(Unicode)
လုပေါ်ယွမ်၏လက်ဖျားထိပ်ရှိ နွေးထွေးမှုတို့က စတော်ဘယ်ရီအရသာထဲတွင် ရောထွေးနေလျက် ကျန်းရုန်၏စိတ်အာရုံထဲသို့ တစ်ဖြည်းဖြည်း စိမ့်ဝင်လာနေသည်။ ကျန်းရုန်မှာ ပါးစပ်ဟလျက်သားဖြင့် အေးခဲသွားပြီး အူတူတူပုံစံပေါ်နေတော့သည်။
ဆူညံရှုပ်ယှက်ခတ်နေသည့် စင်နောက်ဧရိယာတစ်ခုလုံးမှာလည်း တစ်မဟုတ်ချင်း ငြိမ်ကျသွားလေသည်။
ကျန်းရုန်ဆီမှ တုံ့ပြန်မှုမရှိသည်ကြောင့် လုပေါ်ယွမ်က ငုံ့ကြည့်ကာ မေးလာသည်။
“အရသာမကြိုက်လို့လား?”
သူ့နှလုံးသားမှာလည်း လည်ချောင်းထဲတွင် ရူးရူးမူးမူး ခုန်ပေါက်နေပေသည်။ ကျန်းရုန် စုပ်လုံးကို ညာဘက်ပါးစောင်သို့ပို့လိုက်ပြီး အတတ်နိုင်ဆုံး တည်ငြိမ်သည့်ပုံစံဖမ်းကာ ပြန်ဖြေလိုက်၏။
“ကြိုက်ပါတယ်”
လူတိုင်း သတိပြန်ဝင်လာကြသည်။
သူတို့ကိုလာကြိုသည့်ဝန်ထမ်းမှာလည်း “အာ….”ကိုသံရှည်ဆွဲကာ ရှေ့ဆက်စကားမပြောနိုင်ဘဲ ဖြစ်နေပြီးမှ ဆိုလာသည်။
“ဟို….ကွန်ပျူတာတွေက စစ်ဆေးလို့ပြီးသွားပြီ။ အဆင်သင့်ဖြစ်ရင် စင်ပေါ်တက်လို့ရပြီဗျ။ ပြိုင်ပွဲက နောက်ဆယ်မိနစ်လောက်ဆို စတော့မှာ”
“ငလူး ဒါကြီးကစောက်ရမ်းသိသာသွားပြီမဟုတ်ဘူးလား…..”
XIUမှာ စိတ်ထဲမှာအော်ဟစ်နေပြီး အပြင်မှာတော့ မျက်တောင်တွေကို ဆက်တိုက် ပုတ်ခတ်ပုတ်ခတ် လုပ်နေမိလေသည်။
Saviorက လုပေါ်ယွမ်၏လက်ထဲရှိ သကြားလုံးထုတ်ကို ကြည့်လိုက်ကာ သူ့မျက်လုံးထဲမှာ မီးတောက်နေတော့သည်။ (*ဆန္ဒပြင်းပြသည်)
“ကျွန်တော်လည်း စုပ်လုံးစားချင်တယ်”
“ပြိုင်ပွဲပြီးသွားရင်ဝယ်ကျွေးမယ်”
XIUက Savior၏ခေါင်းကို ပုတ်ပေးလိုက်သည်။
“သူတို့ကိုကြည့်မနေနဲ့တော့။ မင်းပါမကောင်းတဲ့အကျင့်တွေကူးကုန်မယ်”
Savior : “?”
ဘာလို့မကောင်းတဲ့အကျင့်တွေကူးမှာလဲ?
နားကိုမလည်နိုင်ဘူး။
PUD၏အချက်အချာဖြစ်သည့် Top Lanerဖြစ်သူ 98kက အကြည့်ပြန်လွှဲသွားသည်။ သူက ကိုရီးယားကစားသမားဖြစ်သော်လည်း တရုတ်စကားကို အထူးကျွမ်းကျင်သူပင်။ သူကပြောလာသည်။
“စင်ပေါ်တက်ရအောင် ကောင်းကောင်းကစားကြ။ ငါတို့နိုင်ရင် မနက်ဖြန် မင်းအတွက် ပျော်ရွှင်ဖွယ်မွေးနေ့ပွဲလေး ကျင်းပပေးမယ်”
XIUက အော်ရယ်လိုက်ပြီး သူ့စကားကို သံယောင်လိုက်ကာ မေးကြည့်လိုက်သည်။
“ငါတို့ရှုံးသွားရင်ဘယ်လိုလုပ်မလဲ?”
98k : “အဲ့တော့လည်း မပျော်ရွှင်ဖွယ်မွေးနေ့ပွဲ ကျင်းပရတာပေါ့”
XIU : “……”
လုပေါ်ယွမ်၏အပြုအမူက အပြင်လူတွေကို မဆိုထားနှင့်၊ TTCအသင်းသားတွေကိုပင် အံ့အားသင့်သွားစေသည်။
ရှောင်ပိုင်က အနီးရှိကင်မရာကို ကြည့်လိုက်မိပြီးနောက် သူ့ခေါင်းထဲရှိမီးသီးတစ်လုံးက ဖြတ်ခနဲမီးလင်းသွားပြီး Pine၏အင်္ကျီစကို ချက်ချင်း လှမ်းဆွဲလိုက်သည်။
“Pပေါင်! မြန်မြန်! ငါ့လည်းအဲ့လိုမျိုးတစ်ခုခွံ့ကျွေး!”
