(Unicode)“တဆိတ်လောက် "လောင်ကျစ်နားကလစ်လိုက်တော့"ကို ကိုရီးယားလိုဘယ်လိုပြောရမလဲ?”
အရင်တစ်ခေါက်ပွဲစဥ်လိုပဲ သူတို့က ဒုတိယပွဲတွင်ကစားရမည်ဖြစ်သည်။
ဒီနေ့မှာတော့ ပြိုင်ပွဲက TTC၏ကိုယ်ပိုင်အားကစားရုံတွင် ကျင်းပခြင်းပင်။ အရင်တုန်းကတော့ ကျန်းရုန် ဒီနေရာနားကဖြတ်သွားဖူးသည်။
ရှန်ဟိုင်းတွင်အခြေစိုက်သည့် Esportsအသင်းတွေ အများအပြားရှိသော်ငြား အကြမ်းဖျင်းအားဖြင့် ကိုယ်ပိုင်အားကစားရုံရှိသည့်အသင်းဟူ၍ မရှိပါချေ။ သို့သော်လည်း TTC၏သူဌေးကတော့ ပိုက်ဆံတွေအရမ်းပေါလွန်းသဖြင့် မြစ်နဲ့လည်းနီးပြီး နေရာလည်းကျယ်သည့် Esportsပြိုင်ပွဲတွေကျင်းပရန် အားကစားကွင်းတစ်ခုကို တိုက်ရိုက်ပဲဖွင့်ချလိုက်သည်။ ထိုအချိန်တုန်းကဆိုလျှင် ဒီကိစ္စက Esportsလောကသားတွေကြားမှာ အတော်ကြာရေပန်းစားလိုက်သေးသည်။
TTC၏သူဌေးက LPLနှင့်ဆွေးနွေးညှိနှိုင်းပြီးနောက် ဒီနေရာက ပြိုင်ပွဲတွေကျင်းပသည့်နေရာ ဖြစ်လာတော့သည်။
ကျန်းရုန် ကားပေါ်ကဆင်းပြီးသည်နှင့် သူခေါင်းမော့ကာကြည့်ကြည့်လိုက်၏။ TTC၏ကိုယ်ပိုင်အားကစားရုံက အလွန်အမင်းမိုက်သည့်ပုံစံမျိုးဖြစ်ကာ အမည်းရောင်အဆောက်အဦးကိုယ်ထည်တွင် ထင်ရှားသိသာသည့် အဖြူရောင်သရဖူအမှတ်တံဆိပ်ကို ထွင်းထုထားသည်။ “TTC”ဆိုသည့်စာလုံးတွေနှင့်လည်း လိုက်ဖက်ညီနေကာ အဆောက်အဦးက ခပ်လျှိုလျှိုသဏ္ဍာန်ဆောင်ပေမယ့် ထည်ဝါနေဆဲဖြစ်သည်။
“ညဘက်ဆိုရင် ငါတို့အသင်းရဲ့logoရော၊ နာမည်ရော၊ အဆောက်အဦးရဲ့အစွန်းတွေကိုရော အလင်းလွှတ်ပေးထားတာ အရမ်းမိုက်တာပဲ။ ငါတို့ပြန်ထွက်လာတဲ့အချိန် မင်းကြည့်ကြည့်လိုက်” ကျန်းရုန်ရဲ့အကြည့်တွေကို သတိပြုမိသည့်ယွမ်ချန်းက သူ့ပုခုံးကိုပုတ်ရင်းပြောလာသည်။
ထိုအခါမှ ကျန်းရုန်သတိပြန်ဝင်လာပြီး အကြည့်လွှဲလိုက်ကာ ပြိုင်ပွဲနေရာဆီ ဆက်လျှောက်သွားလိုက်၏။ “ကောင်းပြီ”
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~