အပိုင်း(၄၆)

6.5K 941 30
                                    

(Unicode)

ကျန်းရုန် ​ခေါင်းမငြိမ့်ခင် စဥ်းပင်မစဥ်းစားလိုက်။ "​တွေ့ဖူးတယ်​လေ၊ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲတုန်းက ကျွန်​တော်လည်း အဲ့ပွဲထဲမှာပဲ"

သူ့စကား​ကြောင့် လု​ပေါ်ယွမ်မှာ တန့်သွားပြီး မထိန်းနိုင်ပဲ ရယ်လိုက်မိသည်။ "ကိုယ့်မှတ်ဥာဏ်အဲ့​လောက်မဆိုး​သေးပါဘူး အဲ့တစ်​ခေါက်မတိုင်ခင်ကို​ပြောတာ..."

တင်း​ကောဆီကို မက်​ဆေ့ချ်ပို့ပြီးသည်နှင့် လု​ပေါ်ယွမ်က ​ခေါင်းလှည့်လာကာ ကျန်းရုန်ရဲ့ဆံပင်​တွေကို ကြည့်လျက်​​မေးလာသည်။ "မင်းဆံပင်အ​ရောင်မဆိုးခင်က​ရော ကိုယ်တို့​တွေ့ဖူးလား?"

ကျန်းရုန် ပါးစပ်ဖွင့်လိုက်​ပေမယ့် ဘာစကားမှ​တော့ ထွက်မလာခဲ့​ပေ။

ဘာ​ကြောင့်လဲဆို​တော့ သူကိုယ်တိုင်လည်း သူတို့ရဲ့​ပထမဆုံး အမှတ်မထင်ဆုံ​တွေ့မှုက "​တစ်​ယောက်နဲ့တစ်​ယောက် ​တွေ့ဖူးတယ်"ဟူ၍ သတ်မှတ်လို့ရ​ရဲ့လားဆိုတာ ​သေချာမသိလို့ပင်။ သူ့အထင် လု​ပေါ်ယွမ်အတွက် သူဘယ်လိုပုံစံဆိုတာ​တောင် ​သေချာမမြင်နိုင်ခဲ့ဖို့မှာ ​သေချာသ​လောက်ပင်ဖြစ်သည်။

အဆုံးမှာ​တော့ ကျန်းရုန်​ပြောလိုက်၏။ "ကျွန်​တော်​တော့​တွေ့ဖူးတယ်"

လု​ပေါ်ယွမ်က ​ခေါင်းငြိမ့်လိုက်ရင်း "ကိုယ်LSPLမှာကစား​နေတုန်းကလား?"

"ဟုတ်တယ်" ကျန်းရုန် ထိုအ​ကြောင်းကို​တွေးလိုက်ပြီး ​ပြောလိုက်သည်။ "ကျွန်​တော်လည်း အဲ့ဒီပြိုင်ပွဲမှာရှိ​နေတာ"

အဲ့တာ​ကြောင့် သူ့မှာအဲ့ဒီဦးထုပ်ရှိ​နေတာပဲ။

သူ့​ပြောပုံက အ​ကြောင်းအကျိုးဆီ​လျော်​သည်။ ​နောက်ဆုံးဖိုင်နယ်လ်ပွဲပင် ဖြစ်​သော်ငြား LSPLက ဒုတိယအဆင့်ပြိုင်ပွဲသာ ဖြစ်ကာ ထိုအချိန်တွင်လည်း Esportsက အခု​လောက်ထိ နာမည်မရ​သေးသည်မို့ ပြိုင်ပွဲကလည်း​သေးကာ တစ်ချက်ကြည့်ရုံနှင့်ပင် ပရိသတ်အားလုံးကို မြင်နိုင်​လေသည်။

သို့​သော်လည်း ထိုအချိန်တုန်းက သူ ပရိသတ်​တွေအား ကြည့်ခဲ့မိသည်လားဆိုတာ​တောင် လု​ပေါ်ယွမ် သူ့ကိုယ်သူ မမှတ်မိ​တော့​ပေ။

||Complete|| I Can Do It [MM Translation]Where stories live. Discover now