဲနဲ့ ငါ့ကိုတလွဲတွေဘာသာပြန်ပေးနေတာမလား?” ပင်။ ပြီးနောက် သူ့မှာ အလန့်တကြားဖြင့် ဒုတိယတာဝါဘေးတွင်ရပ်ကာ စာရိုက်မိတော့သည်…
[XIUXIUXIU : ညီကိုရေ?]
အမှန်တိုင်းပြောရလျှင် Rishစကားတွေကိုကြားတော့ XIUလည်းဒေါသထွက်ပေမယ့် သူ့အသင်းက ကိုရီးယားရွှေ့ပြောင်းကစားသမားတွေနှင့် ပြည့်နှက်နေရာ ‘ကိုရီးယားအသင်း’ဟု ပြင်းပြင်းထန်ထန် အဆဲခံထားရသည့်အသင်းဖြစ်နေသည်မို့ သူ့အတွက်က ခံနိုင်ရည်ရှိနေချေပြီ။ ထပ်ပြောရမည်ဆို သောက်ရူးတစ်ကောင်ကို စကားရိုင်းရိုင်းပြန်ပြောလိုက်လျှင် Antiတွေအတွက် ပြောစရာတစ်ကွက်ပိုသွားမည်ဖြစ်ကာ ပြစ်ဒဏ်ဆိုသည့်ဟင်းပွဲကြီးကိုပင် စားကောင်းစားရဦးမည်။ ဘယ်ရှုထောင့်ကကြည့်ကြည့် ကိုယ့်ဘက်ကအရှုံးချည်းသာပင်။
လုပေါ်ယွမ်က XIU၏မက်ဆေ့ကိုဖတ်လိုက်ပြီး တစ်စုံတစ်ရာကိုပြောမည်ကြံလိုက်စဥ် Rishက ပေါက်ပန်းလေးဆယ်တွေ ပြောလာပြန်သည်။
[Rish : ကောင်းသောနေ့လည်ခင်းပါ ဟျောင်း ၊ သူများကိုဆဲစရာမလိုပါဘူး]
အခြားပြိုင်ပွဲလိဂ်တွေအနက် လုပေါ်ယွမ်ကသာ LPLမှ နာမည်အကြီးဆုံးကစားသမား ဖြစ်သည်။ အရင်ကိုရီးယားကိုသွားပြိုင်ခဲ့စဥ်က ကိုရီးယား၏ထိပ်တန်းအသင်းများ၏ အိမ်ကွင်းမှာပင် လုပေါ်ယွမ်အတွက် ပရိသတ်များ၏Bannarအများစုကို မြင်နိုင်သေးသည်။
သည့်အပြင် နှစ်စဥ်ဆက်တိုက် ‘အကောင်းဆုံးJungler’ ဆိုသည့် ခေါင်းစဥ်ကို သူပဲရရှိခဲ့ရာ LCKမှာပင် လုပေါ်ယွမ်က စီနီယာပုံရိပ်ကို အလွယ်တကူပင် ဖန်တီးထားနိုင်ခဲ့သည်။
သို့သော် လွန်ခဲ့သည့်နှစ်တွင် Rishက LCK၏အတော်ဆုံးအသင်းဖြစ်သည့် HT၏တရားဝင်ကစားသမားဖြစ်လာကာ သူက Saviorထက် တစ်နှစ်သာကြီးသည်။ သို့ဖြစ်ရာ သူ့ကိုယ်သူ အလွန်အမင်း ကျေနပ်နေပေသည်။
[Rish : ဟျောင်း မင်းတို့အသင်းရဲ့Mid Lanerအဟောင်းက အလုပ်ပြုတ်သွားပြီလား?]
