(Unicode)
မင်းရဲ့Mid Lanerကိုခေါ်သွားပါတော့
ကျန်းရုန် တစ်ညတာလုံး အိမ်မက်မက်နေခဲ့သည်။
အခြေခံဖျော်ဖြေရေးဖြစ်သည့် တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် အခြေခံSkillတွေထဲမှ အချိန်ကြာလာသည်နှင့်အမျှ ငြီးငွေ့ဖွယ်ကောင်းလာသော နောက်ဆုံးထိချက်လေ့ကျင့်ရေးကို ဖယ်ထားလျှင်ပင် လေ့ကျင့်ရေးလုပ်ငန်းစဥ်က ပင်ပန်းလွန်းသည်။
နေ့ခင်းဘက်ရှိအတွေးတွေက ညဘက်တွင် ကိုယ်ထင်ပြလာသကဲ့သို့။
သူStreamerဖြစ်ခဲ့စဥ်က သူ့အိမ်မက်တွေထဲတွင် ဟိုWFအုပ်စုနှင့် အွန်လိုင်းပေါ်တွင် အပြန်အလှန်ဆဲကြပြီး အပြင်မှာချိန်းပြီးချကြဖို့ စိန်ခေါ်ဖူးသည်။ အသင်းထဲဝင်လာပြီးနောက် အိမ်မက်ထဲမှာတော့ ပရော်ဖက်ရှင်နယ် Mid Lanerများကို Solo killခဲ့သည်ဟုလည်း မက်ခဲ့သေးသည်။ ဖူကောကိုတွေ့သည့်နေ့ကတော့ ကားတစ်စီးရသည်ဟု အိမ်မက်မက်လေသည်။
ယနေ့ညမှာတော့ သူနှင့်လုပေါ်ယွမ်က ၂၄နာရီစတိုးဘေးနားက မှောင်မည်းနေသည့်လမ်းကျဥ်းလေးတွင် ရှိနေသည့်အကြောင်း အိမ်မက်မက်ခဲ့သည်။
လမ်းသွားလမ်းလာတွေလည်းမရှိ ၊ ကားဟွန်းတီးသံလည်းမရှိ ၊ တင်းကောလည်းမရှိ။
အိပ်ရာနိုးလာပြီးနောက် ကျန်းရုန်၏ပထမဆုံးအသိမှာ အပြင်ဘက်တွင် တဆာဆာအော်နေသည့်ငှက်ကိုဖမ်းကာ စွပ်ပြုတ်လုပ်သောက်ပစ်ရန်ပင်။
(T/N : ငှက်အော်သံကြောင့် အိမ်မက်ကနေ လန့်နိုးလာရတဲ့အတွက်ပါ။)
သူ မျက်လုံးတွေကိုပွတ်သပ်လိုက်ရင်း ဘေးနားမှဖက်ခေါင်းအုံးကိုယူလိုက်ကာ မျက်နှာကိုဖုံးထားလိုက်မိသည်။
.....သူဘာလို့အိပ်ရာထဖို့လိုတာလဲ။
အဝတ်အစားလဲလိုက်ပြီး အောက်ထပ်ကိုဆင်းလာတော့ Baseထဲတွင် နိုးနိုးကြားကြားဖြစ်နေသည်မှာ သူနှင့်အန်တီကြီးသာ ရှိသေးသည်။
ငါးမိနစ်ကြာသွားသည့်အခါ ကျန်းရုန်က မနက်စာကိုကိုင်ထားရင်း ကွန်ပျူတာရှေ့တွင် ထိုင်ချလိုက်သည်။ မော်နီတာကိုကြည့်နေရင်း ပေါင်မုန့်ကိုဝါးလျက် သူ့အတွေးတွေကို အရိုင်းဆန်ခိုင်းထားလိုက်၏။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~