အပိုင်း(၇၈)

6K 900 139
                                    

(Unicode)

သူတို့တွေ Baseဆီရောက်သည့်အချိန် ဆရာဝန်သည်လည်း ရောက်နေပြီပင်။

ဆရာဝန်က ကျန်းရုန်၏သွေးတွင်းသကြားဓါတ်ကို စမ်းသပ်ကြည့်လိုက်တော့ သာမန်အနေအထားကို ပြန်ရောက်ရုံမျှသာ ရှိသေးသည်။

“ပိုတော့ကောင်းလာပြီ”

အသင်း၏ဆရာဝန်က သကြားဓါတ်စစ်သည့်ကိရိယာကို ဘေးဖယ်လိုက်ပြီး မေးလာသည်။

“အရင်တုန်းကရော ဒီလိုမျိုးကြုံဖူးလား?”

ကျန်းရုန် ခေါင်းခါပြလိုက်၏။ အကယ်၍ သူသာ ဒီလိုမျိုးဖြစ်ခဲ့ဖူးပါက နောက်တစ်ကြိမ် အမှားတစ်ခုတည်းကိုပဲ ထပ်အဖြစ်ခံစရာ အကြောင်းမရှိပေ။

“ဒါဆို နောက်ကျရင်သတိထားသင့်တယ်”

ဆရာဝန်က အနည်းငယ်တွေးတောလိုက်ရင်း

“သွေးတွင်းသကြားဓါတ်နည်းလို့ အန်တယ်ဆိုတာ ရှားတဲ့လက္ခဏာလို့ ပြောရမယ်။ ပြိုင်ပွဲပြိုင်နေရင်းမို့လို့လည်း ဖြစ်နိုင်ပါတယ် ဖိအားတွေများနေမှာပေါ့။ တကယ်လို့ ဗိုက်ကထပ်နာနေသေးတယ်ဆိုရင် ဆေးရုံကိုသွားလိုက်တာ အကောင်းဆုံးပဲ”

ကျန်းရုန် ခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်ကဲ့”

“နေမကောင်းချင်သလို ခံစားနေရတုန်းပဲလား?”

တင်းကောက ကျန်းရုန်၏လက်ထဲမှပစ္စည်းတွေကို ကြည့်လာသည်။

“အဲဒီအိတ်ကို ဘာလို့ဆက်ကိုင်ထားတာလဲ? စားပွဲပေါ်ချထားလိုက်ပါလား?”

“သက်သာနေပါပြီ”

ကျန်းရုန်က ပလတ်စတစ်အိတ်ကို ကြိုးချည်လိုက်ပြီး ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။

လုပေါ်ယွမ်က ဆရာဝန်ကိုကြည့်လိုက်ပြီး

“ဒါကိုကုဖို့ဘယ်လိုနည်းလမ်းတွေရှိမလဲ?”

“အရေးအကြီးဆုံးက နေထိုင်တဲ့ပုံစံပဲ။ အစားပုံမှန်စားဖို့လိုပြီး စားသမျှကလည်း အာဟာရပြည့်ဖို့ ညီမျှဖို့လိုတာပေါ့။ ဒီအကြောင်းကို မင်းတို့Baseရဲ့အိမ်ထိန်းဆီ ရှင်းပြပေးခဲ့မယ်”

||Complete|| I Can Do It [MM Translation]Where stories live. Discover now