[Rish : အသင်းဘက်က Mid Lanerကောင်းကောင်းတစ်ယောက် ထပ်မရှာပေးနိုင်သေးတော့ ဟျောင်းတို့အသင်းအတွက် နှမြောစရာပဲပေါ့ ၊ အခုလက်ရှိ ဟျောင်းတို့အသင်းရဲ့ Mid Lanerက သိပ်မကောင်းဘူးမလား]
[Rish : ကျွန်တော့်စကားတွေက ဟျောင်းကိုမပျော်မရွှင်ဖြစ်သွားစေတယ်ဆိုရင် ကျွန်တော်စိတ်မကောင်းပါဘူး။ ဟျောင်း ဒီနှစ်ရော MSIကိုရောက်နိုင်ပါ့မလားဟင်? လူချင်းတွေ့ပြီးတောင်းပန်ချင်လို့ပါ]
[Savior : သောက်ရေးမပါတဲ့ သောက်ပေါလေး ၊ ကိုယ့်ထက်အကြီးစီနီယာတွေနဲ့ ဂိမ်းဆော့နေရင်းတန်းလန်းကြီး လာလေပေါနေရအောင် မင်းတို့အသင်းက စီနီယာတွေကိုလေးစားတတ်ရမယ်လို့ သင်မပေးထားဘူးလား?—XIUပို့ခိုင်းလို့ပါ ဟျောင်း]
XIU၏မက်ဆေ့ကပဲ Rishကိုအသိစိတ်ဝင်သွားစေသလား ၊ HTမန်နေဂျာကြောင့်ပဲ Rishတစ်ယောက် အသက်ထွက်သွားသလား မပြောတတ် ၊ စကားပြောနေရာမှ ရပ်တန့်သွားလေသည်။
“ဘာတွေလုပ်နေတာလဲ?”
လုပေါ်ယွမ်၏အသံက ကျန်းရုန်အား သူ့အတွေးနွံထဲမှ ပြန်ဆွဲထုတ်လာသည်။
“ကိုယ့်ကိုချောင်းပစ်မလို့လား?”
Barrageထဲမှဘာသာပြန်တွေကိုဖတ်နိုင်ဖို့ ကျန်းရုန်က Raptorစခန်းဘေးနားမှ ချုံပုတ်နားတွင် ခဏကြာသည်အထိ ရပ်နေမိခြင်းပင်။
(T/N : ဂိမ်းထဲတွင် တစ်နေရာထဲ၌ အကြာကြီးရပ်နေလျှင် စခန်းချနေသည်ဟုခေါ်ပြီး တစ်စုံတစ်ယောက်ကိုချောင်းပစ်ခြင်း ဖြစ်သည်။)
ထိုခဏ၌ လုပေါ်ယွမ်၏Nocturneက သူ့အရှေ့တည့်တည့်တွင် ရပ်နေပေသည်။
“မဟုတ်ဘူး ဘာသာပြန်တွေဖတ်နေလို့”
ကျန်းရုန် သူရိုက်ထားသမျှစာလုံးတွေကို ပြန်ဖျက်လိုက်ပြီး မောက်စ်ကိုရွှေ့လိုက်၏။
“ခေါင်းဆောင်က ကိုရီးယားလိုတတ်တာလား?”
“နည်းနည်းပါးပါးပါ”
“ဘာကို “နည်းနည်းပါးပါး” ရမှာလဲ…”
ယွမ်ချန်က တစ်ခုကိုပြန်သတိရသွားပြီး
“ငါတို့ချန်ပီယံရှစ်ရတဲ့နှစ်က ကိုရီးယားမှာသွားပြိုင်ရတာလေ။ အဲဒီတုန်းက ဖုကောကလည်း ငါတို့မရီးဆီက ဖိအားတွေတအားခံစားနေရတာနဲ့ ငါတို့မှာ ဘတ်ဂျက်လည်းနည်းနည်းပြတ်နေတာ။ ကိုရီးယားမှာ စကားပြန်တွေကလည်း တစ်ယောက်ကို အနည်းဆုံး အသင်းခြောက်သင်းလောက်ကို တာဝန်ယူထားရတော့ သူတို့မှာလည်း လက်ကိုမလည်ဘူး။ ရှောင်ပိုင်နဲ့ငါဆို ‘ထမင်းစားရအောင်’ တို့ ၊ ‘မိုက်လိုက်တာ’ တို့ ၊ ‘မင်းကသောက်ရူးလား’ တို့ကို ခြေဟန်လက်ဟန်နဲ့ချည်း ချရတာပဲ။ ခေါင်းဆောင်လည်းစကားပြောရော အလိုလေး! သူ့ကိုရီးယားလယ်ဗယ်က အဆင့်100လောက်မှာရှိတယ်”
“ဝါး အဲဒီအချိန်တုန်းကဆို ငါ့ကောက ကိုရီးယားကားထဲက လျှောက်ထွက်လာသလိုပဲ”
ရှောင်ပိုင်ကလည်း ချက်ချင်း ဝင်ပြောသည်။
“ဟိုဘာလဲ ဆော့တို့ ပတ်ခ်တို့ အဲဒီမင်းသားတွေ တစ်ယောက်မှ ငါ့ကောကိုမမှီဘူး”
ကျန်းရုန် ပြန်တွေးကြည့်လိုက်၏။ သူတို့တွေ ကမ္ဘာ့ဖလားရတဲ့နှစ်က လုပေါ်ယွမ် ၁၈နှစ်လောက်ပဲရှိသေးတာမလား?
