အတွေ့အကြုံရမှတ်....
အဲ့တာဘာကြီးတုန်းးး
ဒီချင်ကျင်း ရဲ့ရိုးရှင်းတဲ့စကားလုံးလေးတွေဟာ ချန်ချင်းချင်းရဲ့ စိတ်ကိုလုံး၀လွှမ်းမိုးသွားပြီး၊ သူမရဲ့အကြောက်တရားတွေတောင် အနည်းငယ်ပြောလျော့သွားခဲ့သည်။ ချင်ကျင်းနဲ့ တဂျီတို့ရဲ့ တည်ငြိမ်နေမှုဟာ သူမရဲ့စိတ်ကို သိချင်စိတ်ကြောင့် ရိုးတိုးရွတဖြစ်နေစေခဲ့သည်။
"အိုး၊ အလှလေး၊ အကိုကြီးမင်းကို ဒီည အံ့ဘွယ်အရသာကို မြည်းကြည့်ခိုင်းပါမယ်လေ"
ရှဟို့အန်း တဂျီအနားကိုကပ်လာပြီးနောက် ပြောလိုက်တဲ့စကားကြောင့် ချန်ချင်းချင်း ရှက်သွေးဖြာသွားပါတော့သည်။ ချင်ကျင်း ကတော့ ပြောစရာစကားမဲ့သွားပြီး ၊ *သူ့စိတ်ထဲကနေ၊ ဒီလူတော့ သေချင်နေတာဘဲ၊ ဟုတွေးနေပါတော့တယ်။*
ချင်ကျင်း တဂျီရဲ့ ရေခဲကဲ့သို့ အေးစက်စွာ လှပသော မျက်နှာလေးကိုကြည့်လိုက်ပြီးနောက်
"ဒီကောင့်ကို နာနာလေးရိုက်ပေးလိုက်၊ ဒါပေမယ့် ငါကိုယ်တိုင်သူ့ကိုသတ်မယ်"
"ဟုတ်ကဲ့ပါ"
တဂျီ လှုပ်ရှားလိုက်ပြီးနောက်မှာတော့ သူမရဲ့ လျင်မြန်လှတဲ့ အရှိန်ကြောင့် လူအားလုံး အံ့ဩသွားကြပါတော့သည်။ ချင်ကျင်းရဲ့မျက်လုံးထဲတွင်၊ ချန်ချင်းချင်းနဲ့ ရှဟို့အန်းက သူမရဲ့ လှုပ်ရှားမှုကို မြင်နိုင်မှာမဟုတ်ဘူးလို့ တောင်ထင်နေသည်။ ချန်ဟောက် ကတော့ အသေကောင် လိုလဲနေလို့ သူထည့်မတွက်တော့ပါဘူးလေ။
ဘန်းးးးး
ရှဟို့အန်း သဲအိတ်တစ်အိတ်ပမာ ၁၀မီတာအဝေးသို့ လွင့်ပျံသွားပြီး၊ သူကြောင့် သစ်ပင်ကြီး တောင်ကျိုးသွားတော့သည်။ ချင်ကျင်းရဲ့ နှုတ်ခမ်းတွေတွန့်ကွေးသွားပြီး ၊ ချန်ချင်းချင်းရဲ့ပါးစပ်ကလည်း အိုပုံသဏ္ဍာန်ဟောင်းလောင်းလေးဖြစ်သွားတော့သည်။
ချန်ဟောက် ကျယ်လောင်သောအသံတွေကိုကြားနေရပေမဲ့၊ သူ့မျက်လုံးတွေဖွင့်ပြီး ရှဟို့အန်းကို ကြည့်ဖို့သတ္တိမရှိပေ။ တဂျီး သစ်တောထဲကို အမြန်ပျံသွားလိုက်ပြီးနောက်မှာတော့ ကမ္ဘာတုန် မတက်အသံကြီးတွေ ထွက်ပေါ်လာခဲ့လေပြီ။ ရှဟို့အန်းနဲ့ တဂျီတို့ တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားနေတယ် ဆိုတာ ထင်ရှားလှသည်။
YOU ARE READING
ဂန္တဝင်စနစ်
Adventureဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...