Pineက အထင်အမြင်သေးစွာဖြင့် ပြောသည်။
“မကျွေးဘူး”
တင်းကောက လုပေါ်ယွမ်အား မသင်္ကာဖွယ်ပုံစံဖြင့် လှမ်းကြည့်လာသည်။
လုပေါ်ယွမ်နှင့်ပတ်သတ်ပြီး တစ်ခုခုလွဲနေသည်ဟု တင်းကော တွေးနေမိတာကြာပြီဖြစ်သည်။ အခု လုပေါ်ယွမ်က ကျန်းရုန်ကို ခွံ့ကျွေးလိုက်ချိန် သူ့ခေါင်းထဲတွင် အတွေးတစ်ခု ဖြတ်ခနဲပေါ်လာတော့သည်။
တင်းကော : “မင်း…...”
“နောက်တစ်ခါဆို နံရံတွေကို လက်နဲ့လျှောက်မထိနဲ့”
လုပေါ်ယွမ်က ကျန်းရုန်၏လက်ဆီ အကြည့်ပို့လိုက်သည်။
“လက်သုတ်လိုက်ဦး စင်ပေါ်တက်ရတော့မယ်”
ကျန်းရုန် မျက်တောင်ခတ်လိုက်ပြီး လက်ကိုမြှောက်ကြည့်လိုက်တော့မှ သူ့ညာဘက်လက်၏လက်ချောင်းထိပ်တွေမှာ နံရံပေါ်မှဖုန်တွေပေနေကြောင်း သိလိုက်ရသည်။
ကျန်းရုန် သူ့ဘောင်းဘီနှင့် လက်ကိုဖြစ်သလိုသုတ်လိုက်တော့ အမည်းရောင်ဘောင်းဘီပေါ်တွင် အဖြူရောင်အစင်းတွေက ကျန်ရစ်ခဲ့လေသည်။
အသင်းနှစ်သင်းလုံးမှ ထိုင်ခုံပေါ်တွင် နေရာမယူရသေးခင် ရှင်းလင်းတင်ဆက်သူတွေက ပြိုင်ပွဲအနေအထားကို အသက်ဝင်လာအောင် နှိုးဆွနေသည်မှာ အတော်ကြာနေလေပြီ။
“သူတို့ရောက်လာကြပြီ ရောက်လာကြပြီ နောက်ဆုံးတော့ သူတို့အားလုံး စင်ပေါ်ရောက်လာကြပြီခင်ဗျ”
ရှင်းလင်းတင်ဆက်သူAက သူ့လက်သူပွတ်နေသည်။
“ပရိသတ်ကြီးလည်း ဒီပွဲကိုမျှော်နေတာ ကြာလောက်ပြီ ဟုတ်တယ်မလား?”
ရှင်းလင်းတင်ဆက်သူB : “ပရိသတ်တွေမပြောနဲ့ ကျွန်တော်လည်းဒီပွဲကိုစောင့်လာရတာ တော်တော်ကြာပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့ပွဲက မထင်ထားလောက်အောင် ပြောင်မြောက်လွန်းတော့ ကျွန်တော်တို့LPLရဲ့ တစ်ဦးတည်းသော အမျိုးသမီးကစားသမားကို ဒီပွဲကစပြီး သူ(မ)ရဲ့နောက်ထပ်ပြိုင်ပွဲတွေကို ကျွန်တော်တော့မျှော်လင့်နေပြီ”
“အမှန်ပါပဲ”
အချိန်ကိုက်ဆိုသလို ကင်မရာက ပရိသတ်တွေဆီ ရိုက်ပြလာတော့ ရှင်းလင်းတင်ဆက်သူAမှာ အော်ရယ်တော့သည်။
“စကားမစပ်……ဒီနေ့ညရဲ့LEDဘုတ်တွေက ဘယ်လိုတွေဖြစ်နေတာလဲ?”
ဒီနေ့ည အားကစားရုံထဲတွင် ရောက်နေကြသည့်ပရိသတ်တွေကို အသင်းနှစ်သင်းကြားတွင် 50/50ရာခိုင်နှုန်းဆီ ပိုင်းခြားထားသည်။ နှစ်ဘက်စလုံး၌ LEDဘုတ်အရေအတွက်က အတူတူလောက်ရှိပြီး အချို့ပရိသတ်တွေဆိုလျှင် စာတန်းတွေကိုပြရန်အတွက် ဖုန်းတွေကိုပါ အသုံးပြုထားလေသည်။
PUDပရိသတ်တွေမှာ ပါဝင်သည်ကတော့-
[ဒိန်းခနဲသေနတ်သံကြားရင် အဲ့တာ 98kကQianရဲ့နှလုံးတည့်တည့်ကို ပစ်ချလိုက်တာ]
[မသေမျိုးနတ်ဘုရား Savior]
[Savior killed Soft]
[XIUနဲ့ထိပ်တိုက်တွေ့ရင် နောက်ပြန်ဆုတ်လိုက်တာ အကောင်းဆုံးရွေးချယ်မှုနော်]
[နွေဦးရာသီပွဲမှာ ပထမဆုံးရှုံးပွဲရသွားတဲ့ TTCကို ဂုဏ်ပြုပါတယ်!]
