[Unicode]
ကိုယ့်ကိုကိုယ်သက်သေပြဖို့အတွက် ကျွန်တော်အကောင်းဆုံးကြိုးစားသွားပါ့မယ် အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ (သုံးမိနစ်ကြာရင်ဒါကိုတင်လိုက်)
Esports လောက၌ ငလျင်အကြီးစားတစ်ခုလှုပ်ခတ်သွားလေသည်။
ထိုပိုစ့်ကိုမြင်သွားကြသည့် Esports fan တွေအားလုံးက အရင်ဆုံးဆယ်စက္ကန့်လောက် ကြောင်ကုန်ကြပြီး ပြန်အသိဝင်သည်နှင့် ကြေညာချက်ပို့စ်အား "screenshot" ရိုက်ကာ သူတို့သိတဲ့ခေါင်းပြာလေးဆိုတာ သေချာအောင် "TTC°Soft" အား နှိပ်ကြည့်ကြ၏။ ပြီးလျှင် တကယ်ပဲ TTCရဲ့ official weibo လားဆိုတာ သေချာဖို့ "TTC Esports Club" ကိုလည်း နှိပ်ကြည့်ကြပြန်သည်။ အားလုံးကိုအစစ်အမှန်ဖြစ်ကြောင်း စစ်ဆေးပြီးသွားချိန်တွင်လည်း လက်မလျှော့သွားကြပဲ ထိုကဲ့သို့ ထပ်ခါထပ်ခါနှိပ်ကြည့်နေကြပြန်၏။ အမှန်တရားကိုလက်ခံလိုက်ရချိန်မှာတော့ သူတို့က "?????" တွေမန့်ကုန်တော့သည်။
ဆယ်မိနစ်လောက်အတွင်းမှာပင် TTC weiboပိုစ့်က ကွန်မန့်အရေအတွက် ခြောက်ထောင်ကျော်သွားလေပြီ။ ထိပ်ဆုံးကွန်မန့်ငါးခုက "?????"တွေချည်းဖြစ်ကာ ကွန်မန့်,မန့်ထားသည်ကလည်း အကုန် Active ဖြစ်တဲ့ အကောင့်အစစ်တွေဖြစ်၏။ ဖျော်ဖြေရေးလောကရဲ့ "ရေတပ်"အုပ်စုခမျာမှာတော့ အံ့အားသင့်လွန်းလို့ မျက်လုံးလေးကလယ်ကလယ်နှင့်သာ ရပ်ကြည့်နေရရှာသည်။
(T/N: ရေတပ်-ပိုက်ဆံပေးပြီး နာမည်ပိုကြီးအောင် ကွန်မန့်တွေမန့်တာတို့ဘာတို့ လုပ်ပေးတဲ့အကောင့်သေတွေပါ။)
ထိုအချိန်မှာပဲ ပြစ်ဒဏ်ထုတ်ပြန်ချက်ပိုစ့်အောက်တွင်တော့-
[အရူးလေး မင်းကတော့မင်းပါပဲ]
[အရူးလေး မင်းကတော့မင်းပါပဲ]
......
အရင်ကတည်းက ဒီလိုလူတွေအားလုံးရဲ့အမြင်ကို တစ်ထပ်တည်းကျစေတဲ့ Weibo post ဆိုတာမျိုးမရှိခဲ့ချေ။ ဒီလိုကိစ္စမျိုးက Idol fansတွေတောင် ထိန်းချုပ်လို့ရသည်မဟုတ်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~