အပိုင်း(၁၁၉)
ရည်းစားထားပြီဆိုရင် သူများထက် နိမ့်နေလို့မဖြစ်ဘူး
ကျန်းရုန်က လက်ရှိ စုပေါင်းတိုက်ပွဲအလယ်တွင် ဖြစ်သည်။ နေရာယူမှားသဖြင့် တစ်ဖက်၏CCကို စားလိုက်မိကာ မကြာမီမှာပဲ သူ့စခရင်က မှောင်သွားတော့သည်။
သူ ပင့်သက်ရှိုက်လိုက်ပြီး စကားပြောခန်းထဲတွင် စာရိုက်လိုက်သည်။ [ငါ့အမှားပါ]
သူ့အသင်းထဲမှ Supportက ချက်ချင်း စာပြန်လာသည်။ [မဟုတ်ဘူး မဟုတ်ဘူး တကယ်က ငါ့အမှား။ စောစောက နတ်ဘုရားလုရဲ့ Streamဆီသွားပြီး ကွန်မန့်ပေးနေလို့။ မင်းအတွက် Mikael မသုံးပေးလိုက်မိဘူး]
(T/N : Mikael—CCဖယ်ပေးနိုင်တဲ့ Supportတွေအတွက် item)
ကျန်းရုန် : [......]
Mid-Late gameရောက်နေပြီဖြစ်ရာ သေဆုံးခြင်းကာလက စက္ကန့်အတော်ကြာသည်။ တစ်မိနစ်လုံးလုံး Barrageထဲ ဝိုင်းမန့်နေသည့် ထောင်သောင်းချီသော ကွန့်မန့်တွေကို ကျန်းရုန် စိုက်ကြည့်နေရင်း နောက်ဆုံးမှာတော့ သူသည်းမခံနိုင်တော့ဘဲ ဖုန်းကိုထုတ်ကာ ကွန်မန့်နှစ်ခု ပို့လိုက်သည်။
[Guest849248 : စောင့်မျှော်နေပါတယ် နတ်ဘုရားလု ဂိမ်းမြန်မြန်စကစားပါတော့လား?]
'ပို့'သည်ကို နှိပ်လိုက်သည်နှင့် အကန့်အသတ်မရှိသော ကွန်မန့်ပင်လယ်ကြီးထဲ သူ့ကွန်မန့်လေးမှာ ပျောက်ဆုံးသွားတော့သည်။
[Guest849248 : မင်းတို့ကောင်တွေ နည်းနည်း ပိုအခြေအမြစ်ရှိတာတွေ မန့်ကြလို့ မရဘူးလား? မင်းတို့တွေ ဒီလိုလုပ်နေကြရင် အေးဆေးကြည့်ချင်တဲ့ အခြားသူတွေ ဘယ်လိုကြည့်ရတော့မလဲ?]
ဒီတစ်ကြိမ်တော့ တစ်စုံတစ်ယောက်က သူ့ကို အရေးစိုက်လာပြီး PMပင် ပို့လာသည်။
[Softရဲ့ချစ်ဖေဖေက မင်းကို တိုးတိုးလေးပြောပြမယ် : မင်းအဖေရဲ့ကိစ္စမှာ လာမရှုပ်နဲ့။ ငါ့သားမက် သူStreamချင်တာ Streamလိမ့်မယ်။ မင်းထိန်းချုပ်စရာ ဘာသောက်ကြောင်းမှမရှိဘူး။ ကြည့်မယ်ဆိုလည်း ကြည့် ၊ မကြည့်ဘူးဆိုလည်း လစ်]
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~