နာသွားလား?
ရှင်းလင်းတင်ဆက်သူတွေက နှစ်ဖက်အသင်းရဲ့ရွေးနေကြဖြစ်တဲ့ချန်ပီယံတွေအကြောင်း ဆွေးနွေးပြီးတဲ့အခါမှာ အကြောင်းအရာကစက်ဝိုင်းလိုပြန်လည်လာပြန်သည်။
"ဒီတစ်ကြိမ်မှာလည်းပြိုင်ပွဲက အုတ်အော်သောင်းတင်းဖြစ်လာဦးမှာဆိုပေမယ့် ကျွန်တော့်ရင်ထဲမှာနည်းနည်းတော့နောင်တရနေသေးတယ်" ရှင်းလင်းတင်ဆက်သူAကပြော၏။ "ပရိတ်သတ်တွေအားလုံးလည်း ကိုယ့်နိုင်ငံကအိမ်ရှင်နိုင်ငံဖြစ်တဲ့အခေါက်မှာ LPLရဲ့အသင်းနှစ်သင်းက ဖလားဆုအတွက်ယှဥ်ပြိုင်တာကို မြင်ချင်ကြမယ်ဆိုတာသေချာပါတယ်"
ရှင်းလင်းတင်ဆက်သူBကခေါင်းငြိမ့်ထောက်ခံ၏။ "ဟုတ်တာပေါ့ Tank teamကတော့စိတ်မကောင်းစရာပါပဲ။ ဒါပေမယ့် သူတို့လည်းအတော်လေးကြိုးစားပြီး BO5မှာပွဲပြည့်ကစားသွားတာပဲလေ။နောက်နှစ်ဆိုရင်တော့ သူတို့ကအခြေအနေကိုသေချာပေါက်ထိန်းညှိပြီး အသစ်တဖန်စတင်လာဦးမယ်ဆိုတာ ကျွန်တော်သေချာပါတယ်"
တင်ဆက်သူတွေ ထိုအကြောင်းအရာကိုပြောနေသည့်အချိန်မှာ လုပေါ်ယွမ်ကသူ့မျက်ဝန်းတွေကိုနှိမ့်ထားကာ ကျန်းရုန်ကိုကြည့်နေဆဲဖြစ်ပြီး တင်ဆက်သူတွေပြောနေသည်က သူနှင့်လုံးဝမသက်ဆိုင်သလိုပင်။
ကျန်းရုန်ရဲ့အဖြေကိုကြားပြီးသည်နှင့် လုပေါ်ယွမ်က "အင်း"ဟုပြောလိုက်ကာ မူလပုံစံအတိုင်းပြန်ထိုင်လိုက်ပြီး maskနဲ့ဦးထုပ်ကိုချွတ်လိုက်သည်။ ကင်မရာတွေဆီကနေဖမ်းမိသွားပြီဖြစ်တာကြောင့် နောက်ထပ်ပုန်းကွယ်နေစရာမလိုတော့ပေ။
ကျန်းရုန်မှာ သူ့ရဲ့မေးရိုးကို ခဏလောက်စိုက်ကြည့်နေမိသည်။ လုပေါ်ယွမ်ကယွမ်ချန်းနဲ့စကားပြောဖို့ လှည့်သွားသည့်အချိန်မှသာ သူ့ကိုယ်သူနောက်ပြန်ဆုတ်လိုက်ပြီး အလင်းအလျင်နဲ့ထိုင်ခုံပေါ် သေချာပြန်ထိုင်လိုက်ရ၏။
ဘေးပတ်ဝန်းကျင်က အတော်လေးဆူညံနေသော်လည်း သူသာဂရုတစိုက်နှင့်နားထောင်မည်ဆိုပါက သူ့ဘေးကလူတွေပြောဆိုနေကြသည့်အကြောင်းအရာကို ကြားနိုင်သေးသည်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~