အဲ့ဒီခေါင်းပြာလေးက!တကယ်တော့အမွေးတောင်စုံအောင်မပေါက်သေးတဲ့ကောင်စုတ်လေးပဲ!
ကျန်းရုန် ဖုန်းမျက်နှာပြင်ကိုလက်နှင့်တောက်လိုက်ပြီး စာလုံးများကိုဖိကြည့်လိုက်သည်။
TTC°Road,Follow 71,Follower 5.81M.
Weibo Verified:TTC Esports Club Pro Player.သူထွက်လိုက်ပြီး နောက်တစ်ခေါက်ထပ်ဝင်ကြည့်လိုက်မိပြန်သည်။
ထိုကဲ့သို့ငါးခေါက်လောက် ဝင်လိုက်ထွက်လိုက်လုပ်ပြီးချိန်တွင်တော့ တစ်စုံတစ်ခုကပြောင်းလဲသွားသည်။Road၏Followingအရေအတွက်က 71ကနေ72သို့တိုးသွားပြီး စခရင်ညာဘက်ထောင့်စွန်းက "Followထားပြီး"ဟူသောနေရာတွင် "အချင်းချင်းFollowထားပြီး"ဟုပြောင်းလဲသွား၏။
ကျန်းရုန်: "......"
ထိုမှတ်ချက်၏အောက်တွင် နောက်ထပ်ပရိတ်သတ်တွေရဲ့ပြန်စာတွေကလည်း အခု၅၀ပင်ကျော်နေပြီ။
[နတ်ဘုရားလုရေ တောင်းပန်ပါတယ်ဗျ ကျွန်တော်ကဒီတိုင်းအာချောင်လိုက်ရုံပါ အခုချက်ချင်းပဲအဲ့livestream replayကို screenshotသွားရိုက်လိုက်ပါ့မယ်]
[အမ်? ငါတကယ်ကြီးRoadကိုStreamerတစ်ယောက်ရဲ့ cmt boxမှာမြင်လိုက်ရတာလား???]
[ငါအရင်ကတော့ဘာလို့ဆိုတာနားမလည်ခဲ့ပေမယ့် အဲ့စောက်ပိန်းStreamerလေး likeပေးထားတဲ့အထဲ အားလုံးနီးပါးကRoadရဲ့postတွေချည်းပဲ]
[သူပထမဆုံးfollowခဲ့တဲ့သူကလည်းRoadပဲ!]
ကျန်းရုန်အလင်းအလျင်နဲ့အိပ်ရာထဲကနေထပြေးပြီး ကွန်ပျူတာကိုဖွင့်ကာ ထိုlivestream replayကိုဖျက်ပစ်လိုက်သည်။လှုပ်ရှားသွားတဲ့အပြုအမူတွေအားလုံးက တည့်တိုးဆန်ပြီးကျွမ်းကျင်သည်။
သူကသူ့ရဲ့ဂိမ်းဆော့သည့်ထိုင်ခုံပေါ်မှာ ခြေချိတ်ထိုင်နေပြီး သူ့လက်ချောင်းထိပ်ကလေးတွေကို တစ်တိတိကိုက်နေကာ Roadရဲ့မက်ဆေ့ချ်အပေါ်စိုးရိမ်နေခဲ့၏။
ဆယ်မိနစ်လောက်ချီတုံချတုံဖြစ်နေပြီးမှ နောက်ဆုံးတွင်ငိုနေသည့်emoticonလေးနှင့်စာပြန်လိုက်သည်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~