(Unicode)
အပိုင်း(၉၇) : အဆဲသန်သူများ၏အချစ်ကိုဖော်ပြပုံ
ကျန်းရုန်မှာ ရှက်လွန်းလို့ မျက်နှာတွေပါ နီရဲလာသည်အထိ။ တက်ဘလက်မျက်နှာပြင်ကို လက်နှင့်လှမ်းကာလိုက်ရန်ကြံပေမယ့် လမ်းတစ်ဝက်မှာပဲ လုပေါ်ယွမ်က သူ့လက်ကိုဖမ်းဆုပ်လိုက်ပြီး သူ့လက်မောင်းအောက်မှာ သပ်လျှိုသွင်းထားလိုက်သည်။
လုပေါ်ယွမ်က ပြောလာသည်။
“မလှုပ်နဲ့ ကိုယ်လည်းကြည့်ကြည့်ရအောင်”
MFGနှင့်UUGကြားမှ တတိယမြောက်ပွဲစဥ်ကလည်း စတင်ချေပြီ။ အခြားသူတွေက အသင်းနေရာချပုံတွေ ၊ အနိုင်အရှုံးတွေကို တက်တက်ကြွကြွ ဆွေးနွေးနေကြသည်ကြောင့် သူတို့နှစ်ဦးကြားရှိ စကားဝိုင်းအား ကြားလိုက်သူမရှိ။ သူတို့နှစ်ယောက်က နီးနီးကပ်ကပ် ထိုင်နေကြသည်ဆိုပေမယ့် အသေးစိတ်သာကြည့်မနေလျှင် ကျန်းရုန်၏လက်က လုပေါ်ယွမ်၏တံတောင်ဆစ်အောက်တွင် အဖိခံထားရသည်ကို မည်သူမှ သိနိုင်လိမ့်မည်မဟုတ်ပေ။
ကျန်းရုန် သူ့လက်ကို ဆွဲထုတ်ကြည့်ပေမယ့် ကျရှုံးသွား၏။ ရလဒ်ကတော့ အတတ်နိုင်ဆုံး တည်ငြိမ်ချင်ယောင်ဆောင်ပြီးသာ ရှင်းပြနေရသည်။
“…..အဲ့အောက်ကကွန့်မန့်တွေထဲမှာ ကျွန်တော့်ကို လာမန်းရှင်းထားကြလို့”
မိုးမေလင်း
ပုံထဲမှာဖော်ပြထားသည့် နေရာအနေအထားကြီးက ရှင်းရှင်းလင်းလင်းကို မဖြစ်နိုင်ဘူးဟု သူတွေးလိုက်မိပြီး မနေ့ညက တက်ဘလက်ကို ပိတ်လိုက်ခြင်းဖြစ်သည်။ အခုထပ်ကြည့်မိပြန်တော့ ညကထက်တောင် ပိုယုတ္တိမရှိသလိုပဲ။
လုပေါ်ယွမ် ပုံကိုကြည့်ပြီးသည့်နောက် ပိုစ့်ပိုင်ရှင်ဖော်ပြထားသည့် Super Topicကို ဝင်ကြည့်လိုက်သည်။
Super Topicထဲမှ ထိပ်ဆုံးပိုစ့်က နောက်ထပ်ပန်းချီပုံဖြစ်ပြီး အခြားတစ်ခုလောက်တော့ သဲသဲကွဲကွဲ ထင်းထင်းလင်းလင်း မဟုတ်ပေ။ Super Topicကို Followထားသည့် သင်္ကေတဖြစ်သော ညာဘက်ထိပ်နားမှ အဝါရောင်ကြယ်လေးကို လုပေါ်ယွမ် ကြည့်လိုက်ပြီးနောက် သဘောတကျ ထုတ်ပြောဖြစ်သွားသည်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~