[Unicode]လိမ္မာတယ်
လုပေါယွမ်က ကွန်ပျူတာမျက်နှာပြင်ကနေတစ်ဆင့် လက်သွယ်သွယ်လေးတစ်ဖက် သူ့နောက်ကနေပေါ်လာသည်ကို မြင်လိုက်ရ၏။ကျန်းရုန်ကလည်း သူ့ကိုမှတ်မိသွားမှာစိုးသည်ကြောင့် သူ့ခေါင်းပေါ်မှာ ဦးထုပ်တစ်လုံးကို ကပျာကယာတင်ထားသေးသည်။
ခြုံငုံကြည့်ရလျှင် ကျန်းရုန်ရဲ့အပြုအမူတွေက စေ့စပ်သည်ဆိုသော်ငြား...
[အားး နတ်ဘုရားလုရေ ဘာလို့baseမှာမိန်းကလေးတစ်ယောက်ရှိနေတာလဲ!!]
[အဲ့တာမိန်းကလေးဟုတ်လို့လား? ငါဘာလို့ သူကယောကျာ်းလေးလို ဝတ်ထားတယ်လို့ထင်နေပါလိမ့်]
[ဘယ်ယောကျာ်းရဲ့လက်မောင်းက အဲ့လောက်သွယ်မှာလဲ?]
[စောက်ပိန်းလေးရဲ့လက်မောင်းကလည်း သူ့လိုပဲ သွယ်သွယ်လေး]
[?? မင်းပြောတော့မှ သူနဲ့တောင်တူလာသလိုပဲ]
[ဦးထုပ်လျှာကိုကြည့်ရတာတော့....အဲ့တာ TTC merchမဟုတ်လား? Softမှာလည်း အဲ့လိုပုံစံဦးထုပ်မျိုးရှိတယ်လေ အားကစားကွင်းကိုလာတဲ့နေ့ကတောင် ဝတ်လာသေးတယ်]
[ဟမ်? မင်းဆိုလိုချင်တာက Roadရဲ့နောက်ကတစ်ယောက်က ငါ့သားလေးပေါ့?]
[သူ့ကိုဖျတ်ခနဲပဲမြင်လိုက်ရတော့ ဦးထုပ်ပေါ်မှာ Roadရဲ့လက်မှတ်ရှိ၊မရှိ မတွေ့လိုက်ရဘူး]
[မင်းတို့အဖြောင့်ကောင်တွေရဲ့ အတွေးတွေကလည်း အရမ်းကိုတစ်မူထူးတာပဲနော်၊ အဲ့တာကဘယ်လိုလုပ် Softဖြစ်နိုင်မှာလဲ Softသာဆိုရင် TTC baseထဲခြေချတာနဲ့ ရှောင်ပိုင်နဲ့Pineရိုက်သတ်လို့ အရိုးဆွေးနေလောက်ပြီ....မဟုတ်သေးဘူး ပိုပြီးတိတိကျကျပြောရရင် သူပေါ်လာတဲ့ဘယ်clubရဲ့baseမှာဖြစ်ဖြစ် သူအသက်ရှင်လျက်ပြန်ထွက်လာနိုင်တဲ့နှုန်းက သိပ်မမြင့်ဘူး]
[nsdd]
(t/n Ni shuo de dui-မင်းပြောတာမှန်တယ်။ internet slangပါ)
[မထောက်ခံဖို့ကခက်ခဲလွန်းတယ်]
[Kanကသင့်မှတ်ချက်ကိုအကြိမ်တစ်ရာlikeပေးသွားပါသည်။]
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~