ဂိမ်းလောကမှာဆိုလျှင် ပြိုင်ပွဲဧရိယာထဲ ရောက်နေသူမှန်သမျှက တစ်ဖက်နှင့်တစ်ဖက် လှောင်ပြောင်သရော်နေတတ်ကြသည်ကြောင့် PUDဘက်မှLEDဘုတ်တွေက ရန်စသည့်စကားလုံးတွေနှင့် ပြည့်နေလေသည်။
သို့သော် ဒီနေ့ညမှာတော့ TTCပရိသတ်တွေမှာ သိသိသာသာကို ပြန်လည်ရန်ဖြစ်ဖို့ အာရုံမလာချေ။
[ဖြူဖြူစင်စင်ဖြတ်လျှောက်ကလေးပါ။ ဒါနဲ့ TTCရဲ့Junglerနဲ့Mid Lanerက တကယ်ကြီး အတူအိပ်ပြီးသွားကြပြီလား?]
[TTCရဲ့အောက်လမ်းသွားနှစ်ယောက်က မရိုးသားဘူး]
[Roadနဲ့Softက စောင်လေးခြုံပြီး စောင်အောက်မှာ ရိုးရိုးသားသား စကားပြောကြတယ်တဲ့]
[Road killနေတာရပ်ပါတော့ killနေတာရပ်ပါတော့]
[ပြိုင်ပွဲကိုပဲအာရုံစိုက်ကြ @TTCအသင်းသားအားလုံး ရည်းစားမထားကြပါနဲ့]
[Qian ထွက်ပြေးတော့!]
ရှောင်ပိုင့်ပုံစံက ကွန်ပျူတာပစ္စည်းတွေကို စစ်ဆေးနေပုံပေါ်ပေမယ့် သူ့အကြည့်တွေကတော့ ပရိသတ်အုပ်စုဆီ ပျံ့လွင့်နေကာ သူတွေ့ရသမျှကိုလည်း ပါးစပ်က ပြောပြနေသေးသည်။
“ဝန်ထမ်းတစ်ယောက်က သွားပြီးတော့……’TTCရဲ့Junglerနဲ့Mid Laner အတူအိပ်ကြတာလား’ဆိုတဲ့ ဆိုင်းဘုတ်ကို ယူသွားတယ် ကျန်းရုန်ရေ မင်းကိုအားပေးတဲ့bannerနည်းသွားပြီ!”
ကျန်းရုန် : “….ငါ့ကိုစကားလာမပြောနဲ့”
ယွမ်ချန်းကသက်ပြင်းချလိုက်သည်။
“ငါ့ဘဝသက်တမ်းတစ်လျှောက်လုံး…..ငါတို့အသင်းထဲကသူက သွေးတွင်းသကြားဓါတ်နည်းတယ်ဆိုတဲ့အကြောင်း စဥ်းတောင်မစဥ်းစားဖူးဘူး”
တင်းကောကမျက်မှောင်ကျုံ့လျက်။
“ငါလည်းစဥ်းစားလို့ကိုမရဘူး။ နေ့တိုင်း အစားအသောက်ကောင်းကောင်းတွေ အသားတွေအလျှံပယ်ကျွေးနေရဲ့သားနဲ့……”
Pineကဝင်ပြောသည်။
“နည်းပြ ပြင်ဆင်ပေးထားလည်း သူမစားရင် အသုံးမဝင်ဘူး”
ရှောင်ပိုင်ကလည်း အခွင့်အရေးကို အမိအရဖမ်းပြီး သတင်းပို့သည်။
“အမှန်ပဲ။ ဟိုတစ်ခါ ကျွန်တော့်ကောမှာကျွေးတဲ့ ဒင်ဆမ်းကလွဲပြီး ပြိုင်ပွဲမတိုင်ခင် တစ်ခါမှ သူမနက်စာမစားဘူး”
လူတိုင်းက တက်တက်ကြွကြွ အပြန်အလှန် စကားပြောနေကြသော်လည်း လုပေါ်ယွမ်ကသာ တိတ်ဆိတ်နေသည်။
ကျန်းရုန် အံကြိတ်လိုက်ပြီး တစ်ကိုယ်တည်းတွေးလိုက်၏။ ပြိုင်ပွဲကဘာလို့မစသေးတာလဲ?
