[Unicode]S11မှာအဆင့်16နဲ့အဆုံးသတ်မယ့် TTCအတွက်ကြိုပြီးဂုဏ်ပြုပါတယ်
လေ့ကျင့်ရေးပွဲက သုံးပွဲစီစဥ်ထားသည်ဆိုပေမယ့် TTCက နှစ်ပွဲဆက်တိုက်နိုင်သွားသည့်အတွက် နောက်ဆုံးတစ်ပွဲကိုဆော့ရန်မလိုတော့ပေ။ဂိမ်းပြီးသွားသည်အထိ MFGရဲ့ Junglerက ရှစ်ကြိမ်တိုင်တိုင်killခံခဲ့ရ၏။သူတို့baseကို အဖျက်ဆီးခံလိုက်ရပြီးချိန်မှာတော့ သူ့ရဲ့itemsတွေကိုပါ ထုတ်ရောင်းလိုက်ရပြီး အလွန်အမင်းကိုစိတ်ဓါတ်ကျနေလေသည်။
သူတို့လော်ဘီထဲကနေပြန်ထွက်လာပြီးချိန်၌ ရှောင်ပိုင် Pineကိုကျော်ကာ ကျန်းရုန်ကိုရှင်းပြဖို့လှည့်လာ၏။ "ဒီနေ့ကစားတဲ့ MFGရဲ့Junglerက အရင်ကတော့ သူတို့ရဲ့တရားဝင်ကစားသမားလေ ဒါပေမယ့် သူ့သဘောထားက အတော်လေးဆိုးတော့ တစ်ရာသီပြီးတာနဲ့ အစားထိုးကစားသမားဖြစ်သွားတာပဲ သူ့မှာကအကျိုးမရှိလည်း လိုက်gankတတ်တဲ့အကျင့်ဆိုးကိုရှိနေတာ အဲ့တာက ရိုးရိုးRankပွဲတွေနဲ့ သာမန်လေ့ကျင့်ရေးပွဲတွေလောက်ဆို အဆင်ပြေသေးပေမယ့် တကယ့်ပြိုင်ပွဲတွေမှာလည်း သူက အသင်းကနေကွဲထွက်သွားတတ်တယ်...."
ကျန်းရုန်သူ့နားကြပ်ကိုချွတ်လိုက်ပြီး ခေါင်းကိုစောင်းကာ ရှောင်ပိုင်ပြောနေသည်ကို တိတ်တဆိတ်နားထောင်နေ၏။
"တစ်ခါတုန်းက ပုံမှန်ရာသီပွဲတစ်ပွဲမှာ ဆယ်မိနစ်လောက်အတွင်း သူကငါတို့bot laneကို ၄ကြိမ်တောင်လာgankတာလေ တော်တော်အသုံးမဝင်တာ...." ရှောင်ပိုင်တရစပ်ပြောနေမိပြီးမှ တစ်ဖက်လူနှင့်သူရဲ့ဆက်ဆံရေးက သူများအသင်းကလူတွေကို အပြန်အလှန်ဝေဖန်နိုင်သည်အထိ မရင်းနှီးသေးမှန်း သဘောပေါက်လိုက်သည်။
ကျန်းရုန်ဘက်က ပုံမှန်လိုလစ်လျူရှုထားသည့်ပုံနှင့် "အင်း"ဟုပြောလာမည် ဒါမှမဟုတ် သူ့ကိုဘာမှပြန်မပြောပဲ ထထွက်သွားမည့်အကြောင်းပါ သူစဥ်းစားလိုက်မိတော့ သူ့ပါးစပ်ကိုပိတ်လိုက်ကာ စကားစဖြတ်ဖို့ပြင်ဆင်လိုက်၏။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~