“သူတို့ပြောတဲ့ပေါက်ကရတွေကို နားထောင်မနေနဲ့”
လုပေါ်ယွမ်က ပေါ့ပေါ့ပါးပါးပင် ဆိုလာခဲ့သည်။
“သွားရအောင်”
ကျန်းရုန်က သူ့နောက်ကနေလိုက်လာပြီး
“ဘယ်သွားမှာလဲ?”
“အရင်ဆုံး အပြာရောင်Buffယူရအောင်”
လုပေါ်ယွမ်က မြေပုံအသေးလေးကို စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်သူ့တောထဲကို အိမ်အဟောင်းဆီပြန်သလို ဝင်သွားလေသည်။
“ပြီးမှ အောက်လမ်းဆီသွားမယ်”
တို့ဖူးမှာတော့ အခုလက်ရှိနွေဦးရာသီပွဲစဥ်တစ်ခုလုံးကို ဆန့်ကျင်နေမိသလို ခံစားနေရရှာသည်။
ရာသီ၏ပထမဆုံးပွဲစဥ်မှာဆိုလျှင် သူ့ကိုယ်စားပြုချန်ပီယံကို ဆွဲထုတ်လာခဲ့သော်ငြား ခေါင်းမဖော်နိုင်အောင် အမြစ်ဖြုတ်ခြင်းသာ ခံလိုက်ရသည်။ ထိုအချက်ကြောင့် သူ့မှာပြန်အဖက်မဆည်နိုင်ကာ သူကစားနေချိန်တိုင်း တစ်စုံတစ်ခုက လွဲချော်နေခဲ့၏။ အဆုံးမှာတော့ ပွဲစဥ်တစ်လျှောက်လုံး တစ်ပွဲသာနိုင်ခဲ့ပြီး Playoffsအား နှုတ်ဆက်ခဲ့ရသည်။
အခုဆို သူ့မှာ Rankပွဲမှာတောင် အေးအေးဆေးဆေး မကစားရဘူး!
သူ့မှာ ADCမရသည့်အပြင် စနစ်က အလိုအလျောက် Supportနေရာဆီ ဖြည့်ပေးလိုက်သည်။ အဲ့သည်လောက်နှင့်တင် မလုံလောက်သေးဘဲ သူ့ပါတနာဖြစ်သူADCက အခုအချိန်ထိ ပါးစပ်ကနေ စကားအကောင်းတစ်ခွန်းမှ မထွက်ဖူးသေးသည့် ကိုရီးယားကသောက်ရူးပင် ဖြစ်နေသေးသည်။ အကယ်၍ အသင်းမန်နေဂျာကသာ တို့ဖူးကို အနီရောင်အဆင့် အကြီးအကျယ် သတိပေးမထားရင် AFKပြီး ဂိမ်းထဲကထွက်ပစ်လိုက်တာ ကြာလှနေပြီ!
