(Unicode)အားလုံးကိုအရမ်းတွေသတိရနေတာ စကားပြောကြရအောင်လေ (ပွေ့ဖက်နေသောအီမိုဂျီ)
သူတို့မီးပွိုင့်မိသွား၍ ကားရပ်သည့်အချိန် လုပေါ်ယွမ်က တစ်ချက်လှမ်းကြည့်လာသည်။
"ဘာလို့ပြန်မကောက်တာလဲ"
"အဲ့မှာခပ်ကြာကြာနေပါစေဦး"
ကျန်းရုန် သူ့လက်နှစ်ဖက်လုံးကို အိတ်ကပ်ထဲထည့်လိုက်ပြီး သူ့မျက်နှာထားက အလွန်အမင်းကို အေးစက်နေလေသည်။
ဘာကြီး Crossdress ဟုတ်လား? ဒီတိုင်း ဝတ်လစ်စလစ်သာ ကခိုင်းလိုက်ပါတော့လား?
ပြီးတော့ ယောကျာ်းကြီးတစ်ယောက်က မိန်းကလေးအဝတ်အစားဝတ်တာ ဘယ်နေရာက ကြည့်ကောင်းလို့လဲ? ဒီလိုဟာကို Benefitလို့တောင် သတ်မှတ်လို့ရရဲ့လား?
လုပေါ်ယွမ်၏အိမ်ကို ပြန်ရောက်သည်နှင့် ကျန်းရုန် သူ့အခန်းကိုသွားလိုက်ပြီး ချက်ချင်း တင်းကောကိုဖုန်းဆက်ကာ အချက်အလက်တွေကို ပြန်ပြောင်းပေးလို့ရမလားဟု မေးလိုက်၏။
"လူတစ်သောင်းကျော်လောက်တောင် Voteပေးပြီးသွားပြီလေကွာ ဘယ်လိုလုပ်ပြန်ပြောင်းလို့ရတော့မှာလဲ"
တင်းကော၏လေသံက အရမ်းကို အူမြူးနေသည်။ "ငါမင်းWeiboအကောင့်ကို သွားကြည့်လိုက်တာ Activeဖြစ်နေတဲ့အကောင့်တွေချည်းပဲ မင်းမှာပရိတ်သတ် ငါးသောင်းနီးပါးလောက်တိုးသွားပြီသိလား....အချို့လူတွေဆို ဘယ်လောက်ဖော်လံဖားလေးလုပ်လုပ် ဒီလိုအောင်မြင်မှုမျိုးမရနိုင်ဘူး""ဒါကိုအောင်မြင်တယ်လို့ခေါ်မလားဗျ!" ကျန်းရုန်အံကြိတ်လိုက်ရင်း "ဘယ်လိုလုပ်ဒီလိုဟာတွေကိုထည့်ထားတာလဲ ဘာတဲ့....ကပြရမယ်? ချွဲပြရမယ်? မိန်းကလေးလိုဝတ်ရမယ်??"
တင်းကောက အရေးမစိုက်ဟန် ပုခုံးတွန့်လျက် ဆိုလာသည်။ "ငါမင်းကိုဟိုးအရင်ကတည်းက ဒီအစီအစဥ်အကြောင်း ပြောပြီးသားလေ။ ငါတို့ကို ကြိုက်တာလုပ်ဆိုပြီး ပြောခဲ့တာလည်း မင်းပဲမဟုတ်ဘူးလား။ နောက်ပိုင်း အတည်ပြုဖို့ဆိုပြီး မင်းဆီစာပို့သေးတယ် မင်းကစာဖြင့်မပြန်ပဲ"
ESTÁS LEYENDO
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~