ကစားသမားတွေ စင်ပေါ်နေရာယူပြီးသည်နှင့် ဘေးဘီဝဲယာကြည့်ခြင်းကို တားမြစ်ထားသည်ကြောင့် ကျန်းရုန်မှာ လုပေါ်ယွမ်၏အမူအရာကို မမြင်ရပေ။
ရှင်းလင်းတင်ဆက်သူA : “ကောင်းပါပြီ အခုဆိုရင် ကင်မရာက ကစားသမားတွေကို တစ်ယောက်ချင်းစီ အနီးကပ်ရိုက်ကူးပြနေပြီဗျ ဒါကပြိုင်ပွဲစတော့မယ်လို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်…..98kရဲ့သတ်ဖြတ်ချင်စိတ်တွေက တော်တော်လေးမြင့်နေသလိုပဲဗျ။ Saviorရဲ့ဆံပင်ပုံစံကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ XIUကလည်း ထုံးစံအတိုင်း အေးဆေးပဲဗျ သူ့ရဲ့လက်ဒဏ်ရာအခြေအနေ ဘယ်လိုရှိတယ်ဆိုတာတောင် မသဲကွဲဘူး”
“သူ့ရဲ့ဒဏ်ရာက တော်တော်လေး သက်သာသွားပုံရတယ် မဟုတ်ရင် ဒီနေ့ကစားပါ့မလား……အဲ ငါတို့ဒီအကြောင်းပြောခွင့်ရှိလို့လား?”
ရှင်းလင်းတင်ဆက်သူBက ခပ်ဟဟရယ်လိုက်သည်။
“နောက်ထပ်ကတော့ TTCအသင်းသားတွေပါ။ ဟ….Qianရဲ့ပုံစံက တော်တော်လေးအထီးကျန်နေသလိုပဲ….”
“ရပ် ရပ် ရပ်! ဒါကမှ ငါတို့မပြောသင့်တဲ့အကြောင်း သိပြီလား!”
ရှင်းလင်းတင်ဆက်သူAက ဝင်ထောက်သည်။
“ထုံးစံအတိုင်း နတ်ဘုရားလုက အရမ်းချောပါတယ် အဲ ဒါပေမယ့် ကြည့်ရတာ စိတ်အခြေအနေမကောင်းဘူးလားလို့?”
“….အဲ့လိုထင်ရတယ်နော်”
ကင်မရာမြင်ကွင်းပြောင်းသွားသည့်အခါ ရှင်းလင်းတင်ဆက်သူBက နားမလည်နိုင်စွာ ပြောလာသည်။
“Softကြည့်ရတာလည်း တက်တက်ကြွကြွမရှိဘူး…..TTCကလူတွေ ဒီနေ့ဘာဖြစ်နေတာလဲ? အာရုံစူးစိုက်ထားဖို့လိုတယ်လေ”
လုပေါ်ယွမ်က ပြိုင်ပွဲစဖို့ ကျန်နေသေးသည့်အချိန်ကို အကြမ်းဖျင်းခန့်မှန်းလိုက်ပြီး ကျန်းရုန်ကို မေးလာသည်။
“မင်းမသက်သာသေးဘူးမလား”
“ကျွန်တော်ကစားနိုင်တယ်”
ကျန်းရုန်က အမြန်ဆုံးပြန်ဖြေလိုက်သည်။
“ကျွန်တော့်လက်ရည်ကိုမထိခိုက်ပါဘူး”
သူပြောပြီးပြီးချင်း ပြိုင်ပွဲက pick/banအဆင့်ဆီ ဝင်ရောက်သွားသည်။
PUDက အပြာဘက်ခြမ်းတွင်ဖြစ်ပြီး သူတို့ဘက်က Lee Sinကို တန်းပြီးBanလိုက်သည်။
ရှင်းလင်းတင်ဆက်သူA : “ပုံမှန်ဖြစ်နေကျဖြစ်စဥ်ပါပဲ။ ဒီChampက လက်ရှိmetaမှာ အားနည်းသည်ဖြစ်စေ သန်မာသည်ဖြစ်စေ TTCနဲ့ပြိုင်ရတဲ့အဖွဲ့တိုင်းက Lee Sinကို အလွတ်မပေးရဲကြဘူး”
ရှင်းလင်းတင်ဆက်သူBက ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။
“အိုက်ယား ပြောရရင် နတ်ဘုရားလုရဲ့Lee Sinကို မတွေ့ရတာတောင် တော်တော်ကြာနေပြီ။ ကျွန်တော်တော့ အရမ်းသတိရတာပဲ”
ရှင်းလင်းတင်ဆက်သူAက လိုလိုလားလားကူညီသောရယ်သံဖြင့်
“မင်းသတိရတယ်ဆိုရင် Softရဲ့Livestreamဆီသွားပြီး တွေ့လို့တွေ့ရငြား သွားကံစမ်းကြည့်လေ”
ထိုအချိန်၌ ကျန်းရုန်မှာတော့ သူ့အသင်းဖော်တွေ၏အသံနှင့် ဂိမ်းထဲမှအသံတွေကလွဲ ဘာမှမကြားရသောကြောင့် ရှင်းလင်းတင်ဆက်သူနှစ်ယောက် သူတို့၏စည်းချက်ထဲ သူ့ကိုဆွဲထည့်နေမှန်း မသိလိုက်ရချေ။
ကျန်းရုန်က တစ်ဖက်အသင်း၏ Banထားသည့်စာရင်းကို ကြည့်လိုက်ပြီး အနည်းငယ် မပျော်ရွှင်သည့်အငွေ့အသက်တို့က သူ့မျက်ဝန်းအိမ်ထဲ ဖြတ်ပြေးသွားသည်။
PUD၏ပထမဆုံးBanထားသည့် Champသုံးခုက Lee Sin, Varusနှင့် Yuumi ဖြစ်သည်။
Mid champ တစ်ခုတစ်လေမျှ မပါဝင်ချေ။
ထို့ကြောင့် တင်းကောမှသူတို့အား Savior၏Oriannaကို Banချင်လားဟု မေးလာသည့်အခါ ကျန်းရုန်က အေးစက်စက် ငြင်းဆိုလိုက်သည်။
“မလိုဘူး။ သူဘာကောင်ရွေးရွေး ကျွန်တော်သူ့ကိုရိုက်ချနိုင်တယ်”
ကျန်းရုန်က စုပ်လုံးကို ငုံထားဆဲဖြစ်သည်။ ထို့ကြောင့် သူကတော့ ခြိမ်းခြောက်နေသည်ဖြစ်သော်ငြား သူ့အသံကတော့ စကားမပီသောကြောင့် အတော်လေးရယ်စရာကောင်းနေပေသည်။
လုပေါ်ယွမ်က မောက်စ်ကိုရွှေ့လိုက်ရင်း သူ့အမူအရာသည်လည်း အနည်းငယ် ကြည်လင်သွားသည်။
“ဒါဆို Renektonနဲ့Camille တစ်ခုခုbanရင်ရော?”