တို့ဖူး ခေါင်းမော့လျက် သူ့ရမှတ်ကိုစစ်ကြည့်လိုက်တော့ 0/4/4 ဖြစ်နေသည်။
ပြီးနောက် ရမှတ်ဇယားကိုဖွင့်ပြီး Rish၏ရမှတ်ကို ကြည့်လိုက်တော့ Dravenက 1/8/3 ။
ပွဲစကတည်းက Rishက တစ်ဖက်အသင်း၏ Mid Lanerနှင့် Junglerကို စော်ကားထားသလို ဆန့်ကျင်ဘက်အောက်လမ်းသွားတွေက Summoner Riftဗားရှင်း မာကျောက်ပွဲစဥ်ကြီးကို ချက်ချင်းလက်ငင်း ပြင်ဆင်လိုက်ကြတော့သည်။ သူတို့တွေ လမ်းဆီရောက်သည်နှင့် တစ်ဖက်မှလူလေးယောက်က သူတို့အား အသင့်စောင့်နေကြသည်။ တို့ဖူးတို့အသင်းမှ Junglerကလည်း ကြုံရာကျပန်းကစားသမားဖြစ်သဖြင့် ရန်သူ့အသင်းဘက်က Gankသည့်အချိန်တိုင်း အောင်မြင်လေသည်။ နောက်ဆုံးမှာတော့ တို့ဖူးတို့အသင်းမှာ တာဝါတွေကိုလက်လွှတ်ပြီး ထွက်ပြေးရတော့သည်။
သူ့မှာ ရာသီပွဲစဥ်၏ပထမဆုံးပွဲကို ပြန်ရောက်သွားသလို ဝိုးတဝါး ခံစားလိုက်ရ၏။ သူ့ဦးနှောက်တစ်ခုလုံးမှာ Zedက သူ့ကိုလိုက်ဖမ်းနေသည့် မြင်ကွင်းများနှင့်သာ ပြည့်နေတော့သည်။
နောက်ထပ်အသေးစားတိုက်ပွဲတစ်ခု၌ အကြမ်းပတမ်း အသတ်ခံရပြီးနောက် သူ့အလောင်းပေါ် တက်ကနေသူကို တို့ဖူးမှာ စိုက်ကြည့်နေရုံသာ တတ်နိုင်သည်။ နောက်ဆုံးမှာတော့ သူသည်းမခံနိုင်တော့ဘဲ ဖင်းယင်းဖြင့် ဒေါသတကြီး စာရိုက်လိုက်၏။
[doufugg : မင်းတက်ကနေတာ လူမှားနေတယ်ဟ! ညာဘက်ကကောင်ကမှ ဟိုသောက်ရူးRish! မင်းမေလူး!!!]
တို့ဖူး၏အလောင်းပေါ် အိုင်ကွန်တစ်ခုကိုပြရင်း တက်ကနေသည့် ကျန်းရုန်မှာ တစ်စက္ကန့်လောက် ရပ်တန့်သွားသည်။
[softsndd : အို့ ဆောရီး]
တို့ဖူးတို့အသင်းမှ အသင်းသားတစ်ယောက်က အရှုံးပေးလိုက်ဖို့ကို ငြင်းဆန်နေဆဲ။ ခက်ခက်ခဲခဲဖြင့် တစ်ဖက်အသင်းမှ သူတို့၏အခြေစိုက်စခန်းကို ဖြိုဖျက်နေသည်အထိ ရှင်သန်ပြီးနောက် ပင့်သက်မောကြီးရှိုက်လိုက်ပြီး တုန်တုန်ယင်ယင်လက်ဖြင့် သူ့စီးကရက်ကို ထုတ်ယူလိုက်သည်။
ဂိမ်းထဲမှာတော့ ကျန်းရုန်က စကားပြောလာပြီး မက်ဆေ့အများအပြားကို တစ်ဆက်တည်း ပို့လာနေသည်။ ကျန်းရုန် Rishအားဆဲနေခြင်းဖြစ်မည်ဟု တို့ဖူးအတွက် ခန့်မှန်းနေစရာပင် မလိုပါချေ။
စီးကရက်ကို နှုတ်ခမ်းမှာခဲရင်း တို့ဖူး BarrageထဲမှWFတို့ ဘာသာပြန်ပေးမည်ကို စောင့်နေလိုက်သည်။
[softsndd : MSIကိုစောင့်နေလိုက် သောက်ရူး]
တို့ဖူး ဆေးလိပ်ငွေ့တွေကို ရှိုက်သွင်းလိုက်ရင်း ရုတ်တရက်ဆိုသလို လျော့သွားသည့်အမှတ်တွေက အရေးမကြီးတော့သလို ခံစားလိုက်ရသည်။
[softsndd : မင်းအဖေငါ မင်းရဲ့တရားဝင်အသင်းသားဆိုတဲ့နေရာကနေ လာကန်ချပေးလှည့်မယ်]
တို့ဖူး ခံစားချက်ကောင်းစွာဖြင့် လှစ်ခနဲ ပြုံးလိုက်၏။
ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး သူ့Streamထဲမှ ပရိသတ်အုပ်စုကို ပြောလိုက်သည်။
“မင်းတို့သိလား ဒီကောင်က တစ်ခါတစ်လေတော့လည်း မှန်တာတွေပြောတတ်သား…”
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~