[Unicode]....စကားပြောတဲ့ပုံကိုကရွံစရာကြီး လစ်လိုက်တော့
နောက်တစ်နေ့၏နေ့လည်ခင်း၊ ကျန်းရုန်အိပ်ရာနိုးချိန်၌ တင်းကောဆီမှ သူ့ဆီခဏလာရန်ပြောထားသည့် မက်ဆေ့ချ်တစ်စောင် ဝင်လာလေသည်။
သူရောက်သွားတော့ တင်းကောကသူ့မျက်နှာအား ခဏလောက်စိုက်ကြည့်လိုက်ပြီးမှ ပြောလာသည်။ "မင်းညကစောစောမအိပ်ဘူးလား?"
ကျန်းရုန်ရဲ့အသားအရည်က ဖြူဥနေတာကြောင့် သူ့ရဲ့မျက်လုံးတစ်ဝိုက်က အမဲရောင်အကွက်ကြီးနှစ်ကွက်က အလွန်အမင်းကို ထင်ရှားနေသည်။
ကျန်းရုန် မနေ့ညက သန်းခေါင်ကျော်သည်အထိ ဖုန်းကိုကိုင်ရင်း အလုပ်များနေခဲ့သည့် ကိုယ့်ပုံကိုယ်ပြန်မြင်ယောင်လာပြီး မျက်လုံးကိုပွတ်လိုက်မိသည်။ "အိမ်မက်ဆိုးမက်နေတာနဲ့ အိပ်မပျော်ဖြစ်သွားတာ။ စိတ်မပူပါနဲ့ ကျွန်တော့်လေကျင့်ရေးကိုမထိခိုက်ပါဘူး"
"ကိုယ့်ကိုကိုယ်ငယ်သေးတယ်ဆိုပြီး ကိုယ့်ခန္ဓါကိုယ်ကို ဖျက်ဆီးမနေနဲ့ဦး။ မင်းတို့ကို အိပ်ချိန်အပြည့်ပေးထားတယ်ဆိုတာ အိပ်ရေးဝစေချင်လို့၊ ဥာဥ့်နက်တဲ့အထိ နေစေချင်လို့မဟုတ်ဘူး" တင်းကောကသူ့အား နည်းနည်းဆူလိုက်ပြီးမှ အဓိကအကြောင်းကို ပြောလာသည်။ "နှစ်ကူးပြီးတာနဲ့ မင်းမွေးနေ့ရောက်တော့မှာမလား။ အသက်၁၈နှစ်ဆိုတာလည်း ဘဝနဲ့မှတ်တိုင်တစ်ခုပဲ။ မင်းလုပ်ချင်တာမျိုးရှိလား?"
"မရှိဘူး" ကျန်းရုန်ကပြောလာသည်။ "ဒါဆိုကျွန်တော်Livestreamပြန်လွှင့်လို့ရပြီပေါ့?"
ကျန်းရုန်ဘက်က ဒီလိုအကြောင်းအရာမျိုးကို ပြောလာမည်ဟု မထင်ထားသည့်အတွက် တင်းကောမှာ အချိန်ခဏလောက် မှင်သက်သွားသည်။
သူကအမြဲလို "ကလေးတွေစိတ်ထဲပျော်ဖို့ပဲသိတယ်"ဆိုတဲ့ ထင်မြင်ချက်မျိုးကို စွဲကိုင်ထားတာကြောင့် ကျန်းရုန်က မွေးနေ့ပွဲ ဒါမှမဟုတ် တစ်ခုခုကို တောင်းဆိုလာမည်ဟု မျှော်မှန်းထားသည်ပင်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~