ယွမ်ချန်းက ချက်ချင်း ဆက်ပြောသည်။
“ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောမယ်နော်။ Top laneမှာ ကျွန်တော်က 98kအတွက် ပြိုင်ဘက်မဟုတ်ဘူး”
98kက PUD၏Top Lanerဖြစ်ပြီး LPLသို့ ကူးပြောင်းလာသည့် ပထမဆုံး ကိုရီးယားကစားသမားဖြစ်သည်။ မတိုင်ခင်ကတော့ LCK၏ထပ်တန်းအသင်းတစ်ခုနှင့် သက်ဆိုင်ခဲ့လေသည်။
သူပြောင်းရွှေ့သည့်သတင်း ပေါ်ထွက်လာစဥ်ကအခြေအနေကို “သွေးချောင်းစီးနေသည်”ဟု ဖော်ပြလျှင်ပင် ပိုသည်ဟုမဆိုသာ။ PUDနှင့် 98kကိုယ်တိုင်ပင် အဖက်ဆယ်မရအောင် အဆဲအဆိုခံခဲ့ရသည်။ သို့သော်လည်း 98k၏စိတ်ဓါတ်ခွန်အားက အလွန်သန်မာကာ PUDတွင် အခုချိန်ထိတိုင်အောင် အလျော့မပေးဘဲ ဆက်နေလေသည်။ လက်ရှိမှာတော့ 98kက LPL၏နာမည်အကြီးဆုံး Top Lanerအဖြစ် ရပ်တည်နေသည်။
Pick/Banအဆင့်က ပြီးဆုံးသွားလေပြီ။ ကျန်းရုန်က CCရော Damageရော ညီမျှသည့် Syndraကို ရွေးချယ်ထားသည်။
ရှောင်ပိုင်နှင့်Pineက အစည်းအဝေးတစ်ခု အလျင်အမြန် ကျင်းပခဲ့သည်။ အပေါ်လမ်းမှာဆို 98kက လွှမ်းမိုးထားပြီး အလယ်လမ်းမှာလည်း Saviorနှင့်ကျန်းရုန် ဘယ်သူနိုင်မည်မှန်း မသဲကွဲသေးသည်ကြောင့် သူတို့၏အောက်လမ်းက အလွန်တရာ အတိမ်းအစောင်းမခံနိုင်သည့် အနေအထားသို့ ရောက်နေလေသည်။ သူတို့နှစ်ယောက် ဆွေးနွေးလိုက်ပြီး ဂိမ်းအစပိုင်းတွင် ပိုသန်မာသည့် Luxနှင့်Caitlyn အတွဲအစပ်ပုံစံဖြင့်သွားရန် ဆုံးဖြတ်လိုက်သည်။
သူတို့၏လက်ရှိ အသင်းဖွဲ့စည်းပုံက damageအလုံအလောက်ရှိနေပြီဟု တင်းကောကတွေးလိုက်ပြီး လုပေါ်ယွမ်အား Team fightပွဲတွေတွင် စတင်လေ့ရှိသည့် Jarvan IVအား ရွေးခိုင်းလိုက်သည်။
ယွမ်ချန်းကတော့ တည်ငြိမ်ပြီး မှီခိုတတ်သော တောက်တိုမယ်ရကောင်လေး Ornnကို ရွေးထားသည်။
နှစ်မိနစ်ကြာပြီးနောက်မှာတော့ ဂိမ်းက တရားဝင်စတင်လေသည်။
ကျန်းရုန်၏ကစားပုံက ထုံးစံအတိုင်း ကြမ်းတမ်းနေဆဲ။ Level 6မရောက်ခင်မှာပင် သူက အခွင့်အရေးကိုချောင်းနေပြီး Savior၏သွေးကို ဆက်တိုက်ဆိုသလို လျှော့ချပစ်နေတော့သည်။ သို့သော် Saviorကလည်း သူ့Champဖြစ်သည့် Aurelion Solကို အထူးတလည် ဂရုတစိုက်နှင့် ကစားနေကာ သူ့ရှေ့မှminionအုပ်စုအပေါ်မှာသာ လုံးဝဥသုံ အာရုံစိုက်ထားသည်။ သူ့သွေးတွေလျော့သွားသည်ဆိုပါက သူကတာဝါကိုပြန်လှည့်သွားကာ minionအုပ်စုကိုစောင့်သည်။ အလျင်လိုခြင်း အလျင်းမရှိ။
လုပေါ်ယွမ်၏ Early gameရည်ရွယ်ချက်က အလွန်ထင်ရှားသည်။ 98kကို ဆက်တိုက် gankနေခြင်းပင်။
XIU၏ရည်ရွယ်ချက်ကလည်း ဆတူထင်ရှားသည်။ 98kကို အသေခံ ကာကွယ်ခြင်းပင်။
အသင်းနှစ်ခုရှိ Top Lanerများနှင့် Junglerတွေ၏ သဘောထားကွဲလွဲမှုက ဆက်တိုက် ဖြစ်ပေါ်နေသည်။ နှစ်ကြိမ်ထိပ်တိုက်တိုက်ခိုက်သော်လည်း ဘယ်သူမှမသေပေ။
တတိယအကြိမ်မှာတော့ လုပေါ်ယွမ်က တည်တည်ငြိမ်ငြိမ်ပင် ပြောလာသည်။
“ဒီတစ်ခေါက် XIUက ပြန်gankရင်တောင် ဆက်တိုက်နေ။ ငါတို့နိုင်တယ်”
ယွမ်ချန်းက ချက်ချင်း ပြန်ဖြေသည်။
“OK”
လုပေါ်ယွမ်၏ခန့်မှန်းချက်က မှန်သည်။ ရှင်းလင်းတိကျသည့် EQR comboဖြင့် 98k၏Volibearကို ထိန်းချုပ်လိုက်နိုင်သည်။ သူတို့၏မြင်ကွင်းအနောက်နားတွင် XIUကပေါ်လာသော်လည်း 98kကိုကယ်ဖို့ အချိန်မမှီကြောင်း ထင်ရှားလေသည်။
ထိုအချိန်မှာပင် အပြာရောင်ရေခဲမြားက အောက်လမ်းဆီမှ ပျံသန်းလာပြီး ယွမ်ချန်း၏ကိုယ်ပေါ် ဖောက်ထွက်သွားသည်။
ထိုမြားက ပြိုင်ဘက်အသင်းမှ ADC၏Asheမှ ထွက်လာသည့်ultဖြစ်ပြီး damageလည်းပေးနိုင်သလို ရန်သူအား 3.5စက္ကန့် အေးခဲသွားစေနိုင်သည်။
ရှင်းလင်းတင်ဆက်သူAက မဆိုင်းမတွ ထအော်သည်။
“မိုက်လိုက်တဲ့ult! Qianကောက မလှုပ်နိုင်မှတော့ 98kကိုkillဖို့ သူတို့ဘက်မှာ damageမလောက်တော့ဘူး။ XIUကလည်း အချိန်မှီရောက်လာပြီ။ နတ်ဘုရားလုလည်း နောက်ပြန်ဆုတ်လိုက်ရတယ်ခင်ဗျ သူ့မှာသွေးမလောက်တော့ဘူး…..98kကတော့ အောင်အောင်မြင်မြင်ပဲ လွတ်မြောက်သွားပါတယ်!”
ရှင်းလင်းတင်ဆက်သူB : “အပေါ်လမ်းမှာ အသက်ဝင်နေလိုက်တာ နတ်ဘုရားလု အဲဒီကိုသွားတာ သုံးကြိမ်မြောက်ဖြစ်နေပြီ။ သူဘာလို့Midကိုမgankပါလိမ့်?”
“Saviorက တာဝါနဲ့သူ့ခန္ဓါကိုယ် တစ်သားတည်းဖြစ်တော့မယ့်ပုံပေါက်နေတာကို ဘယ်လိုgankရမလဲ? ပြီးတော့ သွားမgankရတဲ့အကြောင်းအရင်း နောက်တစ်ခုလည်း ရှိသေးတယ်…..”
ရှင်းလင်းတင်ဆက်သူAက လုပ်ချောင်းလေးဆိုးလိုက်ပြီး
“သံသယတွေမကြီးထွားလာအောင် ရှောင်ကျဥ်နေတာ။ မင်းနားလည်တယ်မလား?”
ရှင်းလင်းတင်ဆက်သူBက မရည်ရွယ်ပါဘဲ ရယ်မိသွားသည်။
“မင်းSoftဆီကနေလုပ်ကြံခံရမှာမကြောက်ဘူးလား”
တိုက်ရိုက်ထုတ်လွှင့်နေသည့် Livestreamအောက်ရှိ Barrageသည်လည်း အလွန်အမင်း အင်အားပြည့်နေပေသည်။
[@ရှင်းလင်းတင်ဆက်သူA မင်းပါးစပ်ဟလိုက်တာနဲ့ မင်းကငါတို့အုပ်စုထဲကဆိုတာ ငါသိလိုက်ပါပြီ]
[စောင့်ကြည့်လိုက် ဒီရှင်းလင်းတင်ဆက်သူနှစ်ယောက်လုံး ရှောင်ရှာပိရဲ့သွေးကြွေးဆပ်မယ့်စာအုပ်ထဲ သေချာပေါက် ရောက်တော့မှာ]
[သွေးကြွေးဆပ်မယ့်စာအုပ်? နင်တို့ဟာကအရမ်းမပိုလွန်းဘူးလား? MidဆီRoadမသွားတာ ပုံမှန်ပါပဲ Saviorက early gameမှာ အရမ်းတည်ငြိမ်လွန်းလို့ နာမည်ကြီးတဲ့သူလေ။ ပြီးခဲ့တဲ့တစ်ခေါက်က Fighting Tigerကလေးယောက် သူ့ကိုဝိုင်းထားတာတောင် မkillလိုက်နိုင်ဘူး…..]
[အဟုတ်ပဲ။ Saviorက ငါ့သားရှောင်ရှာပိလို မဟုတ်ဘူး။ ငါ့သားဆိုတဲ့တစ်ယောက်က အမြဲတာဝါထဲပဲဝင်ဝင်ချတတ်တယ် တစ်ဖက်က သူ့ခေါင်းပေါ်တက်နင်းမှ လေးယောက်လောက်ကို အသာလေး ဖြဲသိပ်ပစ်တာလေ ^^]
[ပိုသင့်ရင်ပိုရမှာပဲ။ အရင်က LoLရဲ့Blockတဲ့စနစ် သိပ်မကောင်းခင်ကဆို ဒီခေါင်းပြာကောင်မှာ တကယ်ကြီး သွေးကြွေးဆပ်မယ့်စာအုပ် ရှိတာလေ။ သူ့စာရင်းထဲမှာပါတဲ့ Actorတစ်ကောင်နဲ့ သူဆုံကြည့်ပါလား ဂိမ်းထဲရောက်တာနဲ့ ဆက်တိုက် စဆဲတော့တာပဲ]
[မခံချင်စရာအကောင်းဆုံးက သူဘယ်လောက်ဆဲထားဆဲထား ဆဲလို့ပြီးသွားတာနဲ့ တစ်ယောက်တည်း အသင်းတစ်ခုလုံးကို carryပေးပြီး ဟိုActorကောင်တွေအတွက်ပါ နိုင်အောင်ကစားသွားသေးတယ်။ ငါဆိုကြည့်ပြီးရယ်ရတာအမော]
……
ရန်သူဘက်မှADCတွင် ultမရှိတော့သည့်အချက်ကို အကျိုးအမြတ်ယူပြီး Pineနဲ့ရှောင်ပိုင်က တစ်ခေါက်သွားတိုက်သည်။
ကျန်းရုန်က အသံတိုးတိုးနှင့် သတင်းပို့သည်။
“ရန်သူ့Mid Lanerပျောက်နေတယ် သွေးလည်းမကျန်တော့ဘူး”
“သွေးဘယ်လောက်ကျန်သေးလဲ?”
ရှောင်ပိုင်ကမေးသည်။
ကျန်းရုန်ကလည်း ချက်ချင်း ပြန်ဖြေသည်။
“300အောက်လျော့နေပြီ”
ဒီလောက်သွေးနည်းနည်းနှင့် အောက်လမ်းကို လာgankနိုင်ဖို့ အလားအလာမရှိချေ။
ရှောင်ပိုင် : “ဒီကိစ္စကိုဘိုးဘေးကြည့်ရှင်းလိုက်မယ်”
ရှောင်ပိုင်က ရှေ့တိုးလျက် သူ့Qကိုပစ်လွှတ်လိုက်တော့ ရန်သူ့ဘက်မှSupport၏ Tahm Kenchဆီ တည့်တည့်မတ်မတ် ကျသွားလေသည်။ Tahm Kenchမှာ အချိန်မီ မလှုပ်ရှားလိုက်နိုင်ဘဲ နေရာမှာတင် အမြစ်တွယ်သွားသည်။ Pineကလည်း ချက်ချင်းဆိုသလို ထောင်ချောက်တစ်ခုနှင့်အတူ နောက်ကလိုက်လာပြီး ခေါင်းတည့်တည့်သို့ လှမ်းပစ်ရန် အစပျိုးနေလေသည်။
သူတို့နှစ်ယောက်သား Tahm Kenchကို နိဂုံးချုပ်ပေးလိုက်မည့်အချိန် အပြာရောက်တောက်ပနေသည့် အရာတစ်ခုက သူတို့ဆီ ပျံဝဲလာလေသည်။ ထိုအရာက ရန်သူ့အသင်းမှ hp 299သာရှိသည့် Aurelion Sloပင် ဖြစ်ပေသည်။
Saviorက Aurelion Sol၏ လုပ်နိုင်စွမ်းကို ကန့်သတ်ချက်ရောက်သည်အထိ အပြည့်အဝ အသုံးချသည်။ ကျန်းရုန်တစ်ယောက် Dragon pitဆီ ရောက်တော့မည့်အချိန် သူတို့အသင်း၏စကားဝိုင်းထဲတွင် တစ်စုံတစ်ယောက် စကားပြောလာသံကို ကြားလိုက်ရသည်။
ရှောင်ပိုင် : “ဘိုးဘေးတော့အသက်ထွက်သွားပြီ”
“First Blood” ဆိုသည့် ကြေညာသံက ပေါ်ထွက်လာသည်။ Saviorက ရှောင်ပိုင်ကိုKillလိုက်ကာ Pineကတော့ သွေးအနည်းငယ်ဖြင့် တာဝါအောက်သို့ နောက်ပြန်ဆုတ်လိုက်ရသည်။
ကျန်းရုန်က သူ့Flashကိုသုံးကာ Saviorဆီမှ အသက်တစ်ချောင်းပြန်ယူချင်သော်လည်း Saviorကလည်း အလျင်အမြန်ပင် သူ့Flashကို ထုတ်သုံးလာသည်။ ထို့နောက် သူက အမြီးကိုလှုပ်လျက် ပျောက်ကွယ်သွားတော့သည်။
ကျန်းရုန်က မေးခွန်းထုတ်လာသည်။
“HP 300တောင်မရှိတဲ့သူကို နှစ်ယောက်ပေါင်းတိုက်တာတောင် သူ့ဆီကFlashကို မသုံးလိုက်ရဘူးတဲ့?”
ရှောင်ပိုင် : “အဲ့တာက ငါလည်းဘာတတ်နိုင်မှာလဲ။ ငါ့ဆီမှာက Qတစ်ခုအတွက်ပဲ manaရှိတာလေ။ ဒီSaviorရဲ့နေရာချတတ်ပုံက မင်းထက်တောင်…..”
ကျန်းရုန်၏မျက်နှာထားက အေးစက်သွားသည်။
“ထပ်ပြောကြည့်စမ်းပါလား??”
“မင်းကအတော်ဆုံးပါ”
လုပေါ်ယွမ်က ကျန်းရုန်၏အလယ်လမ်းနားတွင် Wardထောင်နေသည်ဖြစ်ပြီး အေးအေးဆေးဆေးပင် သတင်းပေးလာသည်။
“Saviorက အောက်လမ်းကို ခုဏကထပ်ပိုပြီးgankလိမ့်မယ်။ သူ့ကိုဖိနှိပ်ထား လွှတ်မထားနဲ့တော့။ ချန်ကောကတောင့်ထားဦး။ Botမှာ အဆင်ပြေသွားတာနဲ့ အဲ့ဘက်ကိုလာခဲ့မယ်”
တမင်သက်သက်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဒေါသကြောင့် ထောင်ထနေသည့် ကျန်းရုန်၏သားမွေးတို့က တစ်မဟုတ်ချင်း ပြန်လည်ငြိမ်ကျသွားသည်။ မျက်တောင်ကို အကြိမ်အနည်းငယ် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး သူ့ရဲ့ခနဲ့တဲ့တဲ့စကားလုံးတွေကို ဗိုက်ထဲပြန်မြိုချလိုက်ရင်း တည်ငြိမ်ချင်ယောင်ဆောင်နေလိုက်သည်။
လုပေါ်ယွမ်၏ခန့်မှန်းချက်က အရမ်းတိကျသည်။ ဆယ်မိနစ်အတွင်းမှာပင် Saviorက Bot laneဆီ ထပ်ခါထပ်ခါလာနေပြီး XIUကိုပါ အတူခေါ်လာလေသည်။
လုပေါ်ယွမ်နှင့်ကျန်းရုန်သည်လည်း အလျင်အမြန် ရောက်လာသည်။ နှစ်ကြိမ်တိုင်တိုင် အပြန်အလှန် တိုက်ခိုက်နေသော်လည်း သူတို့ထဲက တစ်ယောက်မှ အသက်မဆုံးရှုံးသေးပေ။
ထိုအချိန်မှာတော့ အပေါ်လမ်း၌ ယွမ်ချန်းမှာ Volibearဆီမှ Solo killခံလိုက်ရသည်။
“98kက ဒီVolibearကို ရာသီတစ်ခုလုံးကြာအောင် ဖွက်ထားတာ!”
ယွမ်ချန်းမှာ ဆယ်မိနစ်လုံး ဖိနှိပ်ခံထားရသည်ကြောင့် မထိန်းနိုင်တော့ဘဲ အံတကြိတ်ကြိတ်ဖြစ်နေတော့သည်။
“ငါ့ကိုသတ်ဖို့ Towerထဲတောင် ဝင်ချလာသေးတယ်…..ခေါင်းဆောင် ဒီကိုမလာနဲ့တော့။ သူ့ကိုခေါင်းဆောင် gankနိုင်မှာမဟုတ်ဘူး။ ခေါင်းဆောင်သာ ပြန်gankခံလိုက်ရရင် သွားပြီပဲ။ ငါ့ကိုတော့…..ဒီတစ်ပွဲမှာ ငါမပါဘူးလို့သာ သဘောထားလိုက်တော့”
“အင်း” လုပေါ်ယွမ်ကပြောသည်။ “ရပါတယ်”
နှစ်မိနစ်အကြာ၌ ရှောင်ပိုင်နှင့်Pineက သူတို့လမ်းဆီ ဝင်ရောက်လာသည်။ သို့သော် Pineမှာ minionတစ်ကောင်ကို စားလိုက်ရုံရှိသေး Aurelion Solက သူတို့မျက်စိရှေ့သို့ ဖင်လှုပ်လျက် ပျံသန်းလာပြန်သည်။
“မိုးမေလင်း သူပြန်ရောက်လာပြန်ပြီ